Subscribe For Free Updates!

We'll not spam mate! We promise.

Thursday, August 15, 2013

ရန်ကုန်၊မန္တလေးနှင့်နေပြည်တော်မြို့ကြီးများတွင်မြန်နှုန်းမြင့်30Gbpsအထိ လွှင့်ပေးနိုင်သည် အင်တာနက်စနစ်တပ်ဆင်သွားမည်ဟုဆို

 From;Software မြို့တော်
၂၀၁၃ ဆီးဂိမ်း၏ မြင်ကွင်းများ၊သတင်း ပေးပို့ချက် များကို ထုတ်ပေးနိုင်ရန်အတွက် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတွင် ဆက်သွယ်ရေး အခြေခံအဆောက်အအုံအဖြစ် မြန်နှုန်းမြင့်၊ လုပ်ဆောင်နိုင်စွမ်းမြင့်သည့် ကွန်ရက်ဖြစ်သော 30Gbps အထိ ထုတ်လွှင့်ပေးနိုင်သည့်စနစ်ကို တပ်ဆင်ပေးလျက်ရှိကြောင်း နေပြည်တော် တွင် သြဂုတ်လ ၇ ရက်နေ့က ကျင်းပခဲ့သည့် NEC၏ သတင်းစာရှင်းလင်းပွဲတွင် NEC ကော်ပိုရေးရှင်းမှ လက်ထောက်ဖြစ်သူ မစ္စတာတာ ကာယူကီမိုရီတာက ပြောသည်။
အဆိုပါ စီမံကိန်းအား ၂၀၁၃ ခုနှစ် ၅ လပိုင်း ၁၄ ရက်နေ့က MPT, NTT, SUMI TOMO တို့ ပူးပေါင်းကာ ဖွံ့ဖြိုးဆဲနိုင်ငံများကို ကူညီပေးရန် ထောက်ပံ့ရေးစာချုပ်ကို ပြုလုပ်ပြီး ၆ လပိုင်းတွင် ပစ္စည်းများကို မြန်မာနိုင်ငံအတွင်း တင်သွင်းခဲ့ကြောင်း၊ စက်ပစ္စည်း တပ်ဆင်ခြင်းကို အောက်တိုဘာလတွင် ပြီးစီးအောင် ဆောင်ရွက်လျက်ရှိပြီး နိုဝင်ဘာလတွင် လုပ်ငန်းများကို MPT သို့ လွှဲပြောင်းပေးခြင်းနှင့် စမ်းသပ်ခြင်းတို့ ဆောင်ရွက်မည်ဖြစ်ကြောင်း NEC \ General Project Managerက ထည့်သွင်းပြောကြားခဲ့သည်။
၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင်ကျင်းပမည့် SEA Games ပွဲတော်မကျင်းပမီ လုပ်ငန်းများ လက်တွေ့ဆောင်ရွက်နိုင်ရန် စီမံထားကြောင်း၊ မြို့ကြီးသုံးမြို့ကို 30Gbps ရှိသည့် High Speed Optical Communication System ဖြင့် ချိတ်ဆက်ပေးပြီး ဆီးဂိမ်း၏ အရေးကြီးသော အဓိကပွဲတော်နေရာများ၊ အရေးကြီးသော တည်းခိုဆောင်နေရာများ၊ အစိုးရအဖွဲ့အစည်းနေရာများ၊ အားကစားပွဲတော်နေရာများတွင် Hi-Speed Access Equipment များ တပ်ဆင်ထားကာ ယင်းမှတစ်ဆင့် Wi-Fi ကိုကြားခံထားပြီး မြန်နှုန်းမြင့် အင်တာနက်အား သုံးစွဲသူတို့ သုံးစွဲနိုင်မည်ဖြစ်ကြောင်း ထပ်မံရှင်းလင်းပြောကြားခဲ့သည်။
ထို့ပြင် ယင်းတို့ထောက်ပံ့ပေးထားသော System ပမာဏ 30Gbps အဖြစ်ပေးသော်လည်း စက်ပစ္စည်းများ အလွယ်တကူတိုးချဲ့ တပ်ဆင်ခြင်းအားဖြင့် 100Gbps အထိ သုံးနိုင်အောင် ပြုလုပ်ထားပြီး ပမာဏကို လိုအပ်သည်ထက် ပိုကာတပ်ဆင်ထားသည့်အတွက် နောင်တွင် အိမ်ဖုန်း၊ ရုံးဖုန်း၊ လက်ကိုင်ဖုန်းများဖြင့် အင်တာနက်လိုင်းများ တိုးချဲ့သုံးနိုင်မည်ဖြစ်ကြောင်း သိရသည်။

Ref & Credit: Intenet Journal

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment