သြဂုတ်လ ၁၇ ရက်နေ့က ဘရာဇီးနိုင်ငံသူ အသက် ၁၀၃ နှစ်အရွယ် အိုင်ဒါမန်ဒီ အမည်ရှိ အဘွားအိုတစ်ဦးသည် ၎င်း၏ နည်းပြနှင့် အတူ ၉၈၄၂ ပေအမြင့်မှ နှစ်ယောက်တွဲ ခုန်ကာ ကမ္ဘာ့အသက်အကြီးဆုံး လေထီးခုန်သူ အဖြစ် စံချိန်တင်ရန် ကြိုးစားခဲ့ကြောင်း သြဂုတ်လ ၁၈ ရက်နေ့ သတင်းများအရ သိရသည်။ အိုင်ဒါက ဘရာဇီး၊ အာဂျင်တီးနားနှင့် ပါရာဂွေးနိုင်ငံနယ်နမိတ်တို့ဆုံဘရာ နေရာတွင် လေထီးခုန်ခဲ့ခြင်း ဖြစ်ပြီး ယခုအကြိမ်သည် အိုင်ဒါ အသက် ၁၀၀ပြည့်ပြီး နောက်ပိုင်းတွင် ဒုတိယအကြိမ် လေထီးခုန်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
အိုင်ဒါက စံချိန်တင်ရန် သက်ဆိုင်ရာ စာရွက်စာတမ်းများ ပြုလုပ်ခဲ့သည်ဟု ဆိုသော်လည်း ဂင်းနက်စ်ကမ္ဘာ့စံချိန် အေဂျင်စီက အိုင်ဒါထံမှ စာ ရွက်စာတမ်းများ လက်ခံရရှိခဲ့ခြင်း မရှိသေးကြောင်း သိရသည်။ အိုင်ဒါ၏လေထီးခုန် ၍စံချိန်တင်ရန် ကြိုးပမ်းမှုမှာ ခြောက်မိနစ်ခန့် ကြာမြင့်ခဲ့ပြီး အိုင်ဒါက ကျန်းမာရေး ကောင်းနေသရွေ့ ဆက်လက် ကြိုးစားသွားဦးမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ အိုင်ဒါသည် လေထီးမခုန်မီတွင် ကျန်းမာရေး စစ်ဆေးမှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
credit;SMG







0 comments:
Post a Comment