Subscribe For Free Updates!

We'll not spam mate! We promise.

Tuesday, September 3, 2013

" မွမ်ဘိုင်းမြို့သည် အမျိုးသမီးများအတွက် လုံခြုံမှုမရှိ "


From>>>Myawaddy News
မကြာသေးမီက မွမ်ဘိုင်းမြို့၌ ဖြစ်ပွားခဲ့သော အမျိုးသမီးဓာတ်ပုံသတင်းထောက်တစ်ဦးအား အုပ်စုဖွဲ့ မုဒိမ်းကျင့် မှုနှင့် ပတ်သက်၍ ဂျူဟီချာဝါလာ အပါအဝင် ဘောလီးဝုဒ်မင်းမီးများက
မွမ် ဘိုင်းမြို့သည်လုံခြုံစိတ်ချရမှု မရှိကြောင်းနှင့် ယင်းဖြစ်ရပ်သည် တုန်လှုပ်ချောက်ချား စေကြောင်းဖွင့်ဟပြောကြားခဲ့သည်။

''အိန္ဒိယနိုင်ငံမှာ မွမ်ဘိုင်းမြို့က လုံခြုံမှုအရှိဆုံးဆိုပြီး ပျော်ပါးမူးယစ်နေ သူတွေကို ဒီဖြစ်ရပ်က လှုပ်နှိုးသတိပေး လိုက်တာပါ။ ဥပဒေပေါ်မှာယုံကြည်မှု မဲ့နေတဲ့အတွက်အဓမ္မမှုနဲ့ဆိုင်တဲ့
ဥပဒေ သစ်က အရာမရောက်ဘူး။ ဒီတော့ ဒီ ကိစ္စကို အရေးယူဖြေရှင်းဖို့ လိုအပ်နေ ပါတယ်။ ကျွန်မတို့ဒီနိုင်ငံက အမျိုးသမီး တွေကို ဖိနှိပ်မှုက အမြစ်တွယ်နေတယ်။ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို အခွင့်အာဏာတစ်ခုလို သဘောထား တယ်။ အမျိုးသမီးတွေ လွတ်လပ်ခွင့် မရကြဘူး''ဟု ရှာဘာနာအဇမီက စိုးရိမ် ကြီးစွာ ပြောကြားသည်။

မွမ်ဘိုင်းမြို့ကို လုံခြုံစိတ်ချမှု ရှိ သည့်နေရာဟု သတ်မှတ်ထားသည် ဆို သူ ဂျူဟီချာဝါလာက ''ကျွန်မနေတဲ့ မွမ် ဘိုင်းမြို့လေးအတွက် ခုချိန်ထိအောင် အမြဲတမ်း ဂုဏ်ယူနေတာပါ။

လုံခြုံနွေး ထွေးမှုရှိတယ်လို့လည်း ခံစားရတယ်။ အဓမ္မစော်ကားတဲ့ သတင်းတွေကြားရ တော့ တုန်လှုပ်ချောက်ချားမိတယ်။ ဒီ အမျိုးသမီး အမြန်ဆုံး ကျန်းမာပြီး စိတ်တည်ငြိမ်ဖို့ မျှော်လင့်ပါတယ်။ သူက ဓာတ်ပုံသတင်းထောက်ဆိုတော့ ကျွန်မ တို့ ရုပ်ရှင်လောကနဲ့လည်း ဆက်သွယ် မှု ရှိနေမှာပဲ။ ဒီဖြစ်ရပ်ဆိုးကြီးက သူနဲ့ သူ့မိသားစုကို ဘယ်လောက်ကြေကွဲ ဝမ်းနည်းစေမလဲဆိုတာ တွေးကြည့်လို့ တောင် မရပါဘူး။ တအား ဝမ်းနည်းဖို့ ကောင်းတယ်'' ဟု ပြောကြားသည်။

ထို့အပြင် မင်းသမီးချော ရီမာကတ်တီက ''မွမ်ဘိုင်းမြို့တင် မကပါ
ဘူး။ အိန္ဒိယရဲ့ ဘယ်နေရာကမှ အလုပ်လုပ်နေသူ အမျိုးသမီးတွေအတွက် လုံခြုံစိတ်ချရမှု မရှိပါဘူး'' ဟု ပြောကြားခဲ့သည်။

သိင်္ဂီဝင်း
Ref:Zee News

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment