နာမည်ရင်း Hilary Erhard Duff ဆိုတဲ့ သရုပ်ဆောင်၊ ထုတ်လုပ်သူ၊ သီချင်းရေး ဆရာ၊ စာရေးသူ၊ အဆိုတော် ကောင်မလေးကို USA, Texas မှာ ၁၉၈၇ ခုနှစ် စက်တင်ဘာ ၂၈ ရက်မှာ မွေးဖွားခဲ့ပါတယ်။ သူ့ရဲ့ဖခင်ဖြစ်သူ Robert Erhard Duff က ကုန်မျိုးစုံဆိုင် ဖွင့်လှစ် ရောင်းချသူဖြစ်ပြီး မိခင်ကတော Susan Colleen ဖြစ်ပါတယ်။ Duff ရဲ့ အစ်မကတော့ အဆိုတော်နဲ့ မင်းသမီး Haylie Duff ပဲဖြစ်ပါတယ်။ မိခင်ဖြစ်သူက သမီးတွေရဲ့ အနုပညာအလုပ်ကို ထောက်ပံ့ ပေးခဲ့သူဖြစ်ပြီး Duff ကလည်း အစ်မဖြစ်သူကို အားကျခဲ့သူပါ။ ၁၉၉၃ ခုနှစ်မှာတော့ မိခင်၊ အစ်မဖြစ်သူတို့နှင့် အတူ California ကို ပြောင်းလာခဲ့ကြပါတယ်။
ဖခင်ဖြစ်သူကတော့ သူ့ရဲ့ စီးပွားရေး လုပ်ငန်းတွေကြောင့် Texas, Houston မှာပဲ နေခဲ့ရပါတယ်။ Duff ဟာ အနုပညာ အလုပ်တွေကြောင့် ကျောင်းမတက်နိုင်တော့ဘဲ အိမ်မှာ ဆရာခေါ်ပြီး စာသင်စေခဲ့ပါတယ်။
၁၉၉၈ ခုနှစ်မှာ Casper Meets Wendy ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ခဲ့ရပါတယ်။ ၁၉၉၉ ခုနှစ်ရောက်တော The Soul Collector ဇာတ်ကားကို ရိုက်ကူးခဲ့ပါတယ်။ ၂ဝဝဝ ပြည့်နှစ် မှာတော့ ဆေးပညာ ဇာတ်ကားဖြစ်တဲ့ Chicago Hope ရုပ်သံ ဇာတ်လမ်းမှာ နေမကောင်းတဲ့ ကောင်မလေး တစ်ယောက်အဖြစ် သရုပ်ဆောင်ထား ပါတယ်။ Disney Channel ကနေ ထုတ်လွှင့်ပြသတဲ့ ရုပ်သံစီးရီးဖြစ်တဲ့ Lizzie Mc Guire ဇာတ်ကားမှာ ပါဝင်ခဲ့ပြီး ကျော်ကြားတဲ့ ရုပ်သံဇာတ်လမ်းအဖြစ် ကြည့်ရှုသူ များပြားတဲ့အထိ အောင်မြင်ခဲ့ပါတယ်။ ၂ဝဝ၃ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ Cheaper by the Dozen ဇာတ်ကားမှာတော Steve Martin နဲ့ Bonnie Hunt တို့ရဲ့ သားသမီး ၁၂ ယောက်ထဲက တစ်ယောက်အဖြစ် သရုပ်ဆောင် ထားပါတယ်။ အောင်မြင်မှုရတဲ့ ဇာတ်ကားကောင်းလေးလည်း ဖြစ်ခဲ့ပါတယ်။
၂ဝဝ၄ ခုနှစ်မှာတော့ A Cinderella Story ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့ပါတယ်။ Duff ရဲ့အောင်မြင်မှုကို ထိပ်ဆုံးရောက်အောင် ပို့ဆောင်ပေးခဲ့တဲ့ ဇာတ်ကားကောင်းလေး တစ်ကား ဖြစ်ခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ Raise Your Voice ဇာတ်ကားကို ရိုက်ကူးခဲ့ပါတယ်။ ၂ဝဝ၅ ခုနှစ်မှာတော The Perfect Man နဲ့ Cheaper by the Dozen 2 ဇာတ်ကားတို့ကို ရိုက်ကူး ခဲ့ပါတယ်။ ၂ဝဝ၇ ခုနှစ်မှာတော့ ရုပ်သံ ဇာတ်လမ်းတွဲတွေ ဖြစ်တ The Andy Milonakis Show န Hilary Duff: This is now ဇာတ်ကားတို့မှာ ပါဝင် သရုပ်ဆောင်ခဲ့ ပြန်ပါတယ်။ ၂ဝဝ၈ ခုနှစ်မှာ War, Inc. ဇာတ်ကားနဲ့ ၂ဝဝ၉ ခုနှစ်မှာတော့ Stay Cool, What Goes Up, According to Greta ရုပ်ရှင်ဇာတ်ကားတို့ အပြင် ရုပ်သံဇာတ်လမ်းတွဲ အနေနဲ့ Ghost Whisperer, Law & Order: SVU, Gossip Girl တို့မှာ ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။ ၂ဝ၁ဝ ပြည့်နှစ်မှာ Beauty & the Briefcase မှာပါဝင်ခဲ့ပြီး ၂ဝ၁၁ ခုနှစ်မှာ Bloodworth နဲ့ ၂ဝ၁၂ ခုနှစ်မှာ She wants Me ဇာတ်ကားတွေမှာ ပါဝင်ခဲ့ပါတယ်။ ၂ဝ၁၃ ခုနှစ်မှာတော့ ရုပ်သံ ဇာတ်လမ်းတွဲတွေ ဖြစ်တ Raising Hope, Two and a Half Men တို့ကို ရိုက်ကူးခဲ့ပါတယ်။ ၂ဝ၁၄ ခုနှစ်အတွက်တော့ Flock of Dudes ရုပ်ရှင်ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်မယ်လို့ သိရပါတယ်။
Duff ရဲ့ ပထမဦးဆုံး Album ဖြစ်တဲ့ Santa Claus Lane ကို ၂ဝဝ၂ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ ၂ဝဝ၃ ခုနှစ်မှာတော့ Metamorphosis အခွေကို ဖြန့်ချိခဲ့ပါတယ်။ Billboard 200 မှာ နံပါတ်တစ် ရခဲ့ပြီး ကမ္ဘာတစ်ဝန်းမှာ အချပ်ရေ ငါးသန်းကျော် ရောင်းချရတဲ့ အထိ အောင်မြင်မှု ရခဲ့ပါတယ်။ Metamorphosis Tour ကို ၂ဝဝ၃ ခုနှစ် နိုဝင်ဘာမှ ဒီဇင်ဘာအထိ ဖျော်ဖြေပွဲကို ကျင်းပခဲ့ပါတယ်။ သူ့ရဲ့ ၁၇ နှစ် ပြည့်မွေးနေ့ ဖြစ်တဲ့ ၂ဝဝ၄ ခုနှစ်မှာ Hilary Duff ကို ဖြန့်ချိခဲ့ပါတယ်။ ၂ဝဝ၅ ခုနှစ်မှာ Most Wanted အခွေနဲ့ ၂ဝဝ၆ ခုနှစ်မှာ 4 ever Hilary Duff အပြင် ၂ဝဝ၇ ခုနှစ်မှာ Dignity Album တို့ကို ဖြန့်ချိခဲ့ပါတယ်။ ၂ဝဝ၈ ခုနှစ်မှာ Best of Hilary Duff ကို ဖြန့်ချိခဲ့ပါတယ်။
Duff ဟာ Pop အဆိုတော် တစ်ဦးဖြစ်သူ Aaron Carter နဲ့ ၂ဝဝ၁ ခုနှစ်မှာ ၂ဝဝ၃ ခုနှစ်လောက် အထိ ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။ Aaron ဟာ Lindsay Lohan နဲ့ လည်း date လုပ်ခဲ့ပြီး Aaron ကြောင့် မင်းသမီး နှစ်ယောက်ကြားမှာ ပြဿနာတွေ ဖြစ်ခဲ့ကြပါတယ်။ ၂ဝဝ၄ ခုနှစ်မှာတော့ အဆိုတော် Joel Madden နဲ့ date လုပ်ခဲ့ကာ ချစ်သူတွေ ဖြစ်ခဲ့ပြီး နှစ်နှစ်အကြာ ၂ဝဝ၆ ခုနှစ် နိုဝင်ဘာ မှာတော့ Madden နဲ့ လမ်းခွဲ လိုက်ပြန်ပါတယ်။ ၂ဝဝ၇ ခုနှစ်မှာတော့ ဟော်ကီ ကစားသမား Mike Comrie န date လုပ်ခဲ့ပါတယ်။ ၂ဝ၁ဝ ပြည့်နှစ် ဖေဖော်ဝါရီ ၁၉ ရက်မှာတော့ သူတို့နှစ်ဦးရဲ့ စေ့စပ်ပွဲကို ကျင်းပခဲ့ ပါတယ်။ စေ့စပ်ပြီး လပိုင်းအကြာ ၂ဝ၁ဝ ပြည့်နှစ် သြဂုတ် ၁၄ ရက်မှာ ဟော်ကီကစားသမား Comrie နဲ့ Duff တို့ လက်ထပ် ခဲ့ကြပါတယ်။ Duff ရဲ့ ပထမဦးဆုံး သားဦး ရတနာလေးဖြစ်တဲ့ Luca Cruz Comrie ကို ၂ဝ၁၂ ခုနှစ် မတ် ၂ဝ မှာ မွေးဖွား ခဲ့ပါတယ်။
credit;MWD ဖခင်ဖြစ်သူကတော့ သူ့ရဲ့ စီးပွားရေး လုပ်ငန်းတွေကြောင့် Texas, Houston မှာပဲ နေခဲ့ရပါတယ်။ Duff ဟာ အနုပညာ အလုပ်တွေကြောင့် ကျောင်းမတက်နိုင်တော့ဘဲ အိမ်မှာ ဆရာခေါ်ပြီး စာသင်စေခဲ့ပါတယ်။

0 comments:
Post a Comment