Subscribe For Free Updates!

We'll not spam mate! We promise.

Friday, August 30, 2013

မိုးပျံကား ဖြန့်ချိရောင်းချတော့မည်


အမေရိကန်အခြေဆိုက် Terrafugia တို့ ကြိုးစားပန်းစား ဖန်တီးနေတဲ့ မိုးပျံကား ကို ဈေးကွက်သို့ တက် ရောင်းချ နိုင်တော့မှာ ဖြစ် ပါတယ်။ ဈေးနှုန်း ကတော့ အမေရိကန်ဒေါ်လာ ၂၇၉၀၀၀ ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၂သိန်း ၈ သောင်း နီးနီးပါ။

ဒီတော့ မြန်မာငွေနဲ့ တွက်ကြည့်ရင် သိန်း ၂၅၀၀ ဝန်းကျင် ဖြစ်ပါတယ်။ ဒီတော့ သွင်းလို့ရသည်ရှိ မရသည်ရှိ သာမန် ကားတင်သွင်းနေကျ ဥပဒေနဲ့ တွက်ကြည့်တော့ မြန်မာကျပ်ငွေ သိန်း ၇၀၀၀ ထောင် လောက် တတ်နိုင်ရင် ဝယ်စီးနိုင်မယ့်ကားမျိုး ဖြစ်သည်လို့ ခန့်မှန်းမိလိုက်ပါသေးတယ်။ ဒီအတွက် အမေရိကန်မှာတော့ Law and Regulation ဆွဲပြီးသွားပြီလို့ဆိုပါတယ်။ သူက ကုန်းကြောင်းသွား ကားဥပဒေနဲ့ လေပေါ်သွား လေယာဉ်ပျံ ဥပဒေ နှစ်မျိုးကိုရောလို့ လိုင်စင်ချပေးပြီး ရောင်းရတာလေ။ ဒီတော့ ဝယ်မယ့်သူက ပိုင်းလော့မကျ၊ ဒရိုင်ဘာမကျ ဘဝကိုရောက်မယ် ထင်ပါတယ်။

သို့ပေမယ့် ကားပျံ တစ်စီးဖြစ်ကြောင်းသာ ဆိုထားပါတယ်။ ဒီတော့ အတွင်းမှာ ကားအင်ဂျင်လုပ်ဆောင်ချက်များက သာမန်ကားတစ်စီး အတိုင်းဖြစ်မယ်။ သို့ပေမယ့် ပျံသန်းတော့မယ်ဆိုရင် လည်စေမယ့် အူတိုင်က ဘီးမဟုတ်တော့ပဲ ပန်ကာဘက်ကို ပြောင်းမှာ ဖြစ်ပါတယ်။ ဆီစားကတော့ သာမန် ကား Gasoline ကိုပဲ အသုံးပြုလို့ နိုင် မှာ ဖြစ် ပါတယ်။ လေယာဉ်ဆီ သုံးစရာမလိုပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဆီစား ကတော့ တော်တော်လေးများလိမ့်မယ်လို့ ခန့်မှန်းမိကြပါတယ်။ ထုတ်လုပ်တဲ့ ကုမ္မဏီကတော့ Terrafugia ရဲ့  ဆီစားနှုန်းဟာ သာမန်ကားတစ်စီးနဲ့ မထူးမခြားနားဖြစ်အောင် ကြိုးစား ဖန်တီးထားသတဲ့။

တစ်နာရီ မိုင် ၁၀၀ နှုန်းနဲ့ မိုးပေါ်မှာမောင်းနှင်နိုင်ပါတယ်။ မိုးပေါ် တစ်ခါပြန် တက်ဖို့အတွက် ပေ ၁၇၀၀ ခရီးတော့ လိုသတဲ့။ ဒီတော့ မီးပွိုင့်မိနေတုန်း မိုးပေါ်ပျံမယ်ဟေ့ဆိုပြီး ထပြန်လိုက်လို့တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။ နဂိုကလည်း ပျံချင်ရင် အိမ်က စထွက်ကတည်းက ပျံရမယ့် အနေအထားမှာ ရှိပါတယ်။ သို့ပေမယ့် မီးပွိုင့်မိမယ်ဆိုတာ မီတာ ၆၀၀ လောက်ကို ကြိုမြင်ပြီဆိုရင်တော့ ပျံနိုင်လောက်မယ် ထင်ပါတယ်။ လေယာဉ်ပျံလို လည်း မောင်းရတာ ရှုပ်မယ့်ကားလည်း မဟုတ်ပါဘူး။ အတွင်းခန်းက ထိန်းချုပ်စနစ် အားလုံးဟာ ကားတစ်စီးလိုပဲ ဖြစ်ကြောင်း ဆိုထားပါတယ်။

ယခုနှစ်အတွင်း အမေရိကန်မှာ စတင်ဖြန့်ချိရောင်းချ သွားပြီး ကမ္ဘာအနှံ့ဖြန့်ချိဖို့ စီစဉ်ထားကြောင်း သိရပါတယ်

credit: Aung Kham (TSJ team)

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment