Subscribe For Free Updates!

We'll not spam mate! We promise.

Monday, August 26, 2013

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ထူးချွန်မှုကြောင့် သားအမိ နှစ်ဦးကို သတ်သော တရားခံ ခြောက်ရက်အတွင်း ဖမ်းမိ


From : ..The voice

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် ကုက္ကိုစု ကျေးရွာအုပ်စု ရွာသာ (အနောက်) ကျေးရွာတွင် ၎င်း၏ ချစ်သူ သားအမိ နှစ်ဦးကို သတ်၍ ထွက်ပြေးသူဟု တိုင်ကြားခံရသူကို ခြောက်ရက်အတွင်း ဖမ်းမိ ခဲ့ကြောင်း မြစ်သားမြို့နယ် ကူမဲ ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

သြဂုတ်လ ၂၃ ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ပိုင်း ပင်းတယမြို့နယ် အင်းငယ် ကျေးရွာ၌ တရားခံဟု တိုင်ကြားခံရသူ ဒင်ကြီး (ခ) ဇင်မင်းထွန်း ရောက်ရှိနေကြောင်း သတင်း ရရှိသောကြောင့် ဒေသခံ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ သွားရောက် ဖမ်းမိခြင်း ဖြစ်ကြောင်း ကူမဲ ရဲတပ်ဖွဲ့ စခန်းမှူး ရဲအုပ် ဇော်မင်းထွန်းက The Voice သို့ သြဂုတ်လ ၂၄ ရက်နေ့တွင် အတည်ပြု ပြောကြား သည်။

ဖြစ်စဉ်မှာ တရားခံဟု ယူဆရသူ ဒင်ကြီး (ခ) ဇင်မင်းထွန်းနှင့် သေဆုံးသူ သားအမိ နှစ်ဦးအနက် သမီးဖြစ်သူ မမာမာသန်းတို့သည် သမီးရည်းစား များ ဖြစ်ကြကာ လူငယ်သဘာဝ တွေ့ဆုံကြသည်ကို မမာမာသန်း၏ မိခင်ဖြစ်သူက ဇင်မင်းထွန်းကို ရိုက်နှိက်မှုများ ရှိဖူးကြောင်း၊ ဇင်မင်းထွန်း သည် ယင်းရိုက်နှက်မှုကို အငြိုးအတေး ထားကာ သြဂုတ်လ ၁၇ ရက်နေ့ ည ၁၁ နာရီခွဲခန့်တွင် မာမာသန်း (၂၂) နှစ်နှင့် သူမ၏ မိခင်ဖြစ်သူ ဒေါ်သန်းညွန့် (၅၈ နှစ်) တို့ကို ဓားနှင့် ထိုးသွင်း သတ်ဖြတ်ခဲ့ကြောင်း၊ ယင်းဓားနှင့် ထိုးသွင်း ဒဏ်ရာများကြောင့် မာမာသန်းနှင့် သူမ၏ မိခင်ဖြစ်သူ ဒေါ်သန်းညွန့် မှာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ကူမဲ ရဲတပ်ဖွဲ့ စခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ယင်းတရားခံဟု ယူဆရသူ ဒင်ကြီး (ခ) ဇင်မင်းထွန်း (အသက် ၂၅ နှစ်) ကို ကူမဲ ရဲစခန်းက (ပ) ၇၆/၂၀၁၃ ပြစ်မှု ပုဒ်မ ၃၀၂ အရ အရေးယူ ဆောင်ရွက် လျက် ရှိကြောင်း ကူမဲ ရဲတပ်ဖွဲ့ စခန်းထံမှ သိရှိရသည်။

 .. www.MyanmarExpress.net

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment