မြန်မာနိုင်ငံမှာ လက်ရှိကိုင်ဆောင်နေတဲ့ နိုင်ငံသားစိစစ်ရေးကဒ်ပြား (မှတ်ပုံတင်တွေကဒ်)တွေနေရာမှာ Smart Card တွေနဲ့ အစားထိုးပြောင်းလဲပေးဖို့ အစိုးရမှာ အစီစဉ်ရှိတယ်လို့ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားလိုက်ပါတယ်။ ရန်ကုန်မြို့ တိုင်းဒေသကြီး လွှတ်တော်အဆောက်ဦးထဲမှာ မနေ့ကပြုလုပ်တဲ့ ပြည်လုံးကျွတ် သန်းခေါင် စာရင်းကောက်ယူရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲအပြီးမှာ ဝန်ကြီး ဦးခင်ရီကို RFA က မေးမြန်းရာမှာ အခု လိုပြောခဲ့တာပါ။
“ဒါတွေက ငွေကြေးရင်းနှီးပြီးတော့ နိုင်ငံတကာ ပညာရှင်တွေက လုပ်ရတာဖြစ်တယ်၊ ကျနော်တို့ဆီကို တင်ပြတဲ့ ဟာတွေ တစ်ယောက်ချင်းဆီကို ခေါ်နားထောင်တယ်၊ သူကဘယ်အဆင့်လုပ်၊ သူကဘယ်လို လုပ်တယ်၊ အဲဒီအပေါ်မူတည်ပြီးတော့ တကယ်လုပ်မယ်ဆိုရင်တော့ တင်ဒါစနစ်နဲ့ ခေါ်ရွေးရမယ်၊ အနည်းဆုံးပေးနိုင်တဲ့သူနဲ့ အကောင်းဆုံးလုပ်ပေးနိုင်တဲ့သူကို ရွေးမှာပါ၊ ဒီစနစ်က မလုပ်လို့မရဘူးလေ”
နှစ်ပေါင်းများစွာ စက္ကူကတ်ပြားတွေနဲ့ အသုံးပြုလာခဲ့တဲ့ နိုင်ငံသား စိစစ်ရေးကတ်ပြားတွေနေရာမှာ smart card တွေနဲ့ ပြောင်းလဲအစား ထိုးသွားမှာဖြစ်ပေမဲ့ ထုတ်ပေးမယ့်အချိန်ကာလ အတိကျကိုတော့ မပြောနိုင်သေးဘူးလို့ ဝန်ကြီးကဆိုပါတယ်။
လက်ရှိအချိန်ထိ အစိုးရအနေနဲ့ မိုးပွင့်စီမံကိန်းဆိုပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားတွေကို ပြုလုပ်ပေးနေ တယ်လို့ သိရပါတယ်။
RFA Burmese







စမ်းသပ်ကွန်မန့်....
ReplyDelete