Subscribe For Free Updates!

We'll not spam mate! We promise.

Monday, August 26, 2013

Peugeot ထုတ် ဟိုင်းဘရစ် သုံးဘီးဆိုင်ကယ် Onyx


ပြင်သစ်အခြေဆိုက် Peugeot ကုမ္မဏီမှ ထုတ်လုပ်တဲ့ ဆိုင်ကယ် ဖြစ် ပါတယ်။ Peugeot ဟာ သာမန်အားဖြင့် ကားသာ ထုတ်လုပ်ပေမယ့် ဆိုင်ကယ်ကိုလည်း မော်ဒယ် အမျိုးအစား အနည်းငယ် ထုတ်လုပ်လျက် ရှိပါတယ်။ ပုံမှာ မြင်တွေ့နေရတာကတော့ Peugeot Onyx Scooter ဖြစ်ပါတယ်။

သုံးဘီးဆိုင် ကယ်သာ ဆိုပါတယ်။ အသုံးပြုတဲ့ အင်ဂျင်က ၃၇၀၀ စီစီ ၈လုံးပူး V ပစ်စတင်ဖြစ်ပြီး ဆီချွေတာဖို့အတွက် လျှပ်စစ်မော်တော် တစ်လုံးလည်း တပ်ဆင် ထားပေးပါတယ်။ ဆီတစ်ဂါလံကို ၁၁၇ မိုင်ကျော် မောင်းနှင်နိုင်ပါတယ်။ ဒါကြောင့် စွမ်းဆောင်ရည်က ကားတစ်စီး အတိုင်းပါပဲ။

လျှပ်စစ်အားတစ်ခုတည်း သုံးမယ်ဆိုရင် ၁၈.၆ မိုင်မောင်းနှင်ပြီး ဆီချည်း သက်သက် သုံးမယ်ဆိုရင် ၃၁၀ မိုင် ဖြစ်ပါတယ်။ ကာဘွန်ဖိုက်ဘာဘော်ဒီနဲ့ တည်ထောက်ပြီး အလူမီနီသတ္တုကိုလည်း ပေါင်းစပ် အသုံးပြု ထားပေး ပါသေးတယ်။ ပေါ့လည်းပေါ့ရမယ်။ စွမ်းဆောင်ရည်လည်း မြင့်ရမယ်၊ အကြမ်းခံရမယ်လို့ ရည်ရွယ် ချက်ထား တည်ဆောက်ထားတဲ့ Onyx Scooter ဟာ ဈေးကြီး စကူတာ တစ်စီးဖြစ်လာမှာ ဖြစ်ပါတယ်။ Hybrid ဗားရှင်း ဖြစ် တဲ့အတွက် top speed ကတော့ တစ်နာရီ ၉၃ အထိ မှိုင်ကုန် သတ်မှတ် ထားတယ်လို့ သိရပါတယ်။

Ref: autoblog

Aung Kham (TSJ team)

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment