Subscribe For Free Updates!

We'll not spam mate! We promise.

Friday, August 30, 2013

အကြမ်းဖက်သမားများက အမျိုးသမီးရင်သားတု ဖောက်ခွဲရေး ပစ္စည်းများ ထုတ်လုပ်ကာ ခြိမ်းခြောက်နေ


အယ်လ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့က ဖောက်ခွဲရေး ပစ္စည်းများအား အမျိုးသမီးတို့၏ ရင်သားတုများ အသွင် ထုတ်လုပ်ခဲ့ကြပြီး ၎င်းတို့ပစ်မှတ်ထား တိုက်ခိုက်လိုသည့် နေရာများသို့ အစစ်ဆေးခံရခြင်း မရှိဘဲ တိုက်ရိုက် တိုက်ခိုက်နိုင်မည့် ဗုံးသယ်ယူရေး နည်းလမ်းသစ် တစ်ခု အဖြစ် အသုံးချနေကြပြီ ဖြစ်ကြောင်း သိရသည်။ ၎င်းဗုံးများသည် အမျိုးသမီးများ၏ ပင်ကို ရင်သားနေရာတွင် ရင်သားတု ခွဲစိတ် တပ်ဆင်သကဲ့သို့ပင် တပ်ဆင်နိုင်မည်ဖြစ်ပြီး လေဆိပ်မှ လုံခြုံရေးများ စစ်ဆေးသည့် ကိရိယာများပင် ၎င်းရင်သားတုဗုံးများအား ရှာမတွေ့နိုင်ဟုအား ရှာမတွေ့နိုင်ဟုအား ရှာမတွေ့နိုင်ဟုအား ရှာမတွေ့နိုင်ဟုအား ရှာမတွေ့နိုင်ဟု အယ်လ်ကိုင်ဒါ အဖွဲ့၏ ဗုံးထုတ်လုပ်ရေး အရာရှိ အီဗရာဟမ်အယ်လ်အာဆီရီက ပြောကြားခဲ့ကြောင်း ကောလာဟလ သတင်းများ ထွက်နေခဲ့သည်။
လန်ဒန်မြို့ ဟီးသရိုးလေဆိပ်မှ လေဆိပ်ဝန်ထမ်းများကို ၎င်းရင်သားတု ဗုံးများအား အထူးစိစစ်ကြရန် သတိပေး ကြေညာထားသည့် အပြင် ၎င်းရင်သားတုဗုံးများဖြင့် ထိုးဖောက် ၀င်ရောက်ကာ တိုက်ခိုက်ခံရမည် ကိုပြည်သူများ ကြောက်လန့်နေကြသည်။ ရင်သားတုဗုံးများ သတင်းကြောင့် လေဆိပ်အတွင်း ၀င်ရောက်လာသော အမျိုးသမီးများအား သတိထားရန်နှင့် သံသယဖြစ်ဖွယ် မည်သည့် အမျိုးသမီးကို မဆို စစ်ဆေးရန် လေဆိပ်လုံခြုံရေး ၀န်ထမ်းများအား အထူးတာဝန် ချမှတ်ထားသည်။ အယ်လ်ကိုင်ဒါတို့ ခန္ဓာကိုယ်အတွင်း ထည့်ယူကာ ဖောက်ခွဲ တိုက်ခိုက်နိုင်သော ၎င်းရင်သားတုဗုံးများသည် အလွန် စိုးရိမ်တုန်လှုပ်ဖွယ် ကောင်းသော ဖောက်ခွဲရေး ပစ္စည်းများဖြစ်ကြောင်း ဖောက်ခွဲရေးပစ္စည်း ကျွမ်းကျင်ပညာရှင် အန်ဒီအော့ပန်ဟေးမားက ပြောကြားခဲ့သည်။

credit;SMG

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment