Subscribe For Free Updates!

We'll not spam mate! We promise.

Tuesday, September 3, 2013

အိန္ဒိယလည်း ကမ္ဘာ့အကြီးဆုံး စစ်လေယာဉ် တစ်စီး ပိုင်ပြီ


Boeing C-17 Globemaster III လို့အမည်ရတဲ့ လေယာဉ်ပါ။ ယင်းလေယာဉ်ကို ပိုင်ဆိုင်ရင် စစ်အင်အားကြီးတဲ့ နိုင်ငံတစ်နိုင်ငံ အဖြစ် အသတ်မှတ်ခံရပါတယ်။ ထုတ်လုပ်တဲ့ နိုင်ငံကတော့ အမေရိကန် ဖြစ်ပြီး လက်ရှိ အသုံးပြုနေတဲ့ နိုင်ငံ တွေကတော့ အမေရိကန်၊ ဗြိတိန်၊ သြစတေးလျ၊ ကနေဒါ၊ ကာတာ၊ ယူအေအီး၊ နေတိုးတပ်ပေါင်းစု တို့ဖြစ်ပြီး ယခု ရက်ပိုင်းအတွင်း ထပ်တိုးလာတဲ့ နိုင်ငံ တစ်နိုင်ငံကတော့ အိန္ဒိယ ဖြစ်ပါတယ်။

ကုန်းကြောင်း၊ ရေကြောင်း စစ်အင်အား ဖြည့်တင်းမှုနဲ့အတူ လေကြောင်း စစ်အင်အား ဖြည့်တင်းဖို့အတွက် ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုကြီးပါ။ ကာလတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော် တန်ဖိုးရှိတဲ့ လေယာဉ် ဖြစ်ပြီး တစ်ခါပျံသန်းဖို့အတွက်လည်း ကုန်ကျစရိတ် များပါတယ်။ ဒါကြောင့် အိန္ဒိယ စစ်တပ်က တစ်စီးပဲ ဝယ်ယူသေးတာ ဖြစ်ပါတယ်။ လေယာဉ်ကို ၁၉၉၁ ခုနှစ်ကစပြီး ယနေ့တိုင် အမေရိကန်တို့ ထုတ်လုပ်လျက် ရှိနေပါသေးတယ်။

တိုက်ခိုက်ရေးအတွက် ဒုံး၊လောင်ချာတို့ အစုံအလင်ပါရှိပြီး လေထီးခုံ စစ်သားချည်းကိုလည်း အယောက် ၁၀၀ ကျော် တင်ဆောင်နိုင်ပါတယ်။ ဥရောပနဲ့ အရှေ့ အလယ်အပိုင်းက စစ်ပွဲတွေမျာ နေတိုးတပ်ဖွဲ့နဲ့ အမေရိကန်တို့ အသုံးများခဲ့ပြီး ယနေ့တိုင် ကမ္ဘာ စစ်တပ်ကြီးများက မျက်စိကျနေတဲ့ လေယာဉ် ဖြစ်ပါတယ်။ ရုရှားမှလည်း ယင်းကဲ့သို့ ကမ္ဘာ့အကြီးဆုံး စစ်လေယာဉ်မျိုးကို ထုတ်လုပ်ဖို့ ကြိုးပမ်းနေပါတယ်။ အန္ဒိယ စစ်တပ်ဟာ မျော်လင့်မထား နိုင်တဲ့ ပင်လယ်ကွေ့ စစ်ပွဲ၊ နယ်စပ်စစ်ပွဲ အတွက်ရည်ရွယ်လို့ ဝယ်ယူအားဖြည့် ထားခြင်း ဖြစ်ပြီး တိုင်းပြည် စစ်အင်အားကို ထပ်မံတိုးချဲ့ သွားဖို့ ရှိကြောင်း သိရပါတယ်။
.
Ref: Xinhua
ColyaAutomobile
credit;MWD

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment