စိုးမြတ်သူဇာက “အစိမ်းကြွေ” ဆိုတဲ့ ဇာတ်ကားကို ပြေတီဦး၊ ချမ်းမီမီကို တို့နဲ့ ရိုက်ကူး နေပါတယ်။ ဒီ
ဇာတ်ကားမှာ လုပ်ငန်းရှင် တစ်ယောက် အဖြစ် သရုပ်ဆောင် ရတာ ဖြစ်ပြီး ရိုက်ကူးမှု ကိုတော့..
“ဒီလို အိုက်တင် ငြိမ်ငြိမ်းလေး တွေ လုပ်ရတာက မကြီး နဲ့ ပြေတီနဲ့ ဇာတ်ကားတွေ နည်းနည်း များနေပြီ။
မကြီးရဲ့ စိတ်ထဲ မှာတော့ ဒီအလုပ်က မကြီးရဲ့ အသက်မွေး ဝမ်းကျောင်း အလုပ်ဖြစ်တဲ့ အတွက် အကုန်လုံးကို
အားစိုက်တာ အတူတူပဲ။ ဘယ်ဟာ မှ မလျှော့ပါဘူး။ ဒါပေမဲ့ ဘာလေး တွေ ပဲ အတက်အကျ ရှိလဲ ဆိုတော့ ကိုယ်နဲ့
တွဲဖက်ပြီး ရိုက်တဲ့သူ အပေါ် မှာ မူတည်ပြီး အတိုး အလျှော့လေး တွေ၊ လုပ်နိုင်တဲ့သူ ဆိုလည်း သူတို့ လုပ်နိုင်
သလောက်၊ မလုပ်နိုင်တဲ့သူ ဆိုလည်း လျှော့ပေါ့ပြီး တွဲပြီး လုပ်ရ တယ်။ အဓိကက အတူတူ တွဲသွား ဖို့က
အရေးကြီးတာ တစ်ယောက်တည်း ချွန် လုပ် လို့မှ မရတာလေ”လို့ ပြောပြပါတယ်။
ရိုက်ကွင်းပေါ်မှာ တွဲဖက် သရုပ်ဆောင် ရတဲ့ အခါမှာလည်း အိုက်တင် သင်ပေးလေ့ မရှိပေမယ့် အလျဉ်းသင့်ရင်
ပြောပြပေးလေ့ တော့ရှိတယ် ဆိုတဲ့ စိုးမြတ်သူဇာက “မကြီး က သူများကို အိုက်တင် မသင်ပေးတတ်ဘူး။ သင်လည်း
မသင်ပေး ချင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်ပြောလိုက်ရင် မကြီး အိုက်တင် လိုဖြစ် မှာ စိုးတာက တစ်
ကြောင်း၊ ကြိုက်မှန်း မသိ၊ မကြိုက်မှန်း မသိတာက တစ်ကြောင်း၊ အဲဒါ ကြောင့် သင်ပေးလေ့ မရှိဘူး။
ဒါပေမဲ့ ဘေးနားမှာ ရှိရင် အလျဉ်းသင့် သလိုတော့ လုပ်စေ ချင် တာတွေ ရှိရင် ပြောပြဖြစ်တယ်။
တချို့ ကာရိုက်တာ တွေက ကိုယ်တိုင် ဖြစ်ခဲ့ဖူးလားဆို တော့ မဖြစ်ခဲ့ ဘူး ပေမယ့် လူတွေရဲ့ အိုက်တင်တွေက ဒီ
ပတ်ဝန်းကျင် မှာ ပဲ ပြန်တွေ့နေ ရတာပဲလေ။ ကိုယ်မြင် ဖူးနေ တာလေးတွေပေါ် မူတည်ပြီး အိုက်တင်တွေ
ဖြစ်လာ တာပဲလေ” လို့ ပြောပြပါတယ်။
သြဂုတ် ၃၁ ရက် နေ့မှာကျ ရောက်မယ့် စိုးမြတ်သူဇာရဲ့ ၄၂နှစ် ပြည့် မွေးနေ့ နဲ့ ပတ်သက်ပြီးလည်း
မေးဖြစ်သလို ၄ဝကျော် အတွေး ကို လည်း မေး ကြည့်ဖြစ်တော့..
“အရင်နှစ်တွေ ကလိုပဲ မွေးနေ့ မနက် စောစောကို ဆွမ်းလောင်းမယ် ။ မွေးနေ့ ကိုတော့ အလုပ် မလုပ်ဘူး။
နားမယ်၊ ဆွမ်းလောင်း၊ ဘုရား တက် မယ်။ ညနေပိုင်း ကျရင်တော့ ကလေး တွေ သွားချင် လာချင်တယ် ဆို
ရင် တော့လည်း သူတို့ကို တစ်ခုခု လိုက် ကျွေးမယ်။ အသက် ကြီးလာပြီ ဆိုတာကို ကိုယ့် ဘာသာ မေ့နေ ကြ တာလေ။
သတိ ထားမိတာက အချိန်တွေ ကုန် တာလည်း မြန်တယ်။ အရင် မကြီး ၃၅ နှစ်လောက်က ၄၂နှစ်လောက် ဆို
ဘာဖြစ်မယ် ဆိုပြီး ဗေဒင်ဟောထား တာ ဖတ် ဖူးတော့ ၄၂နှစ် ရောက် ဖို့ဆို တာ ဝေးလိုက်တာပေါ့။ အခုသတိ
ထားမိတဲ့ အချိန်မှာ ၄၂နှစ် ရောက်လာပြီ။ ဒါပေမဲ့ မကြီး တို့က အနုပညာ သမား ဖြစ်တဲ့ အတွက် အလုပ်
လုပ်တဲ့ အခါ အမြဲတမ်း စိတ်ပါ ဝင်စားမှု၊ တက်ကြွမှုတွေ ရှိရမယ်။
အဲဒီအတွက် ကတော့ စိတ်က အမြဲတမ်းကို လန်းဆန်း တက်ကြွနေဖို့ လိုတယ်။ မကြီး အတွေ့ အကြုံ အရ ဒီ
အသက်အရွယ် ရောက်လာရင် မတက်ကြွ တော့ဘူးလေ။ လုပ် ဆိုလို့သာ လုပ်နေရတာလေ။ စိတ်ဝင် စားတာက
သက်သက်ပဲလေ။ လုပ်တဲ့အခါ လည်းကောင်း ကောင်းလေး နဲ့ ဖြည်းဖြည်းလေး လုပ်ချင်တယ်။ ဒီအသက် ဒီအရွယ်အထိ
ပရိသတ်တွေ အားပေး တာ တအား ပီတိဖြစ်မိ သလို၊ ဝမ်းသာ ကျေနပ် မိသလို ကျေးဇူး လည်း အထူး
တင်ပါတယ်”လို့ ပြောပြခဲ့ပါတယ်။
မေမွန်မောင်
Ref: ရိုးရာလေး







0 comments:
Post a Comment