Subscribe For Free Updates!

We'll not spam mate! We promise.

Friday, September 6, 2013

ဆီးရီးယားကို စစ်မတိုက်ရန် ပူတင်က အမေရိကန်ကို တားမြစ်


ရုရှားသမ္မ ဗလက်တီမာ ပူတင်ဟာ အမေရိကန်ကို သတိပေးလိုက်ပါပြီ။ ကုလသမဂ္ဂရဲ့  ခွင့်ပြုချက် မရပဲ ဆီးရီးယား ကို စစ်မတိုက်ရန် တားမြစ်လိုက်ကြောင်း သိရပါတယ်။

လက်ရှိအခြေအနေမှာ ကုလသမဂ္ဂဟာ လည်း အမေရိကန်ကို မတားမြစ်တော့ပဲ လွတ်ထားတဲ့အနေအထား ဖြစ်ပါတယ်။ ယင်းအနေ အထား မှာ ရုရှား သမ္မတ ပူတင်ဟာ ဆီးရီးယားအား စစ်တိုက်ရန် အမေရိကန် တို့ ဆုံးဖြတ်ခြင်းကို တားမြစ်လိုက်ခြင်း ဖြစ်ပါတယ်။ ဆီးရီးယား အစိုးရဘက်မှ ရုရှားတို့ ထောက်ခံနေခြင်းပါ။ သို့ပေမယ့် ပူတင်ဟာ ယင်းတားမြစ်ချက်က ဆီးရီးယားဘက်မှ နေ၍ ဆုံးဖြတ်ခြင်း မဟုတ်ကြောင်း၊ ယင်းစစ်ပွဲကြောင့် ဆက်စပ်နိုင်ငံများကိုပါ ထိခိုက်စေကြောင်း အစရှိသဖြင့် အကြောင်းပြချက် ပေးပါတယ်။

ဒီတော့ ရုရှားနဲ့ အမေရိကန်တို့ ဆက်ဆံရေး တင်းမာမှုကိုပါ ဖြစ်လာစေတော့ မယ့် အနေအထားတစ်ခုကို ရောက်ရှိ သွားပါတယ်။ ရုရှားက မဝန်ခံပေမယ့် အားလုံး သိနေတဲ့ ကိစ္စတစ်ခုက စစ်ရေးထောက်ပံ့မှုပါ။ ဆီးရီးယား အစိုးရ ယမန်နှစ်ကပဲ ဒုံးကျည်လက်နက်သစ်များ ထောက်ပံ့ ရောင်းချ ထားခြင်း ဖြစ် ပါတယ်။ ဒါ့အပြင် စစ်ရေးအရ ကူညီမှုများလည်း ပေးအပ် ထားပါတယ်။ လက်ရှိ ဆီးရီးယား သမ္မတ အာဆက်ကို ရုရှားတို့ အပြည့်အဝ ထောက်ခံပေ မယ့် ကုလ သမဂ္ဂမှာတော့ ကြားနေအဖြစ်သာ ကြေညာထားပါတယ်။

ဒါကြောင့် အမေရိကန် သမ္မတအိုဘားမားဟာ ရုရှားသမ္မတ ပူတင်နဲ့ ကုလ ရဲ့  ခွင့်ပြုချက်မရပဲ စစ်တိုက်တော့ မယ်ဆိုရင် ဘာဖြစ်လာမလဲဆိုတာက စဉ်းစားစရာပါ။ သေချာတာ ကတော့ လက်ရှိ ရုရှားနဲ့ အမေရိကန် ဆက်ဆံရေးက တင်းမာနေပါပြီ။ လက်ရှိ ရုရှားမှာ ခိုလုံနေတဲ့ အမေရိကန် ဝရမ်းပြေး စီအိုင်အေ စနိုးဒန်းကိုလည်း လွဲပြောင်းပေးဖို့ကို ငြင်းဆိုထား ပါတယ်။ ဒါကြောင့် ဆီးရီးယားကို တိုက်ခိုက် မယ်ဆိုရင် ထင်သလို မဟုတ်ပဲ အမေရိကန်ပါ အထိနာနိုင်ချေ ရှိကြောင်း ခန့်မှန်းတွက်ချက် ထားကြ ပါတယ်။

ရိုးရာလေး

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment