Subscribe For Free Updates!

We'll not spam mate! We promise.

Monday, August 26, 2013

သရုပ်ဆောင်အလုပ်က ရပ်နားဖို့ အကြံပြုခံခဲ့ရဖူးတဲ့ Emma Watson


မှော်ဆရာမလေး Hermione Granger အဖြစ် ကမ္ဘာကျော် Harry Potter ဇာတ်ကားတွေမှာ ပင်တိုင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Emma Watson ဟာ သူ့ရဲ့ သရုပ်ဆောင်ဘဝမှာ အခက်အခဲတွေ ကြုံတွေ့ရဦးမလားလို့ စိုးရိမ်စိတ်ဝင်ခဲ့ဖူးပါတယ်တဲ့။
အောက်စဖို့တက္ကသိုလ်မှာ လေ့လာရေး ကျောင်းသူအဖြစ် လာရောက်ဆည်းပူးနေတဲ့ Emma ဟာ ခု အသက် ၂၃ နှစ် ရှိနေပါပြီ။ သူ့ရဲ့ ကလေးသရုပ်ဆောင်ဘဝကနေ ပိုပြီးရင့်ကျက်တဲ့ လူကြီးဖြစ်လာတဲ့အခါမှာ သရုပ်ဆောင်အဖြစ် အနုပညာလောကမှာ ဆက်လက်လှုပ်ရှားဖို့ တွန့်ဆုတ်နေခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့ တက္ကသိုလ်က ဆရာနဲ့ သွားရောက်တိုင်ပင်တဲ့အခါမှာ သရုပ်ဆောင်အဖြစ်က ခေတ္တအနားယူဖို့ ဆရာက အကြံပေးခဲ့ပါတယ်။
ဒါပေမယ့် အဲဒီအကြံပေးချက်ကို ဆန့်ကျင်စွာနဲ့ပဲ Emma ဟာ ၂၀၁၂ ခုနှစ်က ရုံတင်တဲ့ The Perks of Being a Wallflower ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် This is the End ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး အောင်မြင်ခဲ့ပါတယ်။ ဒါကြောင့် ကြားကာလမှာ မနားဖို့ ဆုံးဖြတ်ခဲ့တာကိုပဲ ကျေနပ်မိတယ်လို့ Emma က ပြောကြားခဲ့ပါတယ်။
Emma Watson ဟာ Anthony Hopkins ၊ Jennifer Connelly ၊ Russell Crowe တို့နဲ့အတူ ဒါရိုက်တာ Darren Aronofsky ရိုက်ကူးတဲ့ သမ္မာကျမ်းစာ အခြေပြု Noah ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ Noah ဇာတ်ကားကို ၂၀၁၄ မတ်လမှာ ရုံတင်မှာ ဖြစ်ပါတယ်။
Hollinaz
Noah ဇာတ်ကားအကြောင်းကို “Anthony Hopkins ရဲ့ ဇာတ်ကားသစ် Noah ပရိသတ်အားပေးမှု ရရှိ” မှာလည်း ဖတ်ရှုနိုင်ပါတယ်။
crediy;DELO

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment