Subscribe For Free Updates!

We'll not spam mate! We promise.

Friday, August 23, 2013

၁၅၀၀ တန် စီဒီအမ်အေဖုန်းအတွက် ကျပ် ၅၀၀၀ တန်ငွေဖြည့်ကတ်သာ ရောင်းမည်

၁၅၀၀ တန် စီဒီအမ်အေ ၈၀၀ မဂ္ဂါဟဇ် မိုဘိုင်းဖုန်းများအတွက် ကျပ် ၁၀၀၀၀ တန် ငွေဖြည့်ကတ်များ ဈေးကွက် အတွင်း ရောင်းချ ခြင်းမပြုတော့ဟု သိရပြီး ယင်းကတ်များမှာ ၀ယ်ယူသူနည်းသောကြောင့် ထပ်မံ မထုတ်လုပ်ခြင်း
ဖြစ်နိုင်ကြောင်း ဈေးကွက်အတွင်းရှိ ဖုန်းကတ်အရောင်းဆိုင်များမှ စုံစမ်းသိရှိ ရသည်။

ယင်းဖုန်းများအတွက် ကျပ် ၅၀၀၀ တန် ငွေဖြည့်ကတ်များသာ ၀ယ်ယူနိုင်တော့မည် ဖြစ်ပြီး ယင်းသို့ ကျပ် ၁၀၀၀၀ တန်ငွေဖြည့်ကတ် ထပ်မံမထုတ်လုပ်တော့ခြင်းမှာ သြဂုတ်လအတွင်းကပင်ဖြစ်သည်ဟု ဆိုသည်။ ဈေးကွက်အတွင်း ကျပ် ၁၀၀၀၀ တန်နှင့် ကျပ် ၅၀၀၀ တန်ဖုန်းကတ်များ၏ ရောင်းအားမှာ လည်းများစွာကွာခြားသည်ဟု အရောင်း ဆိုင်အချို့က ဆိုသည်။

ဈေးကွက်အတွင်းရှိ မိုဘိုင်းဖုန်းဆိုင် တစ်ဆိုင်က “ရောင်းအားကတော့ တော်တော်ကွာပါတယ်။ စီဒီအမ်အေ ၈၀၀ ငွေ ဖြည့်ကတ် ကျပ် ၁၀၀၀၀ တန်ငွေဖြည့်ကတ် နှစ်ကတ်ရောင်းရတဲ့အချိန်မှာ ကျပ် ၅၀၀၀ တန်ငွေဖြည့် ကတ်က ရှစ်ကတ်လောက် ရောင်းထွက်သွားပြီဆိုတော့ ရောင်းအားကွာခြားချက်က ၈၀၊ ၂၀ ရာခိုင်နှုန်းလောက် ရှိတာပေါ့”ဟု ဆိုသည်။

၁၅၀၀ တန် ဖုန်းကိုင်ဆောင်သူတစ်ဦးကလည်း “ငွေဖြည့်ကတ်ကို ကျပ် ၅၀၀၀ တန်ပဲ ၀ယ်ဖြည့်တာ များပါတယ်။ တချို့ကတော့ ပြောကြ ၁၅၀၀ တန် စီဒီအမ်အေ ၈၀၀ မဂ္ဂါဟဇ် မိုဘိုင်းဖုန်းများအတွက် ကျပ် ၁၀၀၀၀တန် ငွေဖြည့် ကတ်များ ဈေးကွက်အတွင်း ရောင်းချခြင်းမပြုတော့ဟု သိရပြီး ယင်းကတ်များမှာ ၀ယ်ယူသူနည်းသောကြောင့် ထပ်မံ မထုတ်လုပ်ခြင်းဖြစ်နိုင်ကြောင်း ဈေးကွက် အတွင်းရှိ ဖုန်းကတ်အရောင်းဆိုင်များမှ စုံစမ်းသိရှိရသည်။

ယင်းဖုန်းများအတွက် ကျပ် ၅၀၀၀ တန် ငွေဖြည့်ကတ်များသာ ၀ယ်ယူနိုင်တော့မည် ဖြစ်ပြီး ယင်းသို့ ကျပ် ၁၀၀၀၀ တန်ငွေဖြည့် ကတ် ထပ်မံမထုတ်လုပ်တော့ခြင်းမှာ သြဂုတ် လအတွင်းကပင်ဖြစ်သည်ဟု ဆိုသည်။ ဈေးကွက် အတွင်း ကျပ် ၁၀၀၀၀ တန်နှင့် ကျပ် ၅၀၀၀ တန်ဖုန်းကတ်များ၏ ရောင်းအားမှာ လည်း များစွာကွာခြားသည်ဟု အရောင်းဆိုင်အချို့က ဆိုသည်။

ဈေးကွက်အတွင်းရှိ မိုဘိုင်းဖုန်းဆိုင် တစ်ဆိုင်က “ရောင်းအားကတော့ တော်တော်ကွာပါတယ်။ စီဒီအမ်အေ ၈၀၀
ငွေ ဖြည့်ကတ်ကျပ် ၁၀၀၀၀ တန်ငွေဖြည့်ကတ် နှစ်ကတ်ရောင်းရတဲ့အချိန်မှာ ကျပ် ၅၀၀၀ တန်ငွေဖြည့်ကတ်က ရှစ်ကတ်လောက် ရောင်းထွက်သွားပြီဆိုတော့ ရောင်းအား ကွာခြားချက်က ၈၀၊ ၂၀ ရာခိုင်နှုန်းလောက် ရှိတာပေါ့” ဟု ဆိုသည်။

၁၅၀၀ တန် ဖုန်းကိုင်ဆောင်သူတစ်ဦးကလည်း “ငွေဖြည့်ကတ်ကို ကျပ် ၅၀၀၀ တန်ပဲ ၀ယ်ဖြည့်တာ များပါတယ်။ တချို့ကတော့ ပြောကြတယ်။ ကျပ် ၅၀၀၀ တန် ငွေဖြည့်ကတ်က ပိုပြီးတော့ ဖုန်းဘီလ် အကုန် မြန်တယ်လို့ ထင်ရတယ်ပေါ့။ ဒါပေမဲ့လည်း ကိုယ်သုံးနိုင်တဲ့အတိုင်းအတာနဲ့ ချင့်ချိန်ပြီး ၀ယ်ယူ ရတာပေါ့”ဟု ပြောသည်။

အဆိုပါ ကျပ် ၁၀၀၀၀ တန် ငွေဖြည့်ကတ်မှာ ၁၅၀၀ တန် စီဒီအမ်အေ ၈၀၀ မဂ္ဂါဟဇ်ဖုန်းများအတွက်သာ ထုတ်လုပ်မှု မပြုတော့ခြင်းဖြစ်သည်။

ပြည်မြို့မှ ဖုန်းငွေဖြည့်ကတ်လက်ကား ရောင်းချပေးနေသူတစ်ဦးဖြစ်သည့် ကိုခန့်စည်လှိုင်က “နယ်မှာ တန်ဖိုးနည်း ဖုန်း စီဒီအမ်အေဖုန်းငွေဖြည့်ကတ် ၀ယ်ယူလို့မရတော့တာ နှစ်ပတ်လောက်ပဲ ရှိပါသေးတယ်။ ငွေဖြည့်ကတ် လက်ကျန်တွေလည်း ရှိသေးလို့ပါ”ဟု ဆိုသည်။

ဖုန်းကတ်များ ၀ယ်ယူရာတွင် ကျပ် ၁၀၀၀၀ တန်ထက် ကျပ် ၅၀၀၀ တန် ငွေဖြည့်ကတ်ကိုသာ ပိုမိုဝယ် ယူကြောင်း
ဈေးကွက်အတွင်းရှိ မိုဘိုင်းအရောင်းဆိုင်များမှသိရသည်။ အဆိုပါ ၁၅၀၀ တန် မိုဘိုင်းဖုန်းများကို ဧပြီလအတွင်းက စတင်ချထားပေးခဲ့ခြင်းဖြစ်သည်။

တယ်။ ကျပ် ၅၀၀၀ တန် ငွေဖြည့်ကတ်က ပိုပြီးတော့ ဖုန်းဘီလ်အကုန် မြန်တယ်လို့ ထင်ရတယ်ပေါ့။ ဒါပေမဲ့လည်း ကိုယ်သုံးနိုင်တဲ့အတိုင်းအတာနဲ့ ချင့်ချိန်ပြီး ၀ယ်ယူရတာပေါ့”ဟု ပြောသည်။

အဆိုပါ ကျပ် ၁၀၀၀၀ တန် ငွေဖြည့် ကတ်မှာ ၁၅၀၀ တန် စီဒီအမ်အေ ၈၀၀ မဂ္ဂါဟဇ်ဖုန်းများအတွက်သာ ထုတ်လုပ်မှု မပြုတော့ခြင်းဖြစ်သည်။

ပြည်မြို့မှ ဖုန်းငွေဖြည့်ကတ်လက်ကား ရောင်းချပေးနေသူတစ်ဦးဖြစ်သည့် ကိုခန့် စည်လှိုင်က “နယ်မှာ တန်ဖိုးနည်း ဖုန်း စီဒီအမ်အေဖုန်းငွေဖြည့်ကတ် ၀ယ်ယူလို့မရ တော့တာ နှစ်ပတ်လောက်ပဲရှိပါသေး တယ်။ ငွေဖြည့်ကတ် လက်ကျန်တွေလည်း ရှိသေးလို့ပါ”ဟု ဆိုသည်။

ဖုန်းကတ်များ ၀ယ်ယူရာတွင် ကျပ် ၁၀၀၀၀ တန်ထက် ကျပ် ၅၀၀၀ တန် ငွေဖြည့်ကတ်ကိုသာ ပိုမိုဝယ်ယူကြောင်း
ဈေးကွက်အတွင်းရှိ မိုဘိုင်းအရောင်းဆိုင်များမှ သိရသည်။ အဆိုပါ ၁၅၀၀ တန် မိုဘိုင်းဖုန်းများကို ဧပြီလအတွင်းက စတင်ချထားပေးခဲ့ခြင်းဖြစ်သည်။
credit;MiZZIMA

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment