Subscribe For Free Updates!

We'll not spam mate! We promise.

Monday, September 16, 2013

နိုင်ငံသားစိစစ်ရေးကဒ်ပြားကို Smart Card နှင့် အစားထိုးမည်


မြန်မာနိုင်ငံမှာ လက်ရှိကိုင်ဆောင်နေတဲ့ နိုင်ငံသားစိစစ်ရေးကဒ်ပြား (မှတ်ပုံတင်တွေကဒ်)တွေနေရာမှာ Smart Card တွေနဲ့ အစားထိုးပြောင်းလဲပေးဖို့ အစိုးရမှာ အစီစဉ်ရှိတယ်လို့ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားလိုက်ပါတယ်။ ရန်ကုန်မြို့ တိုင်းဒေသကြီး လွှတ်တော်အဆောက်ဦးထဲမှာ မနေ့ကပြုလုပ်တဲ့ ပြည်လုံးကျွတ် သန်းခေါင် စာရင်းကောက်ယူရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲအပြီးမှာ ဝန်ကြီး ဦးခင်ရီကို RFA က မေးမြန်းရာမှာ အခု လိုပြောခဲ့တာပါ။

“ဒါတွေက ငွေကြေးရင်းနှီးပြီးတော့ နိုင်ငံတကာ ပညာရှင်တွေက လုပ်ရတာဖြစ်တယ်၊ ကျနော်တို့ဆီကို တင်ပြတဲ့ ဟာတွေ တစ်ယောက်ချင်းဆီကို ခေါ်နားထောင်တယ်၊ သူကဘယ်အဆင့်လုပ်၊ သူကဘယ်လို လုပ်တယ်၊ အဲဒီအပေါ်မူတည်ပြီးတော့ တကယ်လုပ်မယ်ဆိုရင်တော့ တင်ဒါစနစ်နဲ့ ခေါ်ရွေးရမယ်၊ အနည်းဆုံးပေးနိုင်တဲ့သူနဲ့ အကောင်းဆုံးလုပ်ပေးနိုင်တဲ့သူကို ရွေးမှာပါ၊ ဒီစနစ်က မလုပ်လို့မရဘူးလေ”

နှစ်ပေါင်းများစွာ စက္ကူကတ်ပြားတွေနဲ့ အသုံးပြုလာခဲ့တဲ့ နိုင်ငံသား စိစစ်ရေးကတ်ပြားတွေနေရာမှာ smart card တွေနဲ့ ပြောင်းလဲအစား ထိုးသွားမှာဖြစ်ပေမဲ့ ထုတ်ပေးမယ့်အချိန်ကာလ အတိကျကိုတော့ မပြောနိုင်သေးဘူးလို့ ဝန်ကြီးကဆိုပါတယ်။

လက်ရှိအချိန်ထိ အစိုးရအနေနဲ့ မိုးပွင့်စီမံကိန်းဆိုပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားတွေကို ပြုလုပ်ပေးနေ တယ်လို့ သိရပါတယ်။

RFA Burmese

Tuesday, September 10, 2013

Apple ရဲ့  iPhone5s ကလူစိတ်ဝင်စားမူအများဆုံးဖြစ်


GsmArena.com ရဲ့ ဖော်ပြထားတဲ့ စစ်တမ်းများအရ ယမန်နေ့မှမိတ်ဆက်
လိုက်တဲ့ iPhone 5s ဟာ စက်တင်ဘာ-၄ မှာမိတ်ဆက်ခဲ့တဲ့ Samsung Galaxy Note 3 ကိုကျော်လွန်ကာ လူစိတ်ဝင်စားမူအများဆုံး အဖြစ် ထိပ်ဆုံးမှာရပ်တည်လျက်ရှိနေပါတယ်။

GsmArena ဟာနိုင်ငံတကာအနံ့ထွက်ပေါ်ခဲ့သမျှဖုန်းတွေရဲ့  Features တွေ၊
နောက်ဆုံးရသတင်းအချက်အလက်များကိုဖော်ပြနေတဲ့ ဝက်ဆိုဒ်တစ်ခု
ဖြစ်ပြီး ယခုဖော်ပြထားတဲ့ စစ်တမ်းတွေက နေ့စဉ်ဝင်ရောက်ကြည့်ရှုသူတွေ
ရဲ့  စစ်တမ်းကိုကောက်ယူထားခြင်းဖြစ်တယ်။

၂၄ နာရီတောင်မပြည့်သေးတဲ့ iPhone 5s ကထိပ်ဆုံးမှာရပ်တည်နေပြီး
အဆင်လိုက်ရပ်တည်နေတဲ့ စာရင်းများကိုဖော်ပြပေးလိုက်ပါတယ်။

1. Apple iPhone 5s 230,442
2. Samsung Galaxy Note 3 154,244
3. Apple iPhone 5c 121,011
4. Sony Xperia Z1 66,268
5. Samsung I9500 Galaxy S4 66,083
6. Samsung Galaxy S Duos S7562 53,491
7. Samsung Galaxy Core I8260 48,178
8. Nokia Lumia 520 47,054

မှတ်ချက်။ ။အချိန်အပြောင်းအလည်းအရ ကိန်းဂဏာန်းများထပ်တိုးနေပါ
သည်။စိတ်ဝင်စားသူများ အဆိုပါဝက်ဆိုဒ်သို့ အချိန်ပြည့်ဝင်
ရောက်ကြည့်ရှုနိုင်သည်။

Ref:GsmArena.com
credit to>>>TSJ

သဘောထားတင်းမာသည့် မွတ်ဆလင်များ ကန့်ကွက်သော်လည်း အင်ဒိုနီးရှား မယ်ကမ္ဘာပြိုင်ပွဲ စတင်


အစ္စလာမ်ဘာသာဝင် အများစု နေထိုင်လျက်ရှိသော အင်ဒိုနီးရှားနိုင်ငံတွင် သဘောထား တင်းမာသည့် မူဆလင်များက အပြင်းအထန် ကန့်ကွက်လျက် ရှိသော်လည်း မယ်ကမ္ဘာပြိုင်ပွဲကို အောင်အောင်မြင်မြင် စတင်ဖွင့်လှစ်နိုင်ခဲ့သည်ဟု AFP သတင်းဌာနတွင် ဖော်ပြထားသည်။
(၆၃) ကြိမ်မြောက် မယ်ကမ္ဘာပြိုင်ပွဲကို စက်တင်ဘာလ ၈ ရက်နေ့က ဟိန္ဒူဘာသာဝင် အများစု နေထိုင်သော ဘာလီကျွန်းတွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် သဘောထားတင်းမာသည့် အစ္စလာမ်ဘာသာဝင် များက ပြိုင်ပွဲစတင် မကျင်းပမီ ရက်ပိုင်းအလိုအထိ အပြင်းအထန် ကန့်ကွက်ဆန္ဒပြနေ၍ အင်ဒိုနီးရှား အာဏာပိုင်များက မယ်ကမ္ဘာပြိုင်ပွဲ ကျင်းပနေသည့် ဘာလီကျွန်းကို လုံခြုံရေး အထူးတင်းကျပ်စွာ ချထားခဲ့ရသည်။
မယ်ကမ္ဘာပြိုင်ပွဲကို ရုပ်မြင်သံကြားမှ တာဝန်ယူထုတ်လွှင့်ပေးသော အင်ဒိုနီးရှား မီဒီယာကုမ္ပဏီ တစ်ခုဖြစ်သည့် MNC မီဒီယာမှ တာဝန်ရှိသူတစ်ဦးက မယ် ကမ္ဘာ ပြိုင်ပွဲက အင်ဒိုနီးရှားနိုင်ငံ၏ ပုံရိပ်ကို မြှင့်တင်ပေးနိုင်လိမ့်မည်ဟု ပွဲစီစဉ်သူများက မျှော်လင့်ထားကြကြောင်း ပြောကြားခဲ့ သော်လည်း ဆန္ဒပြပွဲများ အရှိန်အဟုန်နှင့် ဖြစ်ပွားခဲ့ခြင်းက အိမ်ရှင်နိုင်ငံအတွက် မျက်နှာပျက်စရာ ဖြစ်ခဲ့ရသည်။
ပြီးခဲ့သော ရက်သတ္တတစ်ပတ် အတွင်းက နိုင်ငံအနှံ့အပြားမှ သဘောထား တင်းမာသည့် အစ္စလာမ်ဘာသာဝင် အများအပြားသည် မယ်ကမ္ဘာပြိုင်ပွဲကို ညစ်ညမ်းသည့် ပြိုင်ပွဲအဖြစ် စွပ်စွဲရှုတ်ချ ဆန္ဒပြခဲ့ကြပြီး ပွဲစီစဉ်သူများ၏ ရုပ်ပုံများကိုလည်း မီးရှို့ ခဲ့ကြသည်။
မယ်ကမ္ဘာပြိုင်ပွဲကို ရှုတ်ချကန့်ကွက် သူများထဲတွင် အင်ဒိုနီးရှားနိုင်ငံ၏ သြဇာ အရှိဆုံး မွတ်ဆလင်ဘာသာရေးခေါင်းဆောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးပင် ပါဝင်ခဲ့သည်။
သဘောထား တင်းမာသည့် အစ္စလာမ်ဘာသာဝင်များနှင့် ထိပ်တိုက် မတွေ့စေရန် အတွက် မယ်ကမ္ဘာပြိုင်ပွဲ စီစဉ်သူများက ယခုနှစ်ပြိုင်ပွဲတွင် ရေကူးဝတ်စုံနှင့် ယှဉ်ပြိုင်ရသည့် ပွဲစဉ်ပါဝင်မည် မဟုတ်ကြောင်း လွန်ခဲ့သော တစ်လ ကတည်းက ကတိပြု ပြောကြားထားသော်လည်း ကန့်ကွက် ဆန္ဒပြမှုများကို ရှောင်လွှဲနိုင်ခဲ့ခြင်း မရှိပေ။
ထို့ကြောင့် အင်ဒိုနီးရှားအစိုးရသည် နောက်ဆုံးအဆင့် ပွဲစဉ်များကို မြို့တော် ဂျကာတာတွင် ကျင်းပလိုသော ပွဲစီစဉ်သူများ၏ ဆန္ဒကို ဆန့်ကျင်ပြီး ပွဲစဉ်အားလုံးကို ဘာလီကျွန်းတွင်သာ ကျင်းပရန် ဆုံးဖြတ်ခဲ့ရသည်။
ယခင်က ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ဖူးသော်လည်း ဘာလီကမန်းသည် ဘာသာရေး အစွန်းရောက်များ၏ လွှမ်းမိုးမှုမှ လွတ်ကင်းပြီး ဒေသခံ များမှာလည်း ရေကူးဝတ်စုံနှင့် နိုင်ငံခြားသားများကို မြင်ဖူး၊ တွေ့ဖူးနေကြဖြစ်သဖြင့် အင်ဒိုနီးရှား အစိုးရက ထိုနေရာကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ယမန်နှစ်ကလည်း ကမ္ဘာကျော် ပေါ့ပ်အဆိုတော် လေဒီဂါဂါတေးဂီတ ဖျော်ဖြေပွဲမှာ အင်ဒိုနီးရှားနိုင်ငံ သဘော ထားတင်းမာသည့် အစ္စလာမ်ဘာသာဝင် များ၏ကန့်ကွက်မှုများကြောင့် ဖျက်သိမ်း ခဲ့ရသည်။
သဘောထားတင်းမာသည့် အစ္စလာမ်ဘာသာဝင်များက အတွင်းခံသာ ဝတ်ပြီး ဖျော်ဖြေလေ့ရှိသည့် လေဒီဂါဂါကို မိစ္ဆာမဟု စွပ်စွဲရှုတ်ချခဲ့ကြပြီး ဖျော်ဖြေပွဲ ကျင်းပလျှင် ကျင်းပသည့်နေရာကို မီးရှို့ပစ် မည်ဟု ခြိမ်းခြောက်ခဲ့ကြသည်။
The Voice Weekly

ဒေလီက အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု စီရင်ချက်ချ

 
အိန္ဒိယနိုင်ငံ ဒေလီမြို့က ဘတ်စ်ကားပေါ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဆေးကျောင်းသူ တစ်ဦး ကို ဝိုင်းပြီး မုဒိမ်းကျင့် လူသတ်ခဲ့မှုနဲ့ တရားစွဲခံ ထားရတဲ့ အမျိုးသား ၄ ဦးကို အိန္ဒိယ တရားရုံး တစ်ခုက အပြစ်ရှိ ကြောင်း စီရင်ချက် ချလိုက် ပါတယ်။

အဲဒီ တရားခံ ၄ ယောက်ကို တရားရုံးကနေ ဘယ်လို အပြစ်ဒဏ် ချမှတ်မယ် ဆိုတာကတော့ မနက်ဖြန်မှာ သိရမယ်လို့ မျှော်လင့်ရပါတယ်။ သူတို့ဟာ သေဒဏ်အထိ ကျခံနိုင်ရဖို့ ရှိနေပါတယ်။

တရားခံတွေရဲ့ ရှေ့နေတွေကတော့ အယူခံတင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီ မုဒိမ်းမှု ဖြစ်ခဲ့တုန်းက အိန္ဒိယ နိုင်ငံတလွှား အကြမ်းဖက် ဆန္ဒပြမှုတွေ ရက်အတော်ကြာ ဖြစ်ပွားခဲ့ကာ၊ မုဒိမ်းမှုအတွက် ဥပဒေသစ်တွေ ပြဋ္ဌာန်းဖို့ ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။

၃ နှစ်အရွယ် ဆေးကျောင်းသူကို ဘတ်စ်ကားပေါ်မှာ စော်ကားခဲ့တာ ဖြစ်ပြီး၊ နောက်ပိုင်းမှာ အဲဒီ ကျောင်းသူဟာ မတရားပြုကျင့်ခံရတဲ့ ဒဏ်ရာတွေနဲ့ပဲ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

BBC

Nokia ကို ဝယ်တော့မည့် Microsoft


အမေရိကန် နည်းပညာ ကုမ္ပဏီကြီး Microsoft က ဖင်လန်အခြေစိုက် Nokia ကုမ္ပဏီဆီက မိုဘိုင်းဖုန်း လုပ်ငန်းတွေကို ၇ဒဿမ ၂ ဘီလျံ ဒေါ်လာနဲ့ ဝယ်ယူဖို့ သဘောတူလိုက်ပြီ ဖြစ်ပါတယ်။
Nokia ဟာ တချိန်က ကမ္ဘာ့ထိပ်တန်း မိုဘိုင်းလ်ဖုန်း ကုမ္ပဏီကြီး ဖြစ်ခဲ့ပေမယ့် Smartphone တွေ ပေါ်လာပြီးကတည်းက Nokia အစုရှယ်ယာ ဈေးတွေ ထိုးကျသွားခဲ့ပါတယ်။
အစုရှယ်ယာ ဝင်ထားသူတွေရဲ့ သဘောတူချက်ရဖို့ လိုနေသေးဆဲဖြစ်တဲ့ ဒီသဘောတူချက်ဟာ Apple နဲ့ Google ကုမ္ပဏီတို့ရဲ့ Android နည်းပညာတွေကြောင့် နောက်ကျ ကျန်နေခဲ့တဲ့ Microsoft ကုမ္ပဏီ အနေနဲ့ Smartphone ဈေးကွက်မှာ အမီပြန်လိုက်နိုင်ဖို့ ကြိုးပမ်းမှု တစ်ရပ်လို့ ယူဆရပါတယ်။
ဝယ်ယူလွှဲပြောင်းမှုဟာ ၂၀၁၄ နှစ်ဆန်းပိုင်းမှာ အပြီးသတ်ဖွယ်ရှိပြီး ၃ သောင်း ၂ ထောင် ရှိတဲ့ Nokia ရဲ့ ဝန်ထမ်းတွေကိုလည်း Microsoft က လွှဲပြောင်းရယူမှာ ဖြစ်ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

နန်းခင်ဇေယျာကို မင်းသမီးတင်ရိုက်ကူးတော့မယ့် ခန့်စည်သူ


ခန့်စည်သူက နန်းခင်ဇေယျာကို ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် တို့နဲ့ အောက်တိုဘာလ ၁ဝရက်နေ့ မှာ ဇာတ်ကားရိုက်ကူးဖို့ စီစဉ်ထား တယ်လို့ သိရပါတယ်။ လပ်ကီးဘော့စ် ထုတ်လုပ်ရေးက ဖြစ်ပြီး ယဉ်မင်းဦး (ဆေးတက္ကသိုလ်)ရဲ့ဝတ္ထုကို ဇာတ် ညွှန်း မင်းခိုက်စိုးစံက ရေးထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဒီဇာတ်လမ်း က နန်း ခင်ဇေယျာရဲ့ ပထမဆုံးဇာတ် ကားရိုက်ကူးမှုဖြစ်တာကြောင့် ရိုက် ကူးမှုနဲ့ ပတ်သက်ပြီး ခန့်စည်သူက “ကိုယ်ကဒီဇာတ်လမ်းကို ဖတ်ကတည်း ကအရမ်းသဘောကျတာ။ ယဉ်မင်းဦး (ဆေးတက္ကသိုလ်)ရဲ့ အက်တိုးပစ်အပျို စင်ဆိုတဲ့ ဝတ္ထုလေး။လွန်ခဲ့တဲ့ ၁ဝနှစ် လောက်ကတည်းကဖတ်ဖူးတာ။ ဇာတ် က မင်းသမီးဇာတ်ပဲ။ လက်ရှိမြန်မာ အမျိုးသမီးလေးတွေကို ကိုယ်စား ပြုမက်ဆေ့ခ်ျပေးတဲ့ ဇာတ်လေးပါ။ ရိုက်ချင်နေတာကြာပါပြီ။ မင်းသမီး က နာမည်ရှိပြီးသားများတယ်။ ဒီ ဇာတ်က ခုရိုက်လို့လည်း သူတို့အ တွက်က ဒီထက်ပိုမလာဘူးလေ။ ဒါ ကြောင့် နန်းခင်ဇေယျာနဲ့တွေ့ပြီး ရိုက်မလားဆိုတော့ သူ အများကြီး စဉ်းစားတယ်။ သူ့ကြောင့် ရိုက်ကွင်း အနှောင့်အ ယှက်ဖြစ်မှာလည်း ကြောက်တယ်။ အိုက်တင်၊ ဒိုင်ယာ လော့ခ်တို့ဆိုတာ သူနဲ့ အသားမကျ သေးဘူး။ လုပ်ချင်စိတ်တစ်ခုရှိရင် ဖြစ်ပါတယ်လို့ ပြောပြတော့ သူက လက်ခံ လိုက်တာ။သူကလည်း သိပ် ဖြစ်ချင်တာ။မျက်နှာသစ်နဲ့ပဲ ရိုက်ချင် တော့ လုပ်ဖြစ်သွားတာပါ” လို့ ပြော ပြပါတယ်။
မင်းသမီးဇာတ်ဖြစ်ပေမယ့် မက်ဆေ့ခ်ျကောင်းတစ်ခုပေးနိုင်တဲ့ ဇာတ်လေးလည်းဖြစ်တာကြောင့် ရိုက်ကူးဖြစ်တာဆိုတဲ့ ခန့်စည်သူက “အဓိကက လက်ရှိမြန်မာနိုင်ငံ မှာ ဖြစ်နေတဲ့ပုံစံလေးလေ။ လူတစ် ယောက်ဘယ်လိုအခြေအနေ ဘယ်လိုမျိုးပဲဖြစ်ဖြစ်ကိုယ်ပိုင်အရည် အသွေးကို အသိအမှတ်ပြုရမယ်။ သိက္ခာတရား၊ စာရိတ္တဆိုတာ ကိုပြော တာ။ ဒီလိုပေးချင်တဲ့မက်ဆေ့ခ်ျလေး ပါ။ မင်းသမီးဇာတ်ဖြစ်ပေမယ့် ကြည့် တဲ့ပြည်သူတွေကို မက်ဆေ့ခ်ျကောင်း ကောင်းပေးနိုင်တယ်။ နန်းခင်ဇေ ယျာက talent အလည်းရှိတယ်။ သူက လည်း ကြိုးစားမယ်ပြောတယ်။ နည်း နည်းတော့ ပြောပြသင်ပေးရမှာပေါ့။ စာအုပ်တွေလည်း သေသေချာချာ ဖတ်နေပါတယ်။ ပရိသတ် ရဲ့ အဆုံး အဖြတ်ကိုခံယူရမယ်။ ပရိသတ်ဆို တာ အမှန်ကန်ဆုံးတရားသူကြီးပဲ။ အချိန်တန်ရင် အနုပညာသမားဆို တာ ပရိသတ်ရဲ့ မှတ်ကျောက်တင်ခံ ရတာပဲ။ သူကြိုးစားမှု၊ ကံတရားပေါ် မှာလည်း မူတည်ပါတယ်” လို့ ပြောပြ ခဲ့ပါတယ်။ဇာတ်ကားမရိုက်ကူးခင် ဇာတ် လမ်းနဲ့ ပတ်သက်ပြီး ပါဝင်မယ့် သူတွေအားလုံး အတူတူေ ဆွးနွေး ဖြစ်သလို ဒီဇာတ်ကားမှာ နောက်ထပ် မင်းသမီး တစ်ယောက်ကိုလည်း ပဟေဠိဖွက်ထားပါသေးတယ်။
မေမွန်မောင်
Popular Journal
credit to : Bell Bagan

ဖိလစ်ပိုင် သူပုန်များက အရပ်သား ၃ဝ ဦးအား ဓားစာခံအဖြစ် ဖမ်းဆီး

မနီလာ စက်တင်ဘာ ၉
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း ဆိပ်ကမ်း မြို့ဖြစ်သည့် ဇမ်ဘွန်ဂါမြို့၌ စက်တင်ဘာ ၉ ရက်တွင် မိုရိုအစ္စလာမ်မစ် လွတ်မြောက်ရေး တပ်ဦး (MNLF) အဖွဲ့ဝင်များ နှင့်အစိုးရတပ်ဖွဲ့ ဝင်များအကြား
တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် သူပုန်များက အရပ်သား ၃ဝ ခန့်အား ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်းနှင့် ၎င်းတိုက်ပွဲတွင် ရေတပ် အထူးတပ်ဖွဲ့ ဝင်တစ်ဦးကျဆုံး သွားခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။
အဆိုပါ သူပုန်များအနေဖြင့် ဇမ်ဘွန် ဂါမြို့ရှိ မြို့တော်ခန်းမတွင် ၎င်းတို့အဖွဲ့၏ အလံကို လွှင့်ထူခွင့် ရရှိရန် တောင်းဆိုလျက်ရှိကြောင်း ဒုတိယ မြို့တော်ဝန် အစ်ယူရာဒီက ပြောကြား ခဲ့သည်ဟု သိရသည်။
အခြားသော သတင်းအရင်းအမြစ်များ အရ (MNLF) သူပုန် ၂ဝ ခန့်သည် ဘာရန်ဂေး ရွာအတွင်းသို့ ဝင်ရောက်၍ အရပ်သား ၁ဝ ဦးမှ ၁၅ ဦး အထိကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သိရသည်။
ဖိလစ်ပိုင်စစ်ဘက်၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး ရာမွန်ဇာဂလာ၏ ပြောကြားမှုအရ သူပုန် ၁ဝဝ ခန့်သည် အကြီးစား မော်တော်ဘုတ် တစ်စင်းနှင့် အသေးစား မော်တော်ဘုတ် ရှစ်စင်းဖြင့် ဇမ်ဘွန်ဂါမြို့ရှိ ရိုင်ယို ဟွန်ဒိုဆိပ်ကမ်းသို့ ဝင်ရောက်လာစဉ် ရေတပ် တပ်ဖွဲ့ဝင်များနှင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ref: မြဝတီ

ဟောင်းနွမ်း ငွေစက္ကူများကြောင့် သုံးစွဲသူများ အဆင်မပြေ


မုံရွာ စက်တင်ဘာ ၉

အထက်အညာဒေသ၏ ကုန်စည်စီးဆင်းရာ မြို့ဖြစ်သော မုံရွာမြို့၌ နေ့စဉ်မြန်မာ ငွေစက္ကူများဖြင့် ဈေးရောင်း၊ ဈေးဝယ်ပြုလုပ်ရာတွင် နေ့စဉ်နှင့်အမျှ
 ဟောင်းနွမ်း ငွေစက္ကူများ သုံးစွဲနေကြရသဖြင့်အဆင်မပြေမှုများ ဖြစ်ပေါ်နေကြောင်း ချင်းတွင်း ရတနာဈေးကြီး အတွင်းရှိ ဈေးသူ၊ ဈေးသားများထံက သိရသည်။ ''ဟောင်းနွမ်းစုတ်ပြဲပြီး တိပ်ကပ် ကော်ထူနေ တဲ့ ငွေစက္ကူတွေ ဆိုရင် ပြန်အမ်းတဲ့အခါမှာ ဘယ်ဈေးသည်ကမှ မယူချင်ပါဘူး'' ဟု ရာသီပေါ်သစ်သီးများ ရောင်းချသူတစ်ဦးက ပြောပြခဲ့သည်။ အများပြည်သူတို့၏ လက်ဝယ်တွင် နေ့စဉ်သုံးစွဲလျက် ရှိသော ငွေစက္ကူ တချို့မှာ ဟောင်းနွမ်းစုတ်ပြဲနေသည့် အတွက် ဈေးရောင်း၊ ဈေးဝယ်ပြုလုပ်ရာ၌ ရောင်းသူဝယ်သူတို့ အဖို့အပေးအယူ အဆင်မပြေမှုများ ကြုံတွေ့နေရသည်။ အရောင်းဆိုင် လုပ်ငန်းရှင် တချို့သည် ပုံမှန်ကုန်ပစ္စည်း ဝယ်ယူလျက်ရှိသည့် ဖောက်သည်များနှင့် ဆက်ဆံရေး မပျက်ယွင်း စေရန်အတွက် ဟောင်းနွမ်း ငွေစက္ကူတန်ဖိုး အနည်းငယ်မျှကို လက်ခံပေးနေရသည်ဟု လည်း ဈေးသည်များ က ပြောပြခဲ့သည်။ အဆိုပါ ဟောင်းနွမ်း ငွေစက္ကူများကို တန်ဖိုးတစ်ဝက် ဈေးနှုန်းပေး၍ ရပ်ကွက်များအတွင်း လှည့်လည်၍ အဝယ်လာသူများထံသို့ ပြန် လည် ရောင်း ချခြင်းဖြင့် ငွေရင်းမ ဆုံးအောင် ပြုလုပ်ကြရကြောင်း သိရသည်။

ငွေကြေး သုံးစွဲရာတွင် အများပြည်သူ စိတ်အေးချမ်းသာစွာ ကိုင်တွယ် အသုံးပြုနိုင်စေရန် အတွက် ဟောင်းနွမ်း ငွေစက္ကူများကို တန်းဖိုးညီပြန်လည် လဲလှယ်ပေးမည့် နေ့ရက်နှင့် ငွေလဲရာတွင် လိုက်နာရမည့် စည်းကမ်းချက်များကို သက်ဆိုင်ရာ စီးပွားရေး ဘဏ်များက အများပြည်သူတို့ သိရှိလဲလှယ်နိုင်ရေး အတွက် သတ်မှတ်ပေးရန် လိုအပ်လျက် ရှိကြောင်း သိရသည်။
ref: မြဝတီ

ဆွီဒင်မှ ကိုယ်ပျောက် ဟိုတယ်၏ အန်စာတုံး ကြေးမုံခန်း


ဒိန်းမတ်၊ ဆွီဒင်၊ နော်ဝေနိုင်ငံများ တည်ရှိသည့် စကင်ဒီနေဗီးယား ဒေသမှ ပုံစံများရေးဆွဲ၍ တည်ဆောက် ထားသည့် ဆွီဒင်ဟိုတယ်၏တစ်စိတ်တစ်ပိုင်းတွင် အန်စာတုံးပုံ ကြေးမုံ (Mirror cube) အခန်းများကို ဖွဲ့စည်း ထားရှိသဖြင့် တည်းခိုရသူများ အတွက် ထူးကဲမှုများ ရှိနေပေသည်။ ဆွီဒင်နိုင်ငံ၏ မြောက်ပိုင်း လူလီယာ (Lulea) မြို့၏ အပြင်ဘက် ၅ဝ ကီလိုမီတာ အကွာ ဟာရက်စ် (Harads) ၌ အဆိုပါ အဆောက် အအုံကို စတင်တည် ဆောက်ထားသည်။ အဆိုပါ နေရာတွင် သစ်ပင်ဟိုတယ်၊ ငှက်သိုက်အိမ်၊ ပန်းကန်ပြားပျံနှင့် ဆင်တူသည့် UFO အိမ်နှင့် သိပံ္ပရုပ်ရှင် ဇာတ်ကားများတွင် တွေ့မြင်ရလေ့ ရှိသော (The Cabin) အခန်းများကို ဖွဲ့စည်း ပေးထားသည်။ သစ်ပင် ဟိုတယ်တွင် တစ်ဦးချင်း တည်းခိုနိုင်သည့် သစ်ပင် အိမ်ခန်း ငါးဆောင် ဖွဲ့စည်း ပေးထားသည်။

အဆိုပါ အိမ်ခန်းများကို မြေပြင် အောက်ခြေမှ လေးမီတာနှင့် ခြောက်မီတာ အမြင့်တွင် တည်ဆောက်ထား ကာ ဆင်ခြေလျှောမှ တစ်ဆင့် အပေါ်သို့ အလွယ်တကူ တက်ရောက်နိုင်သည်။ တံတား သို့မဟုတ် ပြန်၍ ဆွဲသွင်းနိုင်သည့် လှေကားထစ်များမှလည်း တက်သွားနိုင်သည်။ ထို့ပြင် ငှက်သိုက်အိမ်ကို တည်းခိုရန် ရွေးချယ်နိုင်ပြီး ၎င်းသည် ဧရာမ ငှက်ကြီးတစ်ကောင်၏ အသိုက်နှင့် သဏ္ဌာန် တူနေပေသည်။ UIFO အိမ်သည် ထောက်လှမ်း မရနိုင်သည့် ပျံသန်းနေသော အရာဝတ္ထု ပန်းကန်ပြားပျံနှင့် တူနေပေရာ သိပံ္ပ ဇာတ်ကားများတွင် တွေ့မြင် ကြရသည့် အတိုင်းပင် ဖြစ်သည်။ ကေဘင် အခန်းမှာ နေရာ ကျယ်ဝန်းပြီး သစ်ပင်၏ ပင်စည်တွင် သပ်လျှို၍ ရိုက်သွင်း တည်ဆောက်ထားသည်။ အပေါ်လွင်ဆုံး အခန်းမှာ အန်စာတုံး ကြေးမုံဖြစ်သည်။ ၎င်းကို Tham & Videgard ဗိသုကာများ၏ ဒီဇိုင်း လက်ရာများဖြင့် သရုပ်ဖော် ပေးထားခြင်း ဖြစ်သည်။

ဤအခန်းသည် တကယ်ပင် ပုန်းအောင်းစရာ နေရာဖြစ်သည့် (၄ x ၄ x၄) မီတာ အတိုင်းအတာနှင့် ပြွန်လုံး ကုဗတုံးကို မှန်များဖြင့် တန်ဆာဆင် ထားသဖြင့် ပတ်ဝန်းကျင်ကို ရောင်ပြန် နေစေသည်။ လူတီထွင် အံ့သြဖွယ် ကောင်း၍ အောင်မြင်မှုများဖြင့် ရရှိနေသော်လည်း ပြဿနာများ ကိုလည်း တင်ဆက် ပေးနေ ပေသည်။ တချို့သော ထောင့်များသည် မမြင်နိုင်၊ မတွေ့နိုင်၍ ငှက်များ ပျံသန်း ဝင်ရောက် မလာနိုင်အောင် ဒီဇိုင်နာများက ဖန်တီးပေးထားခြင်း ဖြစ်သည်။ အခန်းနံရံများကို အနီအောက်ရောင်ခြည်ပါ ဖလင်ကော်ပြား များဖြင့် ကာရံထား၍ လူသားများကမူ မြင်တွေ့ နိုင်ပေသည်။ အခန်း၏ အပြင်ဘက်တွင်လည်း ထူးခြားမှု တစ်ရပ် ရှိနေသည်။ ခုတင်ကြီး တစ်ခု၊ ရေချိုးခန်း တစ်ဆောင်၊ သက်သောင့်သက်သာ နားနေရာ အခန်း၊ ခေါင်မိုးသို့ အတက် လှေကားထစ်နှင့် အိမ်ခန်း ခြောက်ခန်းမှ ရှုခင်းကို ရှုစား ကြည့်နိုင်ပေသည်။ နံရံများ၏ အနောက်ဘက်၌ ၁၉၃ဝ-၁၉၅ဝ ပြည့်နှစ် ဝန်းကျင်လောက်မှ ဆက်တင် ဒီဇိုင်းအစစ်နှင့် BRITTA'S PENSIONAT စားသောက်ဆိုင်တွင် ညစာ စားသောက်နိုင်ပြီး သစ်ပင်ဟိုတယ်တွင် အရက်ဘား၊ ရေနွေးငွေ့ ရေချိုးခန်းနှင့် အပန်းဖြေစရာ နေရာ ရှိနေပေသည်။ ။

ဦးတိုး (တက္ကသီလ)
ref:မြဝတီ