ယက်စ်နီ သြဂုတ် ၂၂
Dnepr အာကာသ အစီအစဉ်အတွက် တောင်ကိုရီးယား နိုင်ငံ၏ Kompsat-5 ဂြိုဟ်တုကို ပတ်လမ်းအတွင်းသို့လွှတ်တင်ရန် ရုရှား၏ တိုက်ချင်းပစ် ဒုံးကျည်ကို သြဂုတ် ၂၂ ရက်က ပုံစံပြောင်းလဲ
အသုံးပြုခဲ့ကြောင်း ဂြိုဟ်တု လွှတ်တင်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။
အဆိုပါ ဒုံးကျည်ကို ဒုံးပျံအဖြစ် အသုံးပြု လွှတ်တင်ခြင်းသည် ယခုတစ်ကြိမ် အပါအဝင် (၁၈) ကြိမ်မြောက် ရှိပြီဖြစ်ကြောင်း သိရသည်။ RS-20 အမည်ရှိ တိုက်ချင်းပစ် ဒုံးကျည်သည် ကမ္ဘာပေါ်တွင် စွမ်းအား အပြင်းဆုံးသော တိုက်ချင်းပစ် ဒုံးကျည် တစ်စင်းဖြစ်ပြီး ၁၉၇၃ ခုနှစ်မှစ၍ အသုံးပြုခဲ့ကာ ယနေ့အချိန်ထိ ရုရှား၏ မဟာဗျူဟာမြောက် ဒုံးတပ်ဖွဲ့တွင် အသုံးပြုလျက် ရှိသည်။
အဆိုပါ ဒုံးကျည်အား ရုရှားနိုင်ငံ၏ စစ်လက်နက် ပစ္စည်းအဖြစ် သုံးစွဲမှုမှ တဖြည်းဖြည်း လျှော့ချကာ Dnepr အာကာသ အစီအစဉ်အတွက် ဒုံးပျံယာဉ်အဖြစ် ပြောင်းလဲ အသုံးပြုလျက် ရှိကြောင်း သိရသည်။
ယခု လွှတ်တင်ခဲ့သော Dnepr ဂြိုဟ်တုသည် စွယ်စုံသုံး ဂြိုဟ်တုတစ်လုံးဖြစ်ပြီး သဘာဝ ဘေးအန္တရာယ်နှင့် သဘာဝ စွမ်းအင် အရင်းအမြစ်များကို စောင့်ကြည့် ရှာဖွေနိုင်မည် ဖြစ်ကြောင်း သိရသည်။
credit;MWD







0 comments:
Post a Comment