Subscribe For Free Updates!

We'll not spam mate! We promise.

Tuesday, September 10, 2013

ဆွီဒင်မှ ကိုယ်ပျောက် ဟိုတယ်၏ အန်စာတုံး ကြေးမုံခန်း


ဒိန်းမတ်၊ ဆွီဒင်၊ နော်ဝေနိုင်ငံများ တည်ရှိသည့် စကင်ဒီနေဗီးယား ဒေသမှ ပုံစံများရေးဆွဲ၍ တည်ဆောက် ထားသည့် ဆွီဒင်ဟိုတယ်၏တစ်စိတ်တစ်ပိုင်းတွင် အန်စာတုံးပုံ ကြေးမုံ (Mirror cube) အခန်းများကို ဖွဲ့စည်း ထားရှိသဖြင့် တည်းခိုရသူများ အတွက် ထူးကဲမှုများ ရှိနေပေသည်။ ဆွီဒင်နိုင်ငံ၏ မြောက်ပိုင်း လူလီယာ (Lulea) မြို့၏ အပြင်ဘက် ၅ဝ ကီလိုမီတာ အကွာ ဟာရက်စ် (Harads) ၌ အဆိုပါ အဆောက် အအုံကို စတင်တည် ဆောက်ထားသည်။ အဆိုပါ နေရာတွင် သစ်ပင်ဟိုတယ်၊ ငှက်သိုက်အိမ်၊ ပန်းကန်ပြားပျံနှင့် ဆင်တူသည့် UFO အိမ်နှင့် သိပံ္ပရုပ်ရှင် ဇာတ်ကားများတွင် တွေ့မြင်ရလေ့ ရှိသော (The Cabin) အခန်းများကို ဖွဲ့စည်း ပေးထားသည်။ သစ်ပင် ဟိုတယ်တွင် တစ်ဦးချင်း တည်းခိုနိုင်သည့် သစ်ပင် အိမ်ခန်း ငါးဆောင် ဖွဲ့စည်း ပေးထားသည်။

အဆိုပါ အိမ်ခန်းများကို မြေပြင် အောက်ခြေမှ လေးမီတာနှင့် ခြောက်မီတာ အမြင့်တွင် တည်ဆောက်ထား ကာ ဆင်ခြေလျှောမှ တစ်ဆင့် အပေါ်သို့ အလွယ်တကူ တက်ရောက်နိုင်သည်။ တံတား သို့မဟုတ် ပြန်၍ ဆွဲသွင်းနိုင်သည့် လှေကားထစ်များမှလည်း တက်သွားနိုင်သည်။ ထို့ပြင် ငှက်သိုက်အိမ်ကို တည်းခိုရန် ရွေးချယ်နိုင်ပြီး ၎င်းသည် ဧရာမ ငှက်ကြီးတစ်ကောင်၏ အသိုက်နှင့် သဏ္ဌာန် တူနေပေသည်။ UIFO အိမ်သည် ထောက်လှမ်း မရနိုင်သည့် ပျံသန်းနေသော အရာဝတ္ထု ပန်းကန်ပြားပျံနှင့် တူနေပေရာ သိပံ္ပ ဇာတ်ကားများတွင် တွေ့မြင် ကြရသည့် အတိုင်းပင် ဖြစ်သည်။ ကေဘင် အခန်းမှာ နေရာ ကျယ်ဝန်းပြီး သစ်ပင်၏ ပင်စည်တွင် သပ်လျှို၍ ရိုက်သွင်း တည်ဆောက်ထားသည်။ အပေါ်လွင်ဆုံး အခန်းမှာ အန်စာတုံး ကြေးမုံဖြစ်သည်။ ၎င်းကို Tham & Videgard ဗိသုကာများ၏ ဒီဇိုင်း လက်ရာများဖြင့် သရုပ်ဖော် ပေးထားခြင်း ဖြစ်သည်။

ဤအခန်းသည် တကယ်ပင် ပုန်းအောင်းစရာ နေရာဖြစ်သည့် (၄ x ၄ x၄) မီတာ အတိုင်းအတာနှင့် ပြွန်လုံး ကုဗတုံးကို မှန်များဖြင့် တန်ဆာဆင် ထားသဖြင့် ပတ်ဝန်းကျင်ကို ရောင်ပြန် နေစေသည်။ လူတီထွင် အံ့သြဖွယ် ကောင်း၍ အောင်မြင်မှုများဖြင့် ရရှိနေသော်လည်း ပြဿနာများ ကိုလည်း တင်ဆက် ပေးနေ ပေသည်။ တချို့သော ထောင့်များသည် မမြင်နိုင်၊ မတွေ့နိုင်၍ ငှက်များ ပျံသန်း ဝင်ရောက် မလာနိုင်အောင် ဒီဇိုင်နာများက ဖန်တီးပေးထားခြင်း ဖြစ်သည်။ အခန်းနံရံများကို အနီအောက်ရောင်ခြည်ပါ ဖလင်ကော်ပြား များဖြင့် ကာရံထား၍ လူသားများကမူ မြင်တွေ့ နိုင်ပေသည်။ အခန်း၏ အပြင်ဘက်တွင်လည်း ထူးခြားမှု တစ်ရပ် ရှိနေသည်။ ခုတင်ကြီး တစ်ခု၊ ရေချိုးခန်း တစ်ဆောင်၊ သက်သောင့်သက်သာ နားနေရာ အခန်း၊ ခေါင်မိုးသို့ အတက် လှေကားထစ်နှင့် အိမ်ခန်း ခြောက်ခန်းမှ ရှုခင်းကို ရှုစား ကြည့်နိုင်ပေသည်။ နံရံများ၏ အနောက်ဘက်၌ ၁၉၃ဝ-၁၉၅ဝ ပြည့်နှစ် ဝန်းကျင်လောက်မှ ဆက်တင် ဒီဇိုင်းအစစ်နှင့် BRITTA'S PENSIONAT စားသောက်ဆိုင်တွင် ညစာ စားသောက်နိုင်ပြီး သစ်ပင်ဟိုတယ်တွင် အရက်ဘား၊ ရေနွေးငွေ့ ရေချိုးခန်းနှင့် အပန်းဖြေစရာ နေရာ ရှိနေပေသည်။ ။

ဦးတိုး (တက္ကသီလ)
ref:မြဝတီ

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment