Subscribe For Free Updates!

We'll not spam mate! We promise.

Wednesday, September 4, 2013

မလေးရှားနိုင်ငံတွင် အဖမ်းခံရသည့် မြန်မာများကို မြန်မာသံရုံးမှ စစ်ဆေးပြီး ပြည်တွင်းသို့ ပြန်လည်ခေါ်ယူရန် စီစဉ်

 မလေးရှားနိုင်ငံ တရားမ၀င် ရွှေ့ပြောင်းလုပ်သားများအဖြစ် ဖမ်းဆီးခံထားရသူများကိုတွေ့ရစဉ်
coppy from>>>Myanmar Daily News
မလေးရှားနိုင်ငံတွင် တရားမ၀င် အလုပ်သမားများကို အထူးစီမံချက်ဖြင့် နိုင်ငံအနှံ့ ပိုက်စိပ်တိုက်
ဖမ်းဆီးနေမှုကြောင့် တရားမ၀င် သွားရောက်အလုပ် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ
ဖမ်းဆီးခံနေရသဖြင့်  မလေးရှားနိုင်ငံရှိ မြန်မာသံရုံးမှ စစ်ဆေးကာ ပြည်တွင်းသို့ ပြန်လည်ခေါ်ဆောင်ရန်
စီစဉ်နေကြောင်း စက်တင်ဘာ ၄ ရက်နံနက်က နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်
ဦးသာအောင်ညွန့်က The Daily Eleven သို့ ပြောကြားသည်။

ယင်းကဲ့သို့ မလေးရှားနိုင်ငံအတွင်း တရားမ၀င် အလုပ်သမားများကို အထူးစီမံချက်ဖြင့် ဖမ်းဆီးနေမှုကြောင့်
မြန်မာနိုင်ငံသားများ အပါအ၀င် အင်ဒိုနီးရှား၊ ဘင်္ဂလားဒေရှ့်၊ နီပေါ၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊
နိုင်ဂျီးရီးယား စသည့်နိုင်ငံများမှ တရားမ၀င် အလုပ်သမားများ ဖမ်းဆီးခံနေရကြောင်း သတင်းရရှိသည်။

မလေးရှားနိုင်ငံတွင် တရားမ၀င် အလုပ်လုပ်ကိုင် နေမှုများကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားဦးရေ
၅၅၀ ၀န်းကျင်ခန့် ရှိနေသည်ဟု သတင်းရရှိထားသော်လည်း ယခုအချိန်အထိ (စက်တင်ဘာ ၄ ရက် နံနက် ၁၁ နာရီ)
မလေးရှားနိုင်ငံရှိ မြန်မာသံရုံးသို့ မလေးရှားနိုင်ငံ သက်ဆိုင်ရာဌာနမှ တရားဝင် အကြောင်းကြားမှု
မရှိသေးကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သိရသည်။

"အခု မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ အများအပြား အဖမ်းခံရနေတယ် ဆိုတာကို
သတင်းရရှိထားတယ်။ အချို့ အဖမ်းခံရတဲ့ နိုင်ငံခြားသားတွေကလည်း မြန်မာနိုင်ငံသား ဖြစ်တယ်ဆိုပြီး
လိမ်ညာပြောဆိုမှုတွေ ရှိနေတဲ့အတွက် အဖမ်းခံနေရတဲ့ မြန်မာတွေအားလုံးက မြန်မာနိုင်ငံသားတွေ
ဟုတ်မဟုတ်ဆိုတာကို မလေးရှားနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကနေတစ်ဆင့် စစ်ဆေးသွားမယ်။
တချို့ကိစ္စတွေမှာလည်း ကိုယ့်လိုအင်ဆန္ဒအတိုင်း အားလုံးမပြည့်နိုင်ဘူး။ သူတို့နိုင်ငံမှာလည်း သူတို့ဥပဒေတွေ၊
စည်းကမ်းချက်တွေ ရှိတယ်။ သူတို့ဥပဒေအတိုင်း စည်းကမ်းဖောက်ဖျက်တဲ့ သူတွေက ခံယူပြီးရင်တော့ မြန်မာနိုင်ငံကို
ပြန်လာချင်တဲ့ မြန်မာနိုင်ငံသားတိုင်း အဆင်ပြေစွာ အခမဲ့ ပြန်လာနိုင်ဖို့ကို စီစဉ်နေပါတယ်" ဟု စက်တင်ဘာ ၎
ရက် နံနက်က နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသာအောင်ညွန့်က ဆိုသည်။

ယင်းကဲ့သို့ စီစဉ်နေမှုကို နိုင်ငံခြားရေး ၀န်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား
ဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများ ပါဝင်ကြောင်း သတင်းရရှိသည်။

"သမီးဖြစ်တဲ့သူက အရင်တစ်ခေါက်တည်းက ပြန်လာချင်နေပေမယ့် အလုပ်ရှင်နဲ့ ချုပ်ထားတဲ့ စာချုပ်သက်တမ်းက
မပြည့်သေးလို့ဆိုပြီး ပြန်မလာခဲ့ရဘူး၊ အခု မလေးမှာ ဖမ်းဆီးမှုတွေ ရှိနေတယ်ဆိုတဲ့ အခါကျတော့ သမီးမှာ
ထွက်ပြေးနေရတယ်။ အခု အဖမ်းခံရတဲ့ သူတွေကို ကြိမ်ဒဏ်တွေ ပေးနေတယ်လို့ သတင်းကြားနေရတယ်။
မိန်းကလေးဆိုတော့ အရမ်းကို စိတ်ပူမိတယ်။ ဖြစ်နိုင်ရင် သမီးကို မြန်မာနိုင်ငံဆီ အမြန်ဆုံး
ပြန်ရောက်ချင်နေပါပြီ" ဟု မလေးရှားနိုင်ငံ ကပုန်းမြို့တွင် အလုပ်လုပ်နေသည့် အမျိုးသမီးတစ်ဦး၏
အမေဖြစ်သူ ဒေါ်မြင့်မြင့်သိန်းက ပြောပြသည်။

Eleven Media Group

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment