Subscribe For Free Updates!

We'll not spam mate! We promise.

Friday, August 23, 2013

ခင်ပွန်းနှင့်စကားများပြီး ကြိုးဆွဲချသေဆုံးသည့် အမျိုးသမီးအမှု စစ်ဆေးနေ

ခင်ပွန်းသည်နှင့် စကားများပြီးနောက် မိမိကိုယ်ကို ကြိုးဆွဲချ အဆုံးစီရင်လိုက်သည့် အမျိုးသမီး၏ အမှုကိစ္စနှင့် ပတ်သက်၍ အမှန်တကယ် မိမိကိုယ်ကို အဆုံးစီရင်မှုဟုတ်၊ မဟုတ်သေချာစေရန် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ရဲစခန်းမှ ရဲများကစစ်ဆေးနေကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

သေဆုံးသွားသည့် အမျိုးသမီးမှာ အသက် ၃၅ နှစ်အရွယ် မလင်းလင်းအေးဆိုသူဖြစ်ပြီး သူမသည် နေအိမ်အတွင်း၌ ပက်လက်အနေအထားဖြင့် လည်ပင်းတွင် ကြိုးပွန်းဒဏ်ရာများရကာ သေဆုံးနေခြင်းဖြစ်ကြောင်း ရဲမှတ်တမ်း တွင် တွေ့ရသည်။

ရဲများက ထိုကိစ္စကို စုံစမ်းမေးမြန်းရာ သေဆုံးသူ အမျိုးသမီးသည် ခင်ပွန်းဖြစ်သူ ဦးအောင်မင်းသန့်နှင့် စကားများ ခဲ့ပြီး ခင်ပွန်းဖြစ်သူ အိပ်ပျော်နေစဉ် နေအိမ်အတွင်းရှိ ခြောက်ပေခန့်မြင့်သည့် ထုတ်တန်းတွင် အ၀တ်စများဖြင့် ကျစ်ထားသည့် ကြိုးကိုကွင်းလျှောပြုလုပ်ကာ ကြိုးဆွဲချခဲ့ခြင်းဖြစ်သည်ဟု စစ်ဆေး တွေ့ရှိခဲ့သည်ဟု ရဲဌာနက ဆိုသည်။

သူမထိုသို့ ကြိုးဆွဲချထားသည်ကို ခင်ပွန်းသည်က အိပ်ယာနိုးလာချိန်တွင် တွေ့ရှိသဖြင့် အောက်သို့ချကာ ကုသပေး
နေစဉ် သေဆုံးသွားခဲ့ကြောင်းလည်း ရဲဌာနက စစ်ဆေးတွေ့ရှိခဲ့သည်ဟု ဆိုသည်။ အလောင်းကို သင်္ဃန်းကျွန်း စံပြဆေးရုံသို့ ပို့ဆောင်ကာ စစ်ဆေးလျှက်ရှိသည်။

ရဲများက ထိုအမျိုးသမီး သေဆုံးမှုသည် အမှန်တကယ် ကြိုးဆွဲချသေဆုံးခြင်းဟုတ်၊ မဟုတ် သံသယရှိသဖြင့် စုံစမ်းမှုများ ဆက်လက်ပြုလုပ်ကြဦးမည်ဖြစ်ရာ ဒုရဲအုပ်အောင်သီဟက တရားလိုပြုလုပ်တိုင် တန်းထားပြီး မြို့နယ် ရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၁၆/၂၀၁၃ဖြင့် အမှုဖွင့် စစ်ဆေးလျှက်ရှိသည်ဟု ရန်ကုန်တိုင်းရဲဌာနက သတင်းထုတ်ပြန်သည်။

credit;MIZZIMA

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment