မြောက်ကိုရီးယားကပင်လယ်ကမ်းရိုးတန်းတွင် တပ်ဆင်ထားသော
ရွှေ့ပြောင်းနိုင်သည့် ဒုံးလက်နက်နှစ်ခုကို မေလ(၆)ရက်တွင် ဖယ်ရှား
လိုက်ပြီဖြစ်ကြောင်း သိရသည်။ပြီးခဲ့သောရက်အနည်းငယ်အတွင်း နိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းဝန်ဆန်မြို့အနီးတွင် တပ်ဆင်ထားသော လက်နက်
များအား ပြန် လည်ရုတ်သိမ်းခဲ့ခြင်းကြောင့် မြောက်ကိုရီးယား၏ခြိမ်းခြောက်မှု
များသည် လေသံလျော့လာသည့်လက္ခဏာတစ်ရပ်ဖြစ်နိုင်ကြောင်း ဂျပန်နှင့်
အမေရိ ကန်သတင်းရင်းမြစ်များမှ သိရသည်။အမေရိကန်နိုင်ငံတွင် ဂြိုဟ်တု
မှတစ်ဆင့်ဆက်လက်စောင့်ကြည့်နေဆဲဖြစ်ပြီး မြောက်ကိုရီးယား၏
လုပ်ဆောင်မှုသည် တိုးတက်လာသောလက္ခဏာတစ်ရပ်ဟု အသေအချာ
ပြောရန်စောနေသေးကြောင်း အိမ်ဖြူတော်ထိပ်တန်းအရာရှိတစ်ဦးမှ
ပြောကြားခဲ့ကြောင်း NHKသတင်းဌာနမှသိရသည်။
credit to>>မြဝတီ
Socializer Widget By Blogger Yard
Related Posts:
global military news
0 comments:
Post a Comment