Subscribe For Free Updates!

We'll not spam mate! We promise.

Tuesday, January 29, 2013

မှာခဲ့မည်မောင်


အချစ်ဆုံးငယ်လေ
ကျွန်မရယ်သေကာသွားမှဖြင့်
လွမ်းစရာ့တေးတွေကို
 မောင်မဆိုနေနှင့်။…နော်။
သြော်…နှင်းဆီပင်ဖြစ်စေ
အရိပ်ဝေေ၀သက်ပေးတဲ့
ဆိုင်းပရက်(စ်)ပင်ပဲဖြစ်ဖြစ်
ဘယ်သစ်ပင်တွေကိုမှ
ကျွန်မရဲ့မြေပုံဦးမှာ
အထူးမစိုက်နဲ့ရှင်ရယ်။…နော်။
သြော်…မိုးဖွဲလေးတွေ
နှင်းဥလေးတွေနှင့်ပဲ
ကျွန်မမြေပုံထက်က
မြက်ခင်းလေး စိမ်းမြမြ
သဘာဝအတိုင်းစိုနေပါစေ။…နော်။
သြော်…ပြီးတော့လည်းရှင်
သတိရချင်လည်း…
သတိရနေပေါ့။…နော်။
မေ့ချင်တော့လည်း…
မေ့သာပစ်လိုက်တော့မောင်။…နော်။
 အရိပ်တွေကို ကျွန်မ
မြင်ရတော့မှာမဟုတ်ဘူးလေ။
မိုးရေမြမြကိုလည်း
ကျွန်မ ခံစားရမယ်မဟုတ်ဘူးရှင်။
နာကျင်မှူနဲ့ ညည်းသလို
မပြတ်တမ်းတေးဆိုနေတဲ့
နိုက်တင်ဂေး(လ်)လေးကိုလည်း
ဘယ်လိုမှ ကျွန်မ
ကြားရတော့မှာမဟုတ်ဘူး။
ပျို့ဦးပြီးလည်း တက်မလာ
ငုတ်ကာလည်း သက်မဆင်း
သည်သဘောတွေက ကင်းတဲ့
အရုဏ် မလင်းတလင်းလေး တစ်ကြော
မြောအိပ်မက် မက်ရင်းက
ကျွန်မလည်း….။
ပျော်ပျော်ကြီး သတိရချင်ရနေမယ်
ပျော်ပျော်ကြီး မေ့ချင်လည်း မေ့နေမယ်မောင်။…နော်

                                                                  (ခရစ်စတီးနရိုးဆက်တီ)
(တမ်းတမိခြင်း)ကဗျာစာအုပ်မှ ဘာသာပြန်ကဗျာလေး ဖြစ်ပါသည်။

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment