အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာလ ထဲမှာ စင်ကာပူနိုင်ငံကို သွားဖို့ ရှိပါတယ်။စင်ကာပူနိုင်ငံမှာ လာမယ့် စက်တင်ဘာလ ၂၀ ရက်နေ့မှာ စတင် ကျင်းပမယ့် The Singapore Summit 2013 အစည်းအဝေးကို တက်ရောက်ဖို့ သွားမှာဖြစ်ပါတယ်။
အဆိုပါ အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့ အသွင်ကူးပြောင်းရေး (Myanmar in Transition ) ခေါင်း စဉ် နဲ့ စက်တင်ဘာလ ၂၁ ရက်နေ့မှာ ဆွေးနွေးသွားဖို့ ရှိတယ်လို့ The Singapore Summit ရဲ့ တရားဝင် အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။Singapore Summit ထိပ်သီး အစည်းအဝေးပွဲကို ရှန်ဂရီလာ ဟော်တယ်၊ Island Ballroom ခန်းမမှာ ကျင်းပမှာ ဖြစ်ပြီး အစည်းအဝေးမှာ ပညာရှင်တွေ၊ အစိုးရ အကြီးအကဲတချို့နဲ့ နယ်ပယ်အသီးသီးက ထိပ်တန်း ပုဂ္ဂိုလ်တွေက အာရှ အရေး၊ ကမ္ဘာ့အရေး နယ်ပယ်ပေါင်းစုံက အကြောင်းတွေကို ဆွေးနွေး ကြမှာဖြစ်ပါတယ်။
ref;The Irrawaddy's blog







0 comments:
Post a Comment