Subscribe For Free Updates!

We'll not spam mate! We promise.

Saturday, August 31, 2013

ဘရစ်တနီစပီးယား "top secret" တေးသီချင်းခွေအတွက် အသံပိုင်းဆိုင်ရာ နည်းပြတစ်ဦးကို ငှားရမ်း

 ကမ္ဘာကျော် အဆိုတော် ဘရစ်တနီစပီးယားသည် "top secret" တေးသီချင်းခွေအတွက် အသံပိုင်းဆိုင်ရာ နည်းပြတစ်ဦးကို ငှားရမ်းခဲ့ကြောင်း သိရသည်။

ဘရစ်တနီသည် "top secret" တေးသီချင်းခွေနှင့်စပ်လျဉ်း၍ အသံသွင်းမှု ပြုလုပ်နေမှုများကို မကြာသေးမီက ပရိသတ်များအား အရိပ်အမြွက်ပြောကြားခဲ့သည်။ ဘရစ်တနီသည် အသံပိုင်းဆိုင်ရာ နည်းပြနှင့် အသံ သွင်းမှုများ လုပ်ဆောင်လျက်ရှိပြီး ပုံမှန်ပြုလုပ် နေကျပွဲများကိုလည်း လုပ်ဆောင် သွားမည် ဖြစ်ကြောင်းနှင့် အခွေ မထွက်ရှိမီ ကြိုတင်ပြင်ဆင်မှုများ အနေဖြင့် သူမ၏ အကပညာရှင်နှင့်လည်း အကသင်ယူမှုများကို လုပ်ဆောင်လျက် ရှိကြောင်း အနုပညာ သတင်းအရင်းအမြစ်တစ်ခုက ပြောကြားခဲ့သည်။

ဘရစ်တနီသည် သူမ၏ တေးသီချင်းခွေအတွက် ဒန်ဂျာ၊ ဝီလီယံအောဘစ်၊ နတ်တီဘွိုင်း၊ ဆီအာတို့နှင့် လုပ်ဆောင်လျက်ရှိပြီး တေးသီချင်းခွေကို လာမည့်နှစ်တွင် စောနိုင်သမျှ စောစွာထွက် ရှိနိုင်အောင် လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။ "topsecret" တေးသီချင်း အယ်လ်ဘမ်သည် ဘရစ်တနီ၏ ရှစ်ကြိမ်မြောက် တေးသီချင်း အယ်လ်ဘမ် ဖြစ်ကြောင်း သိရသည်။
ref;MWD BLOG

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment