
ဆီးရီးယား နိုင်ငံတွင် လွန်ခဲ့သော လအတွင်းက ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှု တစ်ခုတွင် ဓာတု ဓာတ်ငွေ့ကို အသုံးပြုရန် သမ္မတ ဘာရှာ အယ်လ်အာဆတ်က အမိန့် ပေးခဲ့ပြီး ယင်းကဲ့သို့ စေခိုင်းမှုသည် သမ္မတ အာဆတ်၏ မှားယွင်းသော လုပ်ရပ်ဖြစ်ကြောင်း ဟစ်ဇ်ဘိုလာ တပ်ဖွဲ့မှ အရာရှိ တစ်ဦးက ပြောကြား ခဲ့သည်ဟု စက်တင်ဘာ ၅ ရက်တွင် ဂျာမနီ လျှို့ဝှက်စုံစမ်း ထောက်လှမ်းရေး အေဂျင်စီ က ပြောကြားသည်။
ဂျာမနီ လျှို့ဝှက်စုံစမ်း ထောက်လှမ်းရေး အဖွဲ့ (BND) သည် ရှီယိုက် စစ်သွေးကြွ အုပ်စုမှ အဆင့်မြင့် အရာရှိ တစ်ဦးဟု ယူဆရသည့် ပုဂ်္ဂိုလ် တစ်ဦးနှင့် ဒမတ်စကပ် မြို့ရှိ အီရန် သံရုံးတို့ကြား အပြန်အလှန် ဖုန်းဆက်ပြောဆို နေမှုကို ကြားဖြတ်နားထောင် ခဲ့ရာမှ ဆီးရီးယား အစိုးရက ဓာတုဓာတ်ငွေ့ အသုံးပြု တိုက်ခိုက်ရန် စေခိုင်း ခဲ့ကြောင်းကို သိရှိခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
ဟစ်ဇ်ဘိုလာ အရာရှိနှင့် အီရန် သံရုံးတို့ အပြန်အလှန် ဖုန်းပြောဆို မှုတွင် အဆိုပါ တိုက်ခိုက်မှု၌ အာဆတ်က ဓာတုဓာတ်ငွေ့ သုံးရန် စေခိုင်း ခဲ့ပြီးနောက် ယခုအခါ ၎င်းသည် ကြောက်ရွံ့ တုန်လှုပ်လျက် ရှိကြောင်း ဟစ်ဇ်ဘိုလာ အရာရှိက ပြောကြားခဲ့သည်။ အီရန်နှင့် ဟစ်ဇ်ဘိုလာ တို့သည် ဆီးရီးယား ပြည်တွင်းစစ်တွင် အာဆတ်ကို ထောက်ခံသူများ ဖြစ်ကြ သည်ဟု သိရသည်။
လွန်ခဲ့သော လက ဒမတ်စကပ် မြို့အနီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင်လည်း ဆီးရီးယား အစိုးရ၏ ဓာ တုဓာတ်ငွေ့ အသုံးပြုမှုကြောင့် ကလေးငယ်ပေါင်း များစွာ အပါအ၀င် လူပေါင်း ၁၄၀၀ ဦးခန့် သေ ဆုံးခဲ့ရ သည်ဟု အမေရိကန် အစိုးရ၏ ပြောကြားချက် အရ သိရသည်။
မြ၀တီ
Socializer Widget By Blogger Yard
Related Posts:
global news
0 comments:
Post a Comment