Subscribe For Free Updates!

We'll not spam mate! We promise.

Monday, August 26, 2013

ဆွစ်ဇာလန်ထုတ် 41 megapixel SmartWatch


ဆွစ်ဇာလန်က ထုတ်လိုက်တဲ့ စမတ်နာရီ အမျိုးအစားပါ။ယခင် ထွက်ရှိပြီး Nokia Lumia 1020 စမတ်ဖုန်းနဲ့ ကင်မရာ megapixel ချင်းယှဉ်လာနိုင်မယ့် ပထမဆုံး စမတ်နာရီ အမျိုးအစား ဖြစ်တယ်လို့ သိရပါတယ်။

Bluethooth,Wifi တို့နဲ့စမတ်ဖုန်းတို့ကို ချိတ်ဆက် အလုပ်လုပ်မယ့် သာမန် စမတ်နာရီ အမျိုးအစား ဆိုပေမယ့် 41MP ရှိတဲ့ ကင်မရာ စွမ်းဆောင်ရည်က အခြားစမတ် နာရီတွေ ထက်သာလွန် ကောင်း မွန်နေခြင်း ဖြစ်တယ်လို့ သိရပါတယ်။

မျက်နှာပြင် အရွယ်အစား၊ ပါဝင်တဲ့ Features တွေကိုအသေးစိတ် ပြောဆိုထားခြင်း မရှိပေမယ့် အခြား စမတ်နာရီတွေလို စမတ်ဖုန်းနဲ့ချိတ် ဆက်အလုပ် လုပ်မယ့် အမျိုးအစားပါ။

ကမ္ဘာဈေးအကြီး ဆုံးနာရီတွေကိုသာ ထုတ်တဲ့ Swiss made ဆိုတဲ့အတိုင်း အဆိုပါ စမတ်နာရီ အမျိုးအစား ကိုတော့ အမေရိကန်ဒေါ်လာ ၁၂၀၀(ပေါင်-၈၀၀) ဝန်းကျင်နဲ့ဖြန့်ချိ ရောင်းချ ပေးမယ်လို့သိရပါတယ်။

စမတ်ဖုန်းတွေအလွန် စမတ်နာရီတွေရဲ့ ဈေးကွက်အတွင်းကို ဆွစ်ဇာလန် ထုတ် 41MP ကင်မရာ စမတ်နာရီကတော့ အခြားပြိုင်ဘက်တွေနဲ့ အတူ ယှဉ်ပြိုင်လာဖွယ်ရှိတယ်လို့ ဝေဖန်သူတွေက သုံးသပ်ပြော ဆို နေကြောင်း သိရပါတယ်။

Ref:Gadgetshow

Khun Nay(August Myanmar Media Group)

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment