Subscribe For Free Updates!

We'll not spam mate! We promise.

Monday, August 26, 2013

လက်ခုပ်တီး၍ ချိတ်ဖြုတ်နိုင်သည့် ဘရာစီယာ အမေရိကန်ပညာရှင် တီထွင်


လက်ခုပ်တီး၍ ချိတ်ဖြုတ်နိုင်သည့် ဘရာစီယာကို အဆစ်ရောင် ဝေဒနာသည်များအတွက် ရည်ရွယ် ဖန်တီးထားခြင်းဖြစ်ပါသည်။

လက်ခုပ်တီးလိုက်သည်နှင့် အလိုလို ချိတ်ဖြုတ်ပြီးသား ဖြစ်သွားသည့် အမျိုးသမီး အတွင်းခံ ဘရာစီယာ တစ်မျိုးကို အမေရိကန် ပညာရှင်တစ်ဦးက တီထွင်လိုက်ကြောင်း သိရသည်။ ဆန်ဖရန် ဆစ္စကိုတွင် နေထိုင် သည့် အမျိုးသား ဒီဇိုင်းပညာရှင် တစ်ဦးသည် ယခုလို ထူးထူးဆန်းဆန်း အတွင်းခံမျိုးကို တီထွင် ဒီဇိုင်း ထုတ်လိုက်ခြင်း ဖြစ်သည်။ ဘက်ထရီ စွမ်းအင် ဖြည့်ထားရသည့် ဘရာစီယာသည် တစ်ဦးဦးက လက်ခုပ်တီး လိုက်သည့် အသံကို တုံ့ပြန်ကာ လျှပ်စစ်သံလိုက်လှိုင်း တစ်ခု တွန်းကန်ခြင်းဖြင့် ချိတ်ကို ပြုတ် သွားစေသည်ဟု ဆိုသည်။

လက်ခုပ်သံကို အာရုံခံသည့် စနစ်သည် သံလိုက်ကို အလှည့်အပြောင်း ဖြစ်စေပြီး ယခုလို ဖြစ်စဉ်တစ်ရပ်ထံ ဦးတည်စေရန် ဖန်တီးထားခြင်း ဖြစ်သည်။ အဆိုပါ ဘရာစီယာကို အဆစ်ရောင် ဝေဒနာသည်များအတွက် ရည်ရွယ် ဖန်တီးထားခြင်း ဖြစ်သည်။ ထိုအခြေအနေကြောင့် အဆစ်အမြစ်များ ရောင်ရမ်းနာကျင်တတ်သည့် အမျိုးသမီး တစ်ဦးသည် သူမ၏ အတွင်းခံကို ချွတ်ရာတွင် အခက်အခဲ ကြုံရနိုင်တော့မည် မဟုတ်ဟု ဆိုသည်။ ဒီဇိုင်းပညာရှင် ရန်ဒီ ဆာရာဖန်သည် ဆီးရီးယား ဈေးတန်းတစ်ခုတွင် အဆင့်မြင့် နည်းပညာသုံး ဘရာစီယာ အချို့ကို တွေ့ ရှိပြီးနောက် ၎င်းကိုယ်ပိုင် စိတ်ကူးဖြင့် ဘရာစီယာသစ် တစ်မျိုးကို တီထွင်ခဲ့ခြင်းဟု သိရသည်။

အနောက်နိုင်ငံတွေ အနေနဲ့ အာရပ်ကမ္ဘာမှာ လိင်ပိုင်းဆိုင်ရာ ချုပ်တည်းပိတ်ပင်တဲ့ လူ့အဖွဲ့အစည်း တစ်ခုလို ရှုမြင်ကြပါတယ်။ ဒါပေမဲ့ အမျိုးသမီး အတွင်းခံ နည်းပညာတွေအတွက် ကြော်ငြာ ရာမှာတော့ သူတို့က ရှေ့တန်းကနေ ပွင့်ပွင့်လင်းလင်း မြင်သာလွန်းတယ်။ ဒီတော့ ကျွန်တော်ကလည်း အနောက် ကမ္ဘာရဲ့ ပထမဆုံး နည်းပညာသုံး ဘရာစီယာ တီထွင်သူ ဖြစ်လာဖို့ စဉ်းစားလိုက်ပါတယ်။ လက်ခုပ်တီးရုံနဲ့ ချိတ်ပြုတ်သွားတဲ့ ဘရာစီယာဆိုတာ အနောက်ကမ္ဘာရဲ့ ဘရာစီယာ နည်းပညာ ထိုးထွင်းဖန်တီးမှု တစ်ခုလို့ပဲ ယူဆကြပါစို့"ဟု ဆာရာဖန် က ပြောကြား သွားသည်။ ဆာရာဖန်၏ နည်းပညာသည် အဆစ် အမြစ်ရောင် ဝေဒနာရှင်များအပြင် ရုပ်ပိုင်းဆိုင်ရာ သန်စွမ်းမှု ချို့တဲ့နေသူများ အတွက်ပါ အသုံးဝင် မည်ဟု မျှော်လင့်ထားသည်။ လက်ခုပ် တီးခြင်းဖြင့် မီးခလုတ် အဖွင့်အပိတ် လုပ်နိုင်သော နည်းပညာ မျိုးသည် (၁၉၈၀)ပြည့်လွန် နှစ်များကတည်းက တီထွင် အသုံးပြုပြီး ဖြစ်သည်။

Daily Onilne

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment