Subscribe For Free Updates!

We'll not spam mate! We promise.

Friday, August 30, 2013

ကမ္ဘာ့ ဖော်ရွေမှု အရှိဆုံး မြို့ကြီး ၂၀ တွင် မြန်မာမှ မန္တလေးမြို့  ပါဝင်လာ


ကမ္ဘာ့ဖော်ရွေမှု အရှိဆုံး မြို့ကြီး ၂၀ ကို CNN သတင်းဌာနက ဖော်ပြရာတွင် မြန်မာနိုင်ငံမှ မန္တလေးမြို့မှာ နံပါတ်စဉ် ရှစ်၌ ဖော်ပြခံရကြောင်း CNN နှင့် Xinhua သတင်းဌာနတို့၏ ဖော်ပြချက်အရ ၁၇-၈-၂၀၁၃ရက်တွင် သတင်းရရှိသည်။ အလားတူပင် ကမ္ဘာ့ဖော်ရွေမှု အကင်းမဲ့ဆုံး မြို့ ၂၀ နှင့် နိုင်ငံတို့ကိုလည်း ဖော်ပြရေးသားခဲ့ပြီး တရုတ်နိုင်ငံမှ မြို့နှစ်မြို့လည်း ပါဝင်နေသည်ဟု ဖော်ပြချက်များမှ သိရသည်။ CNN သတင်းဌာနသည် ကမ္ဘာကျော် ခရီးသွားမဂ္ဂဇင်း(Conde Nest Traveller)၏ စစ်တမ်းပြုစုမှုအပေါ် ကိုးကားပြီး ပြန်လည် ဖော်ပြခြင်း ဖြစ်ကာ ဖတ်ရှုသု ၄၆၀၀၀ ကျော်ထံမှ သုံးသပ်ချက်များကို အတည်ပြုထားခြင်း ဖြစ်ကြောင်း သိရသည်။ ''နယူးယောက်မြို့နားမှာ ရှိတဲ့ Newark ဟာ အဆိုးဝါးဆုံး ဖော်ရွေမှု မရှိတဲ့ ဒေသထဲမှာ ပါဝင်နေတယ်လို့ စာအုပ် ဖတ်ရှုသူတွေဆီက ပြောကြားချက်တွေမှာ တွေ့ရပါတယ် ''ဟု Conde Nest Traveller က ရေးသား ဖော်ပြထားသည်ကို တွေ့ရသည်။ 
ကမ္ဘာ့ဖော်ရွေမှု အရှိဆုံး မြို့များမှာ Florianopolis(ဘရာဇီး)၊ Hobart (Tasmania) ၊ Thimpu (ဘူတန်)၊ Queenstown (နယူးဇီလန်)၊ Charleston (South Carolina) ၊ Cork(အိုင်ယာလန်)၊ Paro (ဘူတန်)၊ မန္တလေး(မြန်မာ)၊ Margaret River (သြစတေးလျ) ၊ Kilkenny (အိုင်ယာလန်)၊ Ubud Bali (အင်ဒိုနီးရှား)၊ chaingmai (ထိုင်း)၊ Christchurch(နယူးဇီလန်)၊ Dubblin (အိုင်ယာလန်) ၊ Galenal (Illinois)၊ Victoria (British Columbia) ၊ Auckland (နယူးဇီလန်) ၊ Savannah (ဂျော်ဂျီယာ)၊ Edinburgh (စကော့တလန်) နှင့် Asheville (North Corolina ) တို့ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာလှည့် ခရီးသွားများ၏ နှစ်သက်မှု ရှိသော တိုင်းပြည် တစ်ခု ဖြစ်နေပြီး မြန်မာနိုင်ငံကို ရောက်ဖူးသူ အများစုထံမှ ပြောနေကျစကား ဖြစ်သည့် ''မြန်မာတွေက တွေက သဘောကောင်းကြတယ်။ ဖော်ရွေတယ်။ နိုင်ငံခြားသားတွေကို အထင်ကြီး လေးစား အရေးတယူ ရှိကြပုံပါပဲ '' ဟူသော အချက်နှင့် ကိုက်ညီစွာပင် ယခုကဲ့သို့ ကမ္ဘာကျော် ခရီးသွားမဂ္ဂဇင်းနှင့် ကမ္ဘာကျော် သတင်းဌာနများက ရေးသား ဖော်ပြလာခြင်း ဖြစ်သည်ဟု သိရသည်။

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment