Subscribe For Free Updates!

We'll not spam mate! We promise.

Friday, August 30, 2013

၂၀၁၅ ခုနှစ်တွင် မိုးပျံလူသားများ အမှန်တကယ် ပေါ်ထွက်လာတော့မည်


လေကြောင်းဆိုင်ရာစက်နှင့် ယာဉ်အပိုပစ္စည်းများ ထုတ်လုပ်ရောင်းချသော လုပ်ငန်းတစ်ခုဖြစ်သည့် Martin ကုမ္ပဏီသည် လာမည့် ၂၀၁၅ ခုနှစ်အတွက် တစ်ကိုယ်ရေသုံး ပျံသန်းရေးယာဉ်တစ်မျိုးကို သူ၏စာမျက်နှာတွင် မိတ်ဆက်ပြသ လိုက် သည်။ အဆိုပါယာဉ်ကို ဓာတ်ငွေ့ရည် လောင်စာအင်ဂျင်အသုံးပြုထားပြီး လူတစ်ဦး၏ ကျောတွင် ပိုးလွယ်ထားရုံမျှဖြင့် ဝေဟင်အတွင်းအလွယ်တကူ ပျံသန်းသွားလာနိုင်မည်ဖြစ်သည်။ အဆိုပါယာဉ် တည်ဆောက်ရေး လုပ်ငန်းမှာ စမ်းသပ်ဆဲ ကာလဖြစ်သည့်အတွက် စက်၏အရွယ်အစားမှာ လူတစ်ဦး၏ ကျောထက်တွင် ပိုးလွယ် သွား နိုင်လောက်သည့်  အရွယ်အစားမရောက်သေးကြောင်း၊ ဆက်လက်၍ လူတစ်ဦး အမှန်တကယ် သယ်ဆောင်ရ လွယ်ကူစေမည့် အရွယ်အစားသို့ ရောက်ရှိအောင် ထပ်မံ ကြိုးစားသွားမည်ဖြစ်ကြောင်း Martin ကုမ္ပဏီမှ အမှု ဆောင်အရာရှိချုပ် Jenny Morel က ၎င်း လုပ်ငန်း၏စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

အဆိုပါယာဉ် ကို ကယ်ဆယ်ရေးဆိုင်ရာလုပ်ငန်းများ၊  ရဲမှုခင်းဆိုင်ရာ လုပ်ငန်းများ၊  သဘာဝဘေးအန္တရာယ်ဆိုင်ရာလုပ်ငန်း များတွင် အသုံးပြုနိုင်ရန်နှင့် ယနေ့ ကမ္ဘာ့နိုင်ငံအများအပြား တွင် ကြုံတွေ့နေရသော ယာဉ်ကြောပိတ်ဆို့မှုပြဿနာများအတွက် အထူးရည်ရွယ်တည်ဆောက်လျက်ရှိသည် ဟု သိရှိရသည်။ လူတစ်ဦးတစ်ယောက်အတွက် သွားလာမှု လွယ်ကူလျင်မြန်စေရန်နှင့်    ထိန်းချုပ်မောင်းနှင်မှု ဆိုင်ရာများကိုပါ အသုံးပြု သူများ လွယ်ကူလျင်မြန်မှုရှိစေရန်အတွက်လည်း အဆင့်မြင့်နည်းပညာများအသုံးပြုကာ တည်ဆောက်၍ ဈေးကွက် အတွင်းသို့ပို့ဆောင်ပေး မည် ဖြစ် သည်ဟု သိရှိရသည်။

ဗြိတိန်နိုင်ငံ တော်ဝင်လေတပ်မှ အဆင့်မြင့်အရာရှိများကိုယ်တိုင်  လာရောက်စမ်းသပ် မောင်းနှင်ခဲ့ကြကြောင်း သိရသည်။ ၂၀၀၄  ခုနှစ်ကာလ ကတည်းက အဆိုပါစက်ကို စတင်စမ်းသပ် ခဲ့ကြပြီး ယခုနှစ်အတွင်း   စမ်းသပ်မှုရလဒ်များအရ   ကမ္ဘာ့ဈေးကွက် အတွင်းသို့ အမှန်တကယ် ပို့ဆောင်ပေးနိုင်တော့မည် ဖြစ်ပြီး  အဆိုပါယာဉ်ကို  လူလိုက်ပါစမ်းသပ်မောင်းနှင် စေကာ တစ်နာရီလျှင် ၃၅ မိုင်နှုန်းဖြင့် အမြင့်ပေ ၇၀၀၀ မှ ၈၀၀၀ အထိစမ်း သပ်မောင်းနှင်နိုင်ခဲ့ကြောင်းလည်း သိရသည်။ နယူးဇီလန်နိုင်ငံအခြေစိုက် Martin လုပ်ငန်းသည် အဆိုပါ စက်ကို မကြာမီအချိန်ကာလအတွင်း အမှန်တကယ် ရောင်းချတော့မည်ဖြစ်ပြီး စက်၏ဈေးနှုန်းမှာမူ နောက်ဆုံး ပေါ် ဇိမ်ခံ ကားများ၏ တန်ဖိုးထက်ပင် ပိုများနေနိုင်ကြောင်းသိရသည်။ မြင်းကောင်ရေအား ၂၀၀ လောက်ဖြင့် မောင်း နှင်နိုင်မည့်  အဆိုပါစက်ကို  နည်းပညာရှင်များက  သေးငယ်သည်ထက်  သေးငယ်ပြီး  ပိုမိုမြန် ဆန်အောင် ပြုလုပ် တည်ဆောက် နေသောကြောင့်  ၂၀၁၅  ခုနှစ် လောက်မှသာလျှင် အဆိုပါစက်ကို သုံးစွဲသူများ လက်ဝယ် အရောက် စိတ်ချစွာ ထည့်ပေးနိုင် မည်ဖြစ်ကြောင်း အဆိုပါ လုပ်ငန်းမှ  နည်းပညာပိုင်းဆိုင်ရာ  တာဝန်ခံ တစ်ဦးက ပြောကြား သည်။

credit:NPE

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment