Subscribe For Free Updates!

We'll not spam mate! We promise.

Tuesday, September 10, 2013

ဟောင်းနွမ်း ငွေစက္ကူများကြောင့် သုံးစွဲသူများ အဆင်မပြေ


မုံရွာ စက်တင်ဘာ ၉

အထက်အညာဒေသ၏ ကုန်စည်စီးဆင်းရာ မြို့ဖြစ်သော မုံရွာမြို့၌ နေ့စဉ်မြန်မာ ငွေစက္ကူများဖြင့် ဈေးရောင်း၊ ဈေးဝယ်ပြုလုပ်ရာတွင် နေ့စဉ်နှင့်အမျှ
 ဟောင်းနွမ်း ငွေစက္ကူများ သုံးစွဲနေကြရသဖြင့်အဆင်မပြေမှုများ ဖြစ်ပေါ်နေကြောင်း ချင်းတွင်း ရတနာဈေးကြီး အတွင်းရှိ ဈေးသူ၊ ဈေးသားများထံက သိရသည်။ ''ဟောင်းနွမ်းစုတ်ပြဲပြီး တိပ်ကပ် ကော်ထူနေ တဲ့ ငွေစက္ကူတွေ ဆိုရင် ပြန်အမ်းတဲ့အခါမှာ ဘယ်ဈေးသည်ကမှ မယူချင်ပါဘူး'' ဟု ရာသီပေါ်သစ်သီးများ ရောင်းချသူတစ်ဦးက ပြောပြခဲ့သည်။ အများပြည်သူတို့၏ လက်ဝယ်တွင် နေ့စဉ်သုံးစွဲလျက် ရှိသော ငွေစက္ကူ တချို့မှာ ဟောင်းနွမ်းစုတ်ပြဲနေသည့် အတွက် ဈေးရောင်း၊ ဈေးဝယ်ပြုလုပ်ရာ၌ ရောင်းသူဝယ်သူတို့ အဖို့အပေးအယူ အဆင်မပြေမှုများ ကြုံတွေ့နေရသည်။ အရောင်းဆိုင် လုပ်ငန်းရှင် တချို့သည် ပုံမှန်ကုန်ပစ္စည်း ဝယ်ယူလျက်ရှိသည့် ဖောက်သည်များနှင့် ဆက်ဆံရေး မပျက်ယွင်း စေရန်အတွက် ဟောင်းနွမ်း ငွေစက္ကူတန်ဖိုး အနည်းငယ်မျှကို လက်ခံပေးနေရသည်ဟု လည်း ဈေးသည်များ က ပြောပြခဲ့သည်။ အဆိုပါ ဟောင်းနွမ်း ငွေစက္ကူများကို တန်ဖိုးတစ်ဝက် ဈေးနှုန်းပေး၍ ရပ်ကွက်များအတွင်း လှည့်လည်၍ အဝယ်လာသူများထံသို့ ပြန် လည် ရောင်း ချခြင်းဖြင့် ငွေရင်းမ ဆုံးအောင် ပြုလုပ်ကြရကြောင်း သိရသည်။

ငွေကြေး သုံးစွဲရာတွင် အများပြည်သူ စိတ်အေးချမ်းသာစွာ ကိုင်တွယ် အသုံးပြုနိုင်စေရန် အတွက် ဟောင်းနွမ်း ငွေစက္ကူများကို တန်းဖိုးညီပြန်လည် လဲလှယ်ပေးမည့် နေ့ရက်နှင့် ငွေလဲရာတွင် လိုက်နာရမည့် စည်းကမ်းချက်များကို သက်ဆိုင်ရာ စီးပွားရေး ဘဏ်များက အများပြည်သူတို့ သိရှိလဲလှယ်နိုင်ရေး အတွက် သတ်မှတ်ပေးရန် လိုအပ်လျက် ရှိကြောင်း သိရသည်။
ref: မြဝတီ

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment