Subscribe For Free Updates!

We'll not spam mate! We promise.

Monday, May 20, 2013

ဒေါက်ဖိနပ်နှင့် နောက်ဆက်တွဲပြဿနာများ

 
အနာမခံဘဲ အသာမစံရနိုင်ပေ။ ဒေါက်မြင့်ဖိနပ်နှင့်နာကျင်မှုမှာ ဒင်္ဂါးပြားမှခေါင်းနှင့် ပန်းကဲ့သို့ ခွဲခြား၍မရပေ။လေ့လာမှုအချို့အရဒေါက်ဖိနပ်စီးခြင်း ကဆေးလိပ်သောက်ခြင်းထက် ကျန်းမာရေးကို ပိုမိုဆိုးဝါးစေသည်ဟု အကြံပြု ခဲ့သည်။ ဒေါက်မြင့် ဖိနပ်များကိုအချိန် ပမာဏတစ်ခုအထိ ဝတ်ဆင်ပြီးပါက ကျန်းမာရေး၌ ဆိုးဝါးသောနောက်ဆက် တွဲပြဿနာများကို ဖြစ်ပေါ်စေသည်။ ဒေါက်မြင့် ဖိနပ်တစ်ကြိမ်စီးတိုင်း ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ ခြေချောင်းတွေကို ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလေးချိန်ကို သယ်ခိုင်းထားသလို ဖိအားအများကြီး ဖြစ် ပေါ်စေပါတယ်။ အဲဒီအခါ ကျန် တဲ့ခန္ဓာကိုယ်တစ်ခုလုံးက ခန္ဓာကိုယ် ကို ထိန်းညှိပေးရန် ကြိုးစားရပါတယ်။ အဲဒီခန္ဓာကိုယ်အောက်ပိုင်းတစ်ဝက်က ရှေ့ကိုငိုက်ပြီး၊ အပေါ်တစ်ဝက်က နောက်ကိုလှန်ထားရပါတယ်။ အဲဒီ အခါ ခန္ဓာကိုယ်ရဲ့သဘာဝ ''ပုံစံ ကောက်ကြောင်းကိုပျက်စေပြီး လည် ပင်းရိုးများနဲ့ ခါးရိုးများကိုဟသွားစေ ပါတယ်။ ဒါ့အပြင် ဒေါက်မြင့်ဖိနပ် စီးပြီး လမ်းလျှောက်ပုံကြည့်ရတာ တကယ်ကိုထူးဆန်းပြီး၊ မသက်မသာ ဖြစ်ရပါတယ်။ အကယ်၍ အမျိုးသမီး တစ်ဦးက နေ့စဉ်ဒေါက်မြင့်ဖိနပ်ဝတ် ပါက သူမ၏ ခြေချောင်းများသည် အမြဲတမ်းကွေးနေရသည့်အတွက် ပုံပျက်ယွင်းမှုများ ဖြစ်ပေါ်စေပါသည်။ ဒေါက်မြင့်စီးသူများ လမ်းလျှောက်ချိန် ကြာလာတာနဲ့အမျှ သူမတို့ခြေသလုံး ရှိ ကြွက်သားများ တဖြည်းဖြည်းတို လာကြပြီး နာကျင်မှုကို ခံစားလာရကာ၊ ဟန်ချက်ထိန်းသိမ်းနိုင်မှုလျော့ နည်းလာပြီး၊ ချော်လဲခြင်း၊ ထိခိုက် ဒဏ်ရာရခြင်းတို့ ဖြစ်နိုင်ပါတယ်။ ထို့ပြင် ဒေါက်မြင့်စီး၍ လမ်းလျှောက်ချိန်တွင် ပေါင်ရှေ့ခြမ်းရှိ ကြွက်သား များမှာနားချိန်မရဘဲတောက်လျှောက် အလုပ်လုပ်ရသည့်အတွက် တဖြည်း ဖြည်းတိုလာကြပြီး ရလဒ်အနေဖြင့် အရိုးအဆစ်ရောင်ခြင်းများဖြစ်ပွားနိုင်သည်။ ဥပမာ ခြေမနာခြင်း၊ ဖနောင့်နာခြင်း၊ ခြေကျင်းဝတ်နာခြင်း၊ ပေါင်ရိုးနာခြင်း၊ ခါးနာခြင်း၊ ကျောနာခြင်း၊ ခေါင်းကိုက် ခြင်းတို့ဖြစ်စေနိုင်သည်။ ဒေါက်မြင့် စီးခြင်းက ကျောရှိ ကြွက်သားများကို တောင့်တင်းသွားစေပြီးယင်းကတစ်ဖန် ပြန်၍အာရုံကြောများကို ဖိစေသည့် အတွက်နာတာရှည်ခေါင်းကိုက်ရောဂါ ဖြစ်စေနိုင်ပါတယ်။ အမျိုးသမီးများက လှပပြီး စတိုင်ကျဖို့အတွက်ဆိုရင်၊ နာတာရှည်ဖြစ်နိုင်သည့် ပြဿနာများကို လျစ်လျူရှုပြီးဒေါက်မြင့်စီးလေ့ရှိသည့် အတွက်မိမိနှင့် သင့်လျော်သော ဖိနပ်သာ စီးသင့်ကြောင်းအကြံပေးလိုက်ရပါသည်။
ခရက်ဒစ်...facebook

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment