Subscribe For Free Updates!

We'll not spam mate! We promise.

Friday, August 30, 2013

အမြန်ဆုံး မျက်မမြင် ဆိုင်ကယ်စီးသူ အဖြစ် ကမ္ဘာ့စံချိန်သစ် တင်နိုင်ခဲ့သူ


အသက် ၃၉ နှစ်အရွယ် စကော့တလန်နိုင်ငံသား စတာ့တ်ဂန်းဆိုသူသည် မျက်မမြင်တစ်ဦး ဖြစ်ပြီး သြဂုတ်လ ၁၇ရက်နေ့က မော်တော်ဆိုင်ကယ်အား တစ်နာရီ ၁၆၇ မိုင်နှုန်းမောင်းနှင်ပြီး ကမ္ဘာ့အမြန်ဆုံး မျက်မမြင် ဆိုင်ကယ်စီးသူ အဖြစ် စံချိန်တင်နိုင်ခဲ့သည်။ ၎င်းဆိုင်ကယ် မောင်းနှင်နေချိန်တွင် ဖခင်ဖြစ်သူက ဘေးမှ ဆိုင်ကယ်ဖြင့် လိုက်ကာ မည်သည့်နေရာတွင် လမ်းကြောင်းလွဲသွားသည်၊ မည်သည့်နေရာတွင် ဘရိတ်ဆွဲရမည် တို့ကို ပြောပြပေးခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။ စကော့တလန်နိုင်ငံ အီဒင်ဘာ့ခ်ျမြို့တွင် နေထိုင်သူ စတာ့တ်က မျက်မမြင်ဖြစ်သည်နှင့် ဘ၀ဆုံးသွားသည်မဟုတ်ကြောင်း သက်သေပြလိုက်နိုင်ပြီ ဖြစ်သည်ဟု ၀မ်းသာအားရ ပြောဆိုခဲ့သည်။ မျက်မမြင်တစ်ဦးဖြစ်သူ စတာ့တ်သည် ဖခင်နှင့်အတူ နှစ်ပေါင်းများစွာ ဆိုင်ကယ်စီး လေ့ကျင့်ခဲ့ရကြောင်း သိရသည်။ လွန်ခဲ့သော ၁၁ နှစ်ကလည်း စတာ့တ်သည် ကားမတော်တဆမှု တစ်ခု ဖြစ်ပွားခဲ့သောကြောင့် နံရိုးများနှင့် ပခုံးရိုးကျိုးကာ ညာဘက်ခန္ဓာကိုယ်တစ်ခြမ်း အကြောသေသွားခဲ့ဖူးသေးသည်။ စတာ့တ်သည် အင်္ဂလန်နိုင်ငံ နော့သ်ရှိုင်းယားစီရင်စုရှိ အယ်လ်ဗင်တန် လေယာဉ်ကွင်းတွင် တင်ထားခဲ့သော တစ်နာရီ၁၆၄ မိုင်နှုန်းစံချိန်ကို ကျော်ဖြတ်ကာ ကမ္ဘာ့စံချိန် သစ်တင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
credit;SMG

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment