Subscribe For Free Updates!

We'll not spam mate! We promise.

Monday, May 6, 2013

အမေရိကန်တွင် ဇိမ်ခံကားမီးလောင်မှုအတွင်း အသစ်စက်စက် သတို့သမီး သေဆုံး

 
မေလ ၆ ရက် ၂၀၁၃
မင်္ဂလာဦး အကြိုအဖြစ် ပါတီပွဲ ကျင်းပခဲ့သည့် သတို့သမီးနှင့်အတူ အခြား (၄)ဦးတို့သည် ဇိမ်ခံ မော်တော်ကားကြီး မီးလောင်မှုအတွင်း သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။

အမေရိကန်နိုင်ငံ၊ ဆန်ဖရန် ဆစ္စကိုတွင် ဇိမ်ခံကားကြီးတစ်စင်း မီးလောင်မှု ဖြစ်ပွားရာ အသစ်စက်စက် သတို့သမီး အပါအဝင် လူ(၅)ဦး သေဆုံးသွားကြောင်း သိရှိရသည်။ မင်္ဂလာဦး အကြိုအဖြစ် ပါတီပွဲ ကျင်းပခဲ့သည့် သတို့သမီးနှင့်အတူ အခြား (၄)ဦးတို့သည် ဇိမ်ခံ မော်တော်ကားကြီး မီးလောင်မှုအတွင်း သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။ အဆိုပါ မော်တော်ကားကြီးသည် ဆန်ဖရန်စ္စကို၏ နယ်နိမိတ်အတွင်း တံတားကြီးတစ်ခုကို ဖြတ်သန်းစဉ် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။

သေဆုံးသွားသည့် သတို့သမီး၏ အမည်ကို ရဲက မကြေညာခဲ့ဘဲ သူမသည် ပူပူနွေးနွေး လက်ထပ်ပွဲ ဆင်နွှဲထားပြီး သူငယ်ချင်းများနှင့်အတူ ပါတီကျင်းပပြီးနောက် သေဆုံးသွားခြင်းဟု သူမ၏ ညီမဖြစ်သူက ပြောဆိုသွားသည်။ အဆိုပါ သတို့သမီးသည် ဇွန်လအတွင်း သူမ၏ ဇာတိနိုင်ငံဖြစ်သော ဖိလစ်ပိုင်သို့ ပြန်သွားကာ နောက်ထပ် မင်္ဂလာပွဲတစ်ပွဲ ဆင်နွှဲရန် စီစဉ်ထားကြောင်းလည်း သိရသည်။ မီးလောင်မှု ဖြစ်ပွားရာ ဇိမ်ခံကားကြီးအတွင်း အမျိုးသမီး (၉)ဦး လိုက်ပါ စီးနင်းလာကာ ယာဉ်မောင်းမှာမူ အမျိုးသား ဖြစ်သည်။ စနေနေ့က ဖြစ်ရပ်တွင် မီးစတင် လောင်ကျွမ်းပြီးနောက် ကူးစက်မှုမှာ အလွန်မြန်ဆန်ခဲ့သည်ဟု ခန့်မှန်းရကြောင်း မီးသတ်များက ဆိုသည်။ မီးစတင် လောင်ကျွမ်းရသည့် အကြောင်းရင်းကိုမူ မသိရသေးဟု အဝေးပြေးလမ်းမ လုံခြုံရေး အရာရှိ အာ့တ် မွန်တီရဲလ်က ပြောကြားခဲ့သည်။

"ဇိမ်ခံကားကြီးကို ကြည့်ရတာ ယာဉ်တိုက်မှုလို ဖြစ်ထားတဲ့ အရိပ်အခြေလည်း မတွေ့ရဘူး။ လောလောဆယ်တော့ ဒီကားကပဲ မီးစလောင်တယ်လို့ ယူဆထားပါတယ်"ဟု မွန်တီရဲလ်က ဆိုသည်။ "ယာဉ်မောင်းက ကားအပြင်ကို ထွက်လာနိုင်ခဲ့တယ်။ တချို့ ဖြတ်သွားဖြတ်လာတွေက ကားရပ်ပြီး အထဲမှာ ပိတ်မိနေသူတွေကို ကူညီ ဆွဲထုတ်ခဲ့ကြတယ်။ ခုထိတော့ ဘာတွေ ဖြစ်သွားခဲ့တယ် ဆိုတာကို ကျွန်တော်တို့ မတွေးတတ်သေးဘူး။ လောလောဆယ်တော့ အားလုံးက စုံစမ်းစစ်ဆေးဆဲ အခြေအနေမှာပဲ ရှိပါသေးတယ်"ဟုလည်း မှုခင်းဘက်ဆိုင်ရာ အရာရှိတစ်ဦးက မှတ်ချက်ပြုသွားခဲ့သည်။

Source: ABC News

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment