Subscribe For Free Updates!

We'll not spam mate! We promise.

Monday, August 26, 2013

ပခုက္ကူမြို့၌ ပဲမျိုးစုံ အရောင်းအဝယ် အေးပြီး ပွဲရုံ အလုပ်သမားများ ဝင်ငွေ နည်းပါး


ပခုက္ကူ သြဂုတ် ၂၅

မကွေးတိုင်း ဒေသကြီး ပခုက္ကူဒေသ၌ မိုးခေါင်သောကြောင့် သြဂုတ်လ အတွင်း ပဲမျိုးစုံပွဲရုံများ၌ ဒေသထွက် သီးနှံများ အဝင် နည်းပါးလျက် ရှိကြောင်း သိရသည်။

ပဲမျိုးစုံ အဝင်ပါး၍ ပွဲရုံ အလုပ်သမား များသည်လည်း လုပ်အားခများ နိမ့်ကျနေ၍ စားဝတ်နေရေး မပြေမ လည်ဖြစ်နေကြောင်း သိရှိရသည်။

ပခုက္ကူပွဲရုံ အများစုသည် ပဲစင်းငုံသီးနှံကို အားထား ရောင်းဝယ်ကြသည်။ ကျန်သီးနှံများကိုမူ သူ့နယ်နှင့်သူ၊ သူ့ပွဲရုံနှင့်သူ ရောင်းဝယ် ကြသည်။ ၂ဝ၁၃ ခုနှစ် သြဂုတ်လ နောက်ဆုံးရက်တွင် ဗွီတူး ငွေကျပ် ၁၇၈ဝဝ၊ ပဲတီစိမ်းသေး ငွေကျပ် ၂၅၉ဝဝ၊ နှမ်းညို ငွေကျပ် ၂၉၇ဝဝ၊ နှမ်းဝါ(ပြင်) ငွေကျပ် ၃ဝဝဝဝ၊ ယောနှမ်းဝါ ငွေကျပ် ၃၁ဝဝဝ၊ နှမ်းဖြူ ငွေကျပ် ၃၂ဝဝဝ၊ နှမ်းနီ(ယော) ငွေကျပ် ၃ဝဝဝဝ၊ ပဲစင်းငုံနီသစ် ငွေကျပ် ၁၇၉ဝဝ၊ ပဲနီပြား ငွေကျပ် ၂၁ဝဝဝ ဈေးနှုန်း ပေါက်နေကြောင်း သိရှိရသည်။

တမူး၊ စစ်တွေ ဝယ်လက် အားနည်းသွား၍ ကြက်သွန်နီ အကြီး တစ်ပိဿာ ငွေကျပ် ၇ဝဝ၊ အသေး ငွေကျပ် ၆၅ဝ၊ ကြက်သွန်ဖြူ အကြီး ငွေကျပ် ၁၄ဝဝ၊ အသေး ငွေကျပ် ၈ဝဝ နှုန်းနှင့် ရောင်းဝယ် နေကြောင်းလည်း သိရှိရသည်။

နေဦးမောင်(ပခုက္ကူ)
MWD

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment