Subscribe For Free Updates!

We'll not spam mate! We promise.

Monday, May 20, 2013

အင်ဒိုနီးရှားတွင် မိုင်းတွင်းပြိုကျမှုကြောင့် လူ ၁၄ ဦးသေဆုံး


Monday, May 20, 2013

အမေရိကန် လုပ်ငန်းစု တစ်ခုက ပိုင်ဆိုင်သည့် မြေအောက် ရွှေနှင့် ကြေးနီ တူးဖော်ရေး မိုင်းတွင်းတစ်ခု ပြိုကျခဲ့ပြီး ယနေ့တွင် နောက်ထပ် ရုပ်အလောင်း (၅)ခုကို ထပ်မံ ရယူနိုင်ခဲ့သည်။

အင်ဒိုနီးရှား နိုင်ငံတွင် ပြိုကျသွားသော မိုင်းတွင်းအတွင်းမှ နောက်ထပ် အလောင်းများ ထပ်မံ ရရှိနေဆဲဟု အာဏာပိုင်များက ပြောကြားခဲ့သည်။ အမေရိကန် လုပ်ငန်းစု တစ်ခုက ပိုင်ဆိုင်သည့် မြေအောက် ရွှေနှင့် ကြေးနီ တူးဖော်ရေး မိုင်းတွင်းတစ်ခု ပြိုကျခဲ့ပြီး ယနေ့တွင် နောက်ထပ် ရုပ်အလောင်း (၅)ခုကို ထပ်မံ ရယူနိုင်ခဲ့သည်။ ထို့ကြောင့် အသေအပျောက် စာရင်းသည် (၁၄)ဦး ရှိလာပြီဟု တာဝန်ရှိသူများက ဆိုသည်။ နောက်ထပ် (၁၄)ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ပြီး ၎င်းတို့၏ အသက်ဘေးအတွက် စိုးရိမ်နေရကြောင်း သိရှိရသည်။ Freeportက ပိုင်ဆိုင်သော မြေအောက် မိုင်းတွင်းသည် ပြီးခဲ့သည့် သီတင်းပတ် အင်္ဂါနေ့က ပြိုကျခဲ့ခြင်းဖြစ်ပြီး (၃၈)ဦးကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့သည်။ ထို့အပြင် ဒဏ်ရာရနေသည့် မိုင်းလုပ်သား (၁၀)ဦးလည်း လွတ်မြောက်ခဲ့ပြန်သည်။

လတ်တလောတွင် ပြိုကျမှု ဖြစ်ပွားပြီး ကတည်းက ပါပူအာရှိ ဂရက်စ်ဘာ့ဂ် မိုင်းတွင်းတွင် လုပ်ငန်းအားလုံး ရပ်ဆိုင်းထားခဲ့သည်။ အဓိကအားဖြင့် သေဆုံးခဲ့သူများအတွက် ဝမ်းနည်းမှုနှင့် ရိုသေ လေးစားမှု ပြသရန်ဖြစ်ပြီး ကယ်ဆယ်ရေး လုပ်ငန်းများအတွက်သာ ဇောက်ချက လုပ်ဆောင်နေခြင်းဟု ကုမ္ပဏီက ဆိုသည်။ ပါပူအာ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရ အရာရှိ ဒုတိယရဲမှူး ဂျီဒီဆူမာတာ ဂျာယာက တနင်္လာနေ့တွင် တန်နှင့်ချီ လေးလံသည့် ကျောက်တုံးနှင့် မြေစိုင်များအောက် ပိမိနေသည့် နောက်ထပ် အလောင်း (၅)ခုကို ပြန်လည် ရရှိခဲ့ကြောင်း ပြောဆိုသွားသည်။

"(၅)ရက်လောက် ကြာပြီးချိန်မှာ အတွင်းထဲမှာ အသက်ရှင် ကျန်နိုင်မယ့် အရိပ်အယောင်မျိုး ဘာမှ မတွေ့ရဘူး။ တကယ့်ကို နာကျင် ကြေကွဲစရာ မတော်တဆမှုပါပဲ"ဟု ၎င်းက ဆိုသည်။ ကုမ္ပဏီက လတ်တလောတွင် မြေညှိရခြင်းနှင့် တူးဖော်ခြင်း လုပ်ငန်းများသည် ကျောက်တုံးများ ပြိုကျနေခြင်းကြောင့် နှောင့်နှေးမှုများ ရှိနေကြောင်း ဝန်ခံခဲ့သည်။ မိခင် ကုမ္ပဏီ၏ CEOနှင့် ဥက္ကဋ္ဌဖြစ်သူ ရစ်ချတ် အက်ကာဆန်သည် စနေနေ့က အခင်းဖြစ်ရာ နေရာသို့ ရောက်ရှိလာကာ ဒဏ်ရာရသူ မိုင်းလုပ်သားများထံ သွားရောက်ပြီး နှစ်သိမ့် အားပေးမှုများ ပြုလုပ်ခဲ့သည်။ "ခုဖြစ်ရပ်အတွက် ကျွန်တော် အရမ်း ဝမ်းနည်းမိပါတယ်။ ညီအစ်ကိုတွေရဲ့ ဆုံးရှုံးမှုနဲ့ထပ်တူ ခံစားရပါတယ်"ဟု ၎င်းက ပြောကြားခဲ့သည်။ အင်ဒိုနီးရှား သမ္မတ ဆူဆီလို ဘမ်ဘန်းက Freeportနှင့် ဒေသဆိုင်ရာ အရာရှိများအား မိုင်းတွင်းပြိုကျမှု ဖြစ်စဉ် အသေးစိတ်ကို စစ်ဆေးရန် အမိန့်ထုတ်ပြန်ထားကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။


Planet.com.mm

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment