Subscribe For Free Updates!

We'll not spam mate! We promise.

Monday, September 2, 2013

မြန်မာပြည်မှာ တက္ကစီ တွေကို ဘယ်တုန်းက စသုံးခဲ့တာလဲ ?


 မြန်မာပြည်မှာတော့ တက္ကစီ( Taxi) ဆိုတာ ရန်ကုန်မြို့ မှာစတင်ခဲ့တာပါ၊ ၁၉၅၄ ခုနှစ်မှ ဂျပန် လုပ် သုံးဘီးယာဉ်လေးများကို စတင်အသုံးပြု လာကြပါတယ်။ ၁၉၈၅ ခုနှစ်မှာတော့ ယာဉ်ကြံ့ ခိုင်နိုင်မှု စွမ်းရည်ကျဆင်လာတာမို့  မြို့ တော်မှာ မထားတော့ဘဲ မန္တလေး၊ ပြည်မြို့  ဘက်ရွှေ့ သွား ခဲ့ရပါတယ်။ယခုဆို လျှင်တွေ့ ဘို ရန်ပင်ရှာပါး သွားပါပြီ ၁၉၈၀ နောက်ပိုင်း ကတော့ လေးဘီးတက္ကစီလေးမားစို မိုးခဲ့ပါတယ်၊ နောက်ပိုင်တော့လေဘီးဆလွန်း၊ ဗင်ယာဉ် တက္ကစီ ကနေ ကက/ခခ တက္ကစီးခေတ်ရောက်လာပါတယ်။ ယခုဆိုလျှင် လေးဘီး B-600/B-350 လေးများလည်း တက္ကစီလုပ်ခွင့်မရှိတော့ပါဘူးလွန်ခဲ့တဲ့ တစ်နှစ်ကျော်က ယာဉ်အို/ ယာဉ်ဟောင်းအပ်နှံမှု နဲ့ အတူ ပိုပြီးသစ်လွင်တဲ့ ကားများနဲ့  ကားဈေးကလည်း တဟုန်ထို ကျဆင်းစေတာမို့  တက္ကစီယာဉ် အသစ်က လေးများမြင် တွေ့ လာရပါပြီ။ ကမ္ဘာပေါ်မှာ မြို့ ကြီးတိုင်လိုလိုတက္ကစီရှိကြပါတယ်။ အချို့ မြို့ ကြီးများမှာ တက္ကစီ လူကြိုက်များပြီး အချို့ မြို့ ကြီး များမှာ တက္ကစီ ယာဉ်များဟာ ညံ့ကြပါတယ်။ တက္ကစီ ယာဉ် တွေ နာမည်ကြီးရခြင်း မှာ ငွေကြေးတောင်မှုက အဓိက မကျပါ။ သို့ သော်လည်း သင့်တင့်လျှောက်ပတ်မှု တော့ရှိရပါတယ်။ တက္ကစီ ရဲ့  နာ မည်ကြီးကောင်းမွန်စေတဲ့ အချက်တွေကတော့ ၁ မီတာဖြင့်ပြေးဆွဲပြီး ငွေပိုမတောင်းခံခြင်း ၂ အန္တရာယ် ကင်းခြင်း ၃ ယာဉ်၏ အတွင်းအပြင်သန့် ရှင်းပြီး လေးပေးစက်ပါရှိခြင်း ၄ ယာဉ်တွင်းကျန်ရစ် ပစ္စည်းပျောက်ဆုံးမှု မရှိရခြင်း တို့ ပဲဖြစ်ပါတယ်။

Ref & Credit: Discoveries Myanmar

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment