
အမျိုးသမီးတွေ အနေနဲ့ နေ့စဉ် ဆေးလိပ် အနည်းငယ် သောက်ရုံနဲ့ လေးဖက်နာ အဆစ်ရောင် ရောဂါဖြစ်နိုင်ခြေ နှစ်ဆခန့် မြင့်မား တယ်လို့ လေ့လာမှု အသစ်အရ တွေ့ရှိ ထားပါတယ်။ တစ်နေ့ကို ဆေးလိပ် တစ်လိပ်မှ ခုနစ်လိပ်အတွင်း သောက်သူ တွေဟာ ဆေးလိပ် မသောက်သူ တွေထက် အဆစ်ရောင် ရောဂါ ဖြစ်နိုင်ခြေဟာ နှစ် ဆခန့် မြင့်မား ပါတယ်။ ဆေးလိပ် ဖြတ်ပြီး ၁၅ နှစ်ကြာရင် တောင်မှ ရောဂါဖြစ်နိုင် ခြေဟာ နှစ်ဆခန့် ဆက်လက် မြင့်မားနေ တယ်လို့ သိရပါတယ်။
RA လို့ခေါ်တဲ့ လေးဖက်နာ အဆစ် ရောင်ရောဂါဟာ မိမိရဲ့ဆဲလ်တွေကို မိမိ ရဲ့ခုခံအား စနစ်က ပြန်လည် တိုက်ထုတတဲ့ ရောဂါတစ်မျိုး ဖြစ်ပြီး အဆစ်တွင်းမှာ ရောင်ရမ်း နာကျင်မှုတွေ ဖြစ်ပေါ်တဲ့ ရောဂါပါ။ အဆစ်အပြင် အဆစ်ပတ်ဝန်းကျင် မှ တစ်သျှူးတွေနဲ့ ခန္ဓာကိုယ်မှ တခြား အင်္ဂါတွေကိုပါ ရောင်ရမ်း တတ်ပါတယ်။ အစပထမမှာ လက်နဲ့ခြေထောက်က အ ဆစ်တွေ ရောင်ရမ်းပြီး နာကျင်မှုဖြစ်ပေ မယ့် နောက်ပိုင်းမှာ ခန္ဓာကိုယ်တစ်ကိုယ် လုံးမှ အဆစ်တွေကိုပါ နာကျင်မှုဖြစ်တတ် ပါတယ်။
RA ရောဂါရှိတဲ့ သူတွေဟာ အဆစ်တွေ တောင့်တင်း နေတတ်ပါတယ်။ အသက် အရွယ်မရွေး ဖြစ်တတ်ပေမယ့် အသက် ၄၀ ကျော်အရွယ်မှာ ပိုပြီးဖြစ် တတ်ပါတယ်။ အမျိုးသမီး တွေဟာ အမျိုးသား တွေထက် နှစ်ဆမှ သုံးဆပိုပြီး ဖြစ်တတ်ပါတယ်။ မကြာခင်က လေ့လာ မှုအရ ဆီးချိုရောဂါ ရှိတာနဲ့ ဆေးလိပ် သောက်တာ တွေဟာ RA ရောဂါဖြစ်နိုင် ခြေကို မြင့်မားစေတဲ့အချက်တွေလို့ သိ ရပါတယ်။ နေရောင်ခြည် အထူးသဖြင့် Ultraviolet ထိတွေ့ရင်မူ RA ရော ဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်တယ်လို့ ဆို ပါတယ်။
BY GOOD HEALTH
Socializer Widget By Blogger Yard
Related Posts:
ကျန်းမာရေးအသိပညာ
0 comments:
Post a Comment