Subscribe For Free Updates!

We'll not spam mate! We promise.

Tuesday, January 29, 2013

အဝိဇ္ဇာ အရောင်းပြခန်း


အဝိဇ္ဇာ အရောင်းပြခန်း

အမဲဖျက်ခံလိုက်ရပြန်ပေါ့
ရွှေသားအတိ အိပ်မက်တွေ
အထည်ကြီးပျက် ကဗျာတစ်ပုဒ်
အဲဒီရုပ်ထု ရေညှိတက်နေပြီ
တစ်ယောက်က သေချင်ယောင်ဆောင်နေသူ
တစ်ယောက်က ရှင်ချင်ယောင်ဆောင်နေသူ
ကျွန်တော်က ပျော်ချင်ယောင်ဆောင်နေသူ
ဒီတောင်ကို ကျော်နိုင်ပါ့မလား
ဘယ်အချိန်ကစပြီး မှားခဲ့တာလဲ
မီးကိုတွေ့ရှိပြီး နောက်ပိုင်းလား
ဘီးကို တီထွင်ပြီး နောက်ပိုင်းလား
သင့် အမျိုးအစားကို သိပါရစေ
ယာဉ်ကြောပိတ်ဆို့မှုကို ကြည့်ရင်း
စိတ်ပျက်နေတဲ့ မိတ်ဆွေ
ခင်ဗျားစိတ်ထဲမှာ ဘာတွေ ပိတ်ဆို့နေပါသလဲ
စာအိတ်ပေါ်က တံဆိပ်ခေါင်းကို ကြည့်ရုံနဲ့
အဲဒီဒေသ အခြေအနေကို ရိပ်မိပါတယ်
အဆင်သင့် ဖြစ်ပြီလား
အချိန်မှန် နောက်ကျခြင်းတွေနဲ့
ဖုတ်သွင်း ရထားဝင်လာပြီ
ကပ်ဆိုက်ခြင်း ဘူတာရုံဆီသို့
မေ့ကျန်နေခဲ့တာက
သံလိုက်အိမ်မြှောင်တစ်ခု
လမ်းညွှန် မြေပုံတစ်ချပ်
စားနပ်ရိက္ခာတော့ လုံလောက်မယ်ထင်ရဲ့
အာရုံ ငါးပါးရဲ့ ရှုမျှော်ခင်းကို
ပုလင်းထဲက သွန်ချလိုက်တယ်
ယခုအချိန်မှစ၍
ကျွန်တော့်ကို မြည်းကြည့်နိုင်ပါပြီ။ ။

ကြည်မောင်သန်း
( ၂၀၀၇ ဇန်နဝါရီ၊ ချယ်ရီ မဂ္ဂဇင်း၊)

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment