Subscribe For Free Updates!

We'll not spam mate! We promise.

Monday, August 26, 2013

ဖုန်းမလိုသော စမတ်နာရီ စစ်စစ် Omate TrueSmart


Omate TrueSmart အမည်နဲ့ အမေရိကန် ပြည်ထောင်စု၊ နယူးယောက် ပြည်နယ် အခြေဆိုက် နည်းပညာ ပစ္စည်း ထုတ်လုပ်ရေး ကုမ္မဏီ Omate မှတ် ထုတ်လုပ်လိုက်ပြီ ဖြစ်ပါတယ်။

တကယ့် စမတ်နာရီ ဖြစ်ပြီး စမတ်ဖုန်း အသုံးပြုရန် လုံးဝ မလိုတော့ ကြောင်း ကြော်ငြာစာသားမှာ ထည့်သွင်း ပြောကြားထားပါတယ်။ နာရီ မျက်နှာပြင်က ၁.၅၄ လက်မ ရှိပြီး တောင်ကိုရီးယား LG က ထုတ်တဲ့ TFT Display ကို အသုံးပြု ပါတယ်။

Android 4.2 OS ကို ပါဝင်ပြီး ကင်မရာက 5 megapixel အရည်အသွေး ရှိပါတယ်။ ဖုန်းပြောလို့ရပါမယ်။ GSM, CDMA နှစ်မျိုးစလုံး အတွက် ထောက်ပံ့ပြီး ဆင်းမ်ကဒ် ထည့်သုံးလို့ ရမှာ ဖြစ်ပါတယ်။ Bluetooth 4.0, Wi Wi, GPS တို့လည်းပါရှိပါတယ်။ micro SIM ကို အသုံးပြု ရမှာပါ။ ဘက်ထရီက နာရီ ၁၀၀ အတွက် Standby ဖြစ်မယ့် 600mAh အား ဖြည့်တင်း ထားပါတယ်။ 2GM memory ပါရှိပြီး ကဒ် ထပ်ဆိုက် လို့ ရပါသေးတယ်။

ဖုန်းပြောဖို့၊ စာပို့ဖို့၊ အသံနဲ့ ပြောတဲ့ စကားကို စာအဖြစ် ပြောင်းလဲ ပေးမယ့် နည်းပညာ အစရှိသဖြင့် စုံစုံလင်လင် ပါရှိပြီး အင်တာနက်လည်း အသုံးပြု လို့ ရပါမယ်။ Facebook, Twitter, Instagram တို့လည်း ပါဝင်မှာ ဖြစ်ပါတယ်။ Android ကိုအခြေခံတဲ့ App အတော်များများကို စမတ်ဖုန်းမှာ အသုံးပြုသလို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ရေစုံခံ၊ အကြမ်းခံတဲ့ နာရီ ဖြစ်ပါတယ်။

ဒီတော့ ယခုလို Function စုံတဲ့ နာရီတစ်လုံးရဲ့  ဈေးဟာလည်း မနည်းပါဘူး။ ကာလတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၇၉ သတ်မှတ်ထားပြီး ၂၀၁၃ နိုဝင်ဘာလမှာ စတင်ရောင်းချမှာ ဖြစ်ကြောင်း သိရပါတယ်။

Youtube

Aung Kham (TSJ team)

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment