Subscribe For Free Updates!

We'll not spam mate! We promise.

Friday, September 6, 2013

ဗြိတိန်က ကားအစီး ၁၀၀ ကျော် ယာဉ်တိုက်မှု


ဗြိတိန်နိုင်ငံ တောင်ပိုင်းမှာ စက်တင်ဘာလ ၅ ရက်နေ့ မနက်ပိုင်း ၇ နာရီကျော်လောက်က ကားအစီး ၁၀၀ ကျော် ဆင့်ကဲ့ ယဉ်တိုက်မှု ဖြစ်ခဲ့ပါတယ်။

အဲဒီ ယာဉ်တိုက်မှု ဖြစ်ခဲ့တာကလည်း တံတားတစင်းပေါ်မှာပါ။ ယာဉ်တိုက်မှုဟာ ၁၀ မိနစ်တောင် ကြာခဲ့ပါတယ်။ ယာဉ်တိုက်မှု ဖြစ်ချိန်က မြူနှင်းတွေ ထူထပ်နေတာ ကြောင့် အခုလို ဖြစ်ခဲ့ရတာလို့ မေးလ် အွန်လိုင်း သတင်းတပုဒ်က ဆိုပါတယ်။

ယာဉ်တိုက်မှုကြောင့် လူအသေအပျောက် မရှိခဲ့ပေမယ့် ထိခိုက် ဒဏ်ရာသူတွေကတော့ ၂၀၀ ကျော်ရှိ ပါတယ်။ အဲဒီ အထဲက ၆ ယောက်က စိုးရိမ်ရဖွယ် ရှိတယ်လို့ ဆိုပါတယ်။ ယာဉ်တိုက်မှုကြောင့် အဲဒီ တံတားကို မိနစ် အနည်းငယ် ကြာ ပိတ်ထားလိုက်ရပါတယ်တဲ့။


မြန်မာနိုင်ငံမှာတော့ ဒီလောက် ဆိုးတဲ့ ယာဉ်တိုက်မှုမျိုး မရှိတာကိုပဲ ကံကောင်းနေပြီလို့ ပြောရမှာပါ။ မြူနှင်းလည်း ထူထူထဲထဲ မကျတဲ့ ရာသီဥတုက မြန်မာပြည်အတွက် ကံကောင်းတယ် ဆိုရမလားပါပဲ။

credit;The Irrawaddy's Blog

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment