Subscribe For Free Updates!

We'll not spam mate! We promise.

Saturday, May 11, 2013

မွေးပြီးပြီးချင်း ချက်ကြိုးဖြတ်ပါက ကလေးတွင် သွေးအားနည်း ရောဂါဖြစ်နိုင်

 
ကလေးမွေးပြီးပြီးချင်း ချက်ကြိုးဖြတ်ခဲ့ရင် မွေးဖွားလာတဲ့ ကလေးငယ်မှာ သံဓာတ်ချို့တဲ့တဲ့ သွေးအားနည်းရောဂါ ရနိုင် တယ်လို့ ကျွမ်းကျင်သူတွေက ထုတ်ဖော်လိုက်ပါတယ်။ မွေးပြီးပြီး ချင်း ချက်ကြိုးမဖြတ်ဘဲ မိနစ်အနည်းငယ်ခန့် စောင့်ဆိုင်းနေ တာဟာ မိခင်ရဲ့အချင်းမှ သွေးတွေ ကလေးဆီရောက်ရှိစေပါတယ်။ ကလေးမွေးပြီးပြီးချင်း ချက်ကြိုးဖြတ်တာဟာ အကောင်း ဆုံးလို့ ၂၀ဝ၇ ခုနှစ်က ဖော်ထုတ်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀ဝ၉ ခုနှစ်က လေ့လာမှုအရ မွေးပြီးပြီးချင်း ချက်ကြိုးဖြတ်ခံရတဲ့ ကလေးငယ်တွေဟာ ခြောက်လသားအရွယ်ထိ သံဓာတ်ချို့တဲ့ နေတယ်လို့ တွေ့ရှိခဲ့ပါတယ်။ သံဓာတ်ချို့တဲ့တာဟာ ဦးနှောက် ဖွံ့ဖြိုးမှုမှာ ပြဿနာဖြစ်တာနဲ့ ဆက်စပ်မှုရှိတယ်လို့ သိရပါတယ်။ ကလေးမွေးပြီး နှစ်မိနစ်မှ ငါးမိနစ်အထိ စောင့်ဆိုင်းပြီးမှ ချက် ကြိုးဖြတ်တာဟာ ကလေးငယ်မှာ သံဓာတ်မချို့တဲ့အောင် ကူညီနိုင်တယ်လို့ ဆိုပါတယ်။ ကလေးငယ်မွေးကာစ အချိန်မှာ ကလေးငယ်ရဲ့ သွေးသုံးပုံတစ်ပုံခန့်ဟာ ချက်ကြိုးနဲ့ အချင်းထဲမှာ ကျန်ရှိနေတဲ့အတွက် မွေးပြီးပြီးချင်း ချက်ကြိုးကို ဖြတ်လိုက်ရင် ကလေးမှာ သွေးရရှိမှု နည်းသွားကြောင့် သံဓာတ်ချို့တဲ့တဲ့ သွေး အားနည်းရောဂါကို ခံစားရတယ်လို့ ဆိုပါတယ်။

ဒေါက်တာခင်မိုးမိုး
BY GOOD HEALTH

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment