Subscribe For Free Updates!

We'll not spam mate! We promise.

Monday, August 26, 2013

လူလိမ်ဆိုတာ ဘယ်သူ့ကိုမှ မရည်ရွယ်ပါဘူး – အားဝေ –


အားဝေဆိုတာ မဟော်ဂနီရုပ်ရှင်နဲ့ ဗီဒီယိုထုတ်လုပ်ရေးမှ ကိုဂျမန်းရဲ့ညီမပါ။ သူ့ကို ရိုက်ကွင်းတွေမှာ သတင်းယူတုန်းက မဟော်ဂနီရဲ့ ထုတ်လုပ်မှုအပိုင်းကို တာဝန်ယူသူတစ်ယောက်အနေနဲ့ပဲ သိခဲ့ရပါတယ်။ ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလ (၁၄)ရက်နေ့မှာတော့ သူ့ရဲ့ “လူလိမ်” စီးရီးခွေ ဖြန့်ချိခဲ့တဲ့အခါ သူ့ကို စိတ်ဝင်တစားရှိတာကြောင့် ခဏတာ တွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါတယ်။
Q.အားဝေ ဘာကြောင့် သီချင်းဆိုဖြစ်သွားတာလဲ။
A. အဓိကက ကိုဂျမန်းပေါ့။ ကိုဂျမန်းက သူသီချင်းစီးရီးတစ်ခွေ ထုတ်ချင်တယ်တဲ့။ သီချင်းတွေလည်း ကိုဂျမန်းရွေးခဲ့တာ။ အားဝေက ဒီလိုစီးရီးထုတ်ဖို့ထိ အစီအစဉ် မရှိဘူး။ သီချင်းဆိုရတာတော့ အရမ်းဝါသနာပါတယ်။ ငယ်ငယ်ကတည်းက သီချင်းတွေ သိပ်ကြိုက်တယ်။ ဆိုဖို့တော့ အစီအစဉ် မရှိပေမယ့် ဆိုဖြစ်သွားတာ။
Q. လူလိမ်မှာက သီချင်းဟောင်းတွေနော်…
A. လူလိမ်ထဲမှာ သီချင်းဟောင်းတွေ ဆိုပေမယ့် ပရိသတ်က အားဝေဆိုတာကို လက်ခံပေးတဲ့အတွက် ပျော်ပါတယ်။ သီချင်းတွေက အရင်တုန်းကတည်းက နာမည်ကြီးခဲ့တဲ့ သီချင်းတွေဆိုတော့ အားဝေကို မကြိုက်ရင်တောင် သီချင်းတွေကို ကြိုက်မယ်ဆိုပြီး ကိုဂျမန်းက ရွေးပေးတာ။ ဒီသီချင်းတွေက အရမ်းနာမည်ကြီးခဲ့ပေမယ့် ဘယ်သူမှ ပြန်မဆိုသေးဘူး။ ကြိုက်ကြမယ်လို့ ယုံကြည်ပြီး ရွေးခဲ့တာ။
Q. နောက်ထပ်စီးရီးတွေ ထပ်လုပ်ဖို့ အစီအစဉ်ရှိလား။
A. အဲဒီလိုက ကိုဂျမန်းစီစဉ်တာဆိုတော့ သေချာမပြောနိုင်သေးဘူး။
Q. အရင်က အားဝေက မဟော်ဂနီရဲ့ ထုတ်လုပ်မှုအပိုင်းကို တာဝန်ယူတဲ့သူ၊ ခုသီချင်းဆိုလာပြီ။နောက် သရုပ်ဆောင်လုပ်ဖို့ အစီအစဉ်ရှိလား။
A. သီချင်းက ကိုဂျမန်းစကား နားထောင်ပြီးဆိုတာ။ သရုပ်ဆောင်လုပ်ဖို့ အစီအစဉ် လုံးဝမရှိပါဘူး။ အားဝေသရုပ်ဆောင်အလုပ်ကို ငယ်ငယ်လေးကတည်းက အိပ်မက်ကို မမက်ခဲ့ဘူး။
Q. လူလိမ်နဲ့ပတ်သက်တဲ့ အမှတ်တရ..
A. ကျန်တဲ့အခက်အခဲ သိပ်မရှိဘူး။ အားဝေ အဆုတ်အအေးပတ်တဲ့အတွက် ကိုဂျမန်းက Valentine Day မှာ ထွက်မယ်ဆိုတော့ နေမကောင်းတဲ့ကြားက သီချင်းသွင်းခဲ့တာက အမှတ်တရပဲ။
Q. လူလိမ်ဆိုတာ ဘယ်သူ့ကို ရည်ညွှန်းပြီး ပြောချင်တာလဲ။
A. ဘယ်သူ့မှတော့ မရည်ညွှန်းပါဘူး။ ကိုဂျမန်းက မဟော်ဂနီက ထုတ်တဲ့ကားနာမည်၊ မင်းသားနာမည်တွေကို သူများနဲ့မတူအောင် ပေးတတ်တယ်။ အဲဒီတော့ စီးရီးနာမည်ကိုလည်း လူစိတ်ဝင်စားအောင် ပေးလိုက်တဲ့ သဘောပါပဲ။
Q. မဟော်ဂနီက နောက်ထပ် ဘယ်လိုဇာတ်လမ်းမျိုးတွေ ထွက်ဖို့ရှိလဲ။
A. ကိုဂျမန်းကတော့ အသစ်အသစ်တွေ အမြဲတွေးပါတယ်။ ရုပ်ရှင်ကားကြီးအနေနဲ့ လေးကားလောက် ရုံတင်ဖို့ရှိပါတယ်။
Q. လူလိမ်ကို နားထောင်ဖြစ်တဲ့သူတွေ၊ နားမထောင်ရသေးတဲ့သူတွေကို အားဝေပြောချင်တာက
A. ဒီသီချင်းတွေက အားဝေအရမ်းကြိုက်ပြီး စုထားတဲ့သီချင်းတွေပါ။ အားဝေနဲ့အတူ ပရိသတ်ကြီး အကြိုက်တစ်ထပ်တည်းကျမယ် ထင်ပါတယ်။
ကလောင် – Olive
Ref: 8 Days A Week Journal
DELO DELO

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment