Subscribe For Free Updates!

We'll not spam mate! We promise.

Monday, August 26, 2013

ရန်ကုန်မှဆရာဝန်များ University of Washington သင်တန်းကို အွန်လိုင်းကနေ တက်ရောက်အောင်မြင်

မြန်မာနိုင်ငံဆရာဝန်အသင်း (MMA) နှင့် အမေရိကန်ရှိ University of Washington တို့၏ အစီအစဉ်ဖြင့် ပထမဆုံးအကြိမ် အွန်လိုင်းမှပို့ချသည့်   HIV ဆိုင်ရာ သင်တန်း စာမေးပွဲအောင်မြင်သူ ၆၉ ဦးကို သောကြာနေ့က သင်တန်းဆင်းလက်မှတ် ပေးအပ်ခဲ့သည်။

သင်တန်းကာလမှာ ၁၀ ပတ် ကြာမြင့်ခဲ့သည်ဟု ဒေါက်တာမြင့်ဦးက သင်တန်းဆင်းလက်မှတ် ပေးအပ်သည့်အခမ်းအနားပြုလုပ်ရာ ရန်ကုန်မြို့ MMA အသင်းတိုက်တွင် ပြောပြသည်။

“ကုသရေးက အဓိက ပါတယ်။ ပျောက်ကင်းတဲ့အဆင့်ထိတော့ မရောက်သေးပါဘူး။ ကျွန်တော်တို့က ထိန်းတယ်၊ ကုတယ်၊ ပေါ်ပေါက်လာတဲ့ ရောဂါတွေကို တားတယ်။ တီဘီ ပေါ်လာရင် ပျောက်ကင်းအောင် ကုတယ်။ ကိုယ်ခံအားကျဆင်းရင် ပြန်မြင့်အောင် လုပ်တယ်” ဟု ဒေါက်တာမြင့်ဦးက ရှင်းပြသည်။

HIV/AIDS အဖြစ် အများဆုံးသောနိုင်ငံများတွင် ကုသမှုနှင့်ဆေးသုတေသန လုပ်ကိုင်နေသူ ပါမောက္ခများက ပို့ချခဲ့ခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။

MMA ၏ သတင်းထုတ်ပြန်ချက်တစ်ခုတွင်လည်း အင်တာနက်အခြေပြု သင်တန်းနှင့်ပတ်သက်ပြီး ဒေါက်တာမြင့်ဦး၏ အသေးစိတ် ပြောဆိုချက်များကို အောက်ပါအတိုင်း တွေ့ရှိရသည်။

” ၀ါရှင်တန် တက္ကသိုလ် ရဲ့ campus စာသင်ခန်းထဲမှာ သင်ကြားနေတာကို ကျွန်တော်တို့ဆီကနေ webinar (အင်တာနက် စာသင်ခန်းမ) နဲ့ ချိတ်ဆက်ပြီး သင်ယူရပါတယ်။

သူတို့ဆီမှာ မနက် ၈နာရီက ကျွန်တော်တို့ ဆီမှာက ည ၁၀ နာရီခွဲ ဖြစ်နေတယ်။ ဒီတော့ သူတို့ဆီက စာသင်အပြီး ၀က်ဆိုက်ပေါ် လွင့်တင်ပေး လိုက်တာကို ကျွန်တော်တို့ဆီကနေ ဒေါင်းလုတ်ဆွဲပြီး ဗီစီဒီခုတ်ရတယ်။

နောက်နေ့ နေ့လည်ကျမှ ရန်ကုန်သင်တန်းသားတွေကို ဒီဗီဒီ တစ်ချပ်စီ ဖြန့်ဝေပေးပြီး ဆရာဝန်အသင်းတိုက်မှာ အွန်လိုင်းနဲ့ စာသင်ကြရတာပါ။ တစ်ရက်ကို ၁ နာရီကျော်ကြာတဲ့ လက်ချာ ၂ ခုစီ တက်ရတယ်။

မြန်မာနိုင်ငံမှာရှိနေ တဲ့  HIV သင်ကြားမှုကျွမ်းကျင်တဲ့ ဆရာဝန်တွေကို ဆရာဝန် အသင်းတိုက်ကို ဖိတ်ခေါ်ပြီး သူတို့ရဲ  ပံ့ပိုးကူညီမှုနဲ့ သင်ယူကြရတာဖြစ်ပါတယ်။

ရန်ကုန်က သင်တန်းသားတွေ ဆွေးနွေး မေးမြန်းတဲ့ အချက်အလက်တွေကို သူတို့ဆီက ပါမောက္ခတွေက Discussion Board  ပေါ်မှာ ဖြေကြားပေးပါတယ်။

Webinar ထဲမှာ တစ်ခြားနိုင်ငံက ဆရာဝန်တွေနဲ့လည်း ဆွေးနွေးခွင့်ရရှိခဲ့ပါတယ်။ တစ်ပတ်ကို ၁၂ နာရီကျော် ကြာအောင် လေ့လာသင်ယူချိန်ပေးခဲ့ရပြီး အပတ်စဉ် စာမေးပွဲလည်း ဖြေဆိုရပါတယ်။

ကိုယ်ပိုင် password နဲ့ တစ်ဦးချင်းစီဖြေဆိုရ တာဖြစ်ပြီး အောင်မှတ် ၈၀ ရာနှုန်းကျော်တဲ့သူတွေကို ၀ါရှင်တန် တက္ကသိုလ်က ပါမောက္ခ ၃ ဦး ကိုယ်တိုင် လက်မှတ်ရေး ထိုးထားတဲ့ အောင်လက်မှတ်တွေကို အမြန်ချောပို့စနစ်နဲ့ ပို့ပေးလိုက်တာ ဖြစ်ပါတယ်”
ref;moemaka
မန်မာနိုင်ငံဆရာဝန်အသင်း (MMA) နှင့် အမေရိကန်ရှိ University of Washington တို့၏ အစီအစဉ်ဖြင့် ပထမဆုံးအကြိမ် အွန်လိုင်းမှပို့ချသည့်   HIV ဆိုင်ရာ သင်တန်း စာမေးပွဲအောင်မြင်သူ ၆၉ ဦးကို သောကြာနေ့က သင်တန်းဆင်းလက်မှတ် ပေးအပ်ခဲ့သည်။

- See more at: http://moemaka.com/archives/37591#sthash.wwxsaHhV.dpuf

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment