သူမအတွက် အောင်မြင်မှု ရမရဆိုသည်မှာ ဂရုစိုက်စရာကိစ္စမဟုတ်ဟု လေဒီဂါဂါက ပြောကြားလိုက်သည်။
Popဂီတစတား အဆိုတော်က သူမအမှန်တကယ် စိတ်ဝင်စားသည်မှာ သူမပိုင် စွမ်းအင်အားလုံးကို တေးဂီတအတွက်နှစ်မြှုပ်ပေးဆပ်ထားရန်သာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။ ဂါဂါသည် ဖေဖော်ဝါရီလမှ စတင်ကာတင်ပါးခွဲစိတ်မှုကြောင့် အနားယူခဲ့ရပြီး မကြာသေးမီ လပိုင်းမှ စတင်ကာ အနုပညာ လုပ်ငန်းများကိုအင်ပြည့်အားပြည့် လုပ်ဆောင်လျှက် ရှိသည်။ သူမက ဂီတအတွက် အလုပ်လုပ်နေရာတွင် အောင်မြင်မည်၊မအောင်မြင်မည် ဆိုသည်ကို လုံးဝ ထည့်မစဉ်းစားကြောင်း The Sun သတင်းစာသို့ ပြောကြားခဲ့သည်။
"ကျွန်မအတွက် အနားရလိုက်တဲ့ အချိန်က အကျိုးရှိပါတယ်။ ဒါက ကျွန်မရဲ့ ဖန်တီးမှု စွမ်းရည်ကိုအသစ်ပြန်ဖြစ်လာစေတယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ခွင့် ရခဲ့တယ်လေ"ဟု ဂါဂါက ဆိုသည်။ သူမက ဆက်လက်၍
"ကျွန်မဟာ အောင်မြင်မှုအတွက် ပုံစံချနေတဲ့သူ မဟုတ်တာ ကိုယ့်ဖာသာ သဘောပေါက်လာတယ်။ ကျွန်မအတွက်
အောင်မြင်မှုဆိုတာ အသက်ရှင် ရပ်တည်ရေးမှာ လိုအပ်တဲ့ အရာမဟုတ်ပါဘူး။ စင်ပေါ်မှာ သီချင်းဆိုနေ၊
ကနေရတာကို ကျွန်မပျော်တယ်။ ကျွန်မ ဘာတွေဝတ်တယ်၊ ဘာတွေ လူပြောများတယ် ဆိုတာကို
လွမ်းမနေဘူး"ဟုလည်း သူမက မှတ်ချက်ပြုခဲ့သည်။ ဂါဂါက "စင်ပေါ်မှာ ရှိမနေရင် ကျွန်မအတွက်
ရှင်သန်နေသလိုတောင် မခံစားရဘူး။ ကျွန်မဟာ ခံစားတတ်တယ်။ တွေးတောတတ်တယ်။ ကျွန်မ ဘယ်မှာ
ရှိနေတယ် ဆိုတာကို ထိတွေ့ချင်တယ်။ ဒါပါပဲ"ဟုလည်း ဆက်လက် ပြောဆိုသွားခဲ့သည်။
Planet Myanmar Network.







0 comments:
Post a Comment