လန်ဒန် စက်တင်ဘာ ၆
မန်ယူအသင်း၏ တောင်ပံကစား သမား နာနီသည် အသင်းနှင့် ငါးနှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆို လိုက်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ သက်တမ်းတိုး စာချုပ်အရ အသက် ၂၆ နှစ်ရှိ နာနီသည် မန်ယူတွင် ၂ဝ၁၈ ခုနှစ် ဇွန်လအထိ ဆက်လက် ရှိနေမည်ဖြစ်သည်။
နာနီသည် ၂ဝဝ၇ တွင် စပေါ့တင်း လစ်စဘွန်းမှ ပရီးမီးယားလိဂ် ချန်ပီယံ မန်ယူသို့ ရောက်ရှိ လာပြီး နောက်ပိုင်း ပွဲပေါင်း ၂၁၇ ပွဲ ကစားထားရာတွင် ဂိုးပေါင်း ၄ဝ သွင်း ယူထားသည်။
၎င်းသည် မန်ယူ၌ ခြောက်နှစ်တာကစားခဲ့သည့် ကာလအတောအတွင်း ပရီးမီးယားလိဂ်ဖလား လေးခုနှင့် ချန်ပီယံလိဂ် ဖလားများ အပါအဝင် စုစုပေါင်း ဖလားရှစ်ခုကို အသင်းနှင့်အတူ ရယူနိုင် ခဲ့ကြောင်း သိရသည်။







0 comments:
Post a Comment