Subscribe For Free Updates!

We'll not spam mate! We promise.

Saturday, September 7, 2013

ဂျိုလီ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အော်စကာဆု ချီးမြှင့် ခံရမည်

လော့စ်အိန်ဂျလိစ် စက်တင်ဘာ ၆

ကမ္ဘာကျော် မင်းသမီးချော အိန်ဂျလီနာ ဂျိုလီသည် နိုဝင်ဘာလတွင် ကျင်းပမည့် Governor's Award ဂုဏ်ပြုဆုချီးမြှင့် အခမ်း အနားတွင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ခဲ့သည့် အတွက် အော်စကာဆု ချီးမြှင့်ခံရမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆုအား Academy of Motion Picture Arts and Sciencesအဖွဲ့အစည်းမှ ချီးမြှင့်မည်ဖြစ်ပြီး ဂျိုလီနှင့် အတူ စတိဗ့်မာတင်၊ ပိုင်ရိုတိုဆီ တို့လည်း ဂုဏ်ပြုဆုများ ချီးမြှင့်ခံရမည် ဖြစ်သည်။

ဂျိုလီရရှိမည့် ဆုအမျိုးအစားမှာ Governor's Award ဆုဖြစ်ပြီး ၎င်းဆုမှာ အနုပညာ လောကမှ ပြည်သူ့ အကျိုးကို စွမ်းစွမ်း တမံ ဆောင်ရွက်သည့် အနုပညာ ရှင်များကို ဂုဏ်ပြု ချီးမြှင့်သော ဆုဖြစ်သည်။

ဂျိုလီသည် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ တွင် စိတ်ပါဝင်စားစွာ ပါဝင်လှုပ်ရှား ခဲ့သူဖြစ်ကြောင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု ကာကွယ်ရေး အစရှိသည့် လူမှုရေး လုပ်ငန်းများ အတွက် နိုင်ငံပေါင်း များစွာသို့ လှည့်လည် သွားလာ၍ ဆောင်ရွက်ခဲ့သူ ဖြစ်သည်။

ထို့အပြင် ဂျိုလီသည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနှင့် သက်ဆိုင်သည့် လူမှုရေး လုပ်ငန်း များတွင် နှစ်ပေါင်း ၁၂ နှစ်ကြာတက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သည့်အတွက် ၂ဝ၁၂ ခုနှစ်က အဆိုပါရုံး၏ အထူး သံတမန်အဖြစ် ဂုဏ်ပြုခန့်အပ် ခံခဲ့ ရသည်။ နှစ်စဉ် ကျင်းပမြဲဖြစ်သော (၅)ကြိမ်မြောက် Jean Hersholt Humanitarian ဆုပေးပွဲအား နိုဝင်ဘာ ၁၆ ရက်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ 
Credit to:မြဝတီ

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment