Subscribe For Free Updates!

We'll not spam mate! We promise.

Saturday, August 31, 2013

ဝေဟင်မှ ရဟတ်ယာဉ်ဖြင့် ငွေစက္ကူများ ကြဲချခဲ့


အမေရိကန်နိုင်ငံ ဒီလာဝဲပြည်နယ် လီဝီစ်ဆိပ်ကမ်းမြို့လေးတွင် သြဂုတ်လ၁၈ ရက်နေ့က ရဟတ်ယာဉ် တစ်စင်း ပျံဝဲရောက်ရှိလာပြီး ဝေဟင်ပေါ်မှ ငွေစက္ကူများ ကြဲချခဲ့သည်။ ဒေသစံတော်ချိန် ညနေ ၃း၀၀ နာရီခန့်တွင် ကြဲချခဲ့ခြင်း ဖြစ်ပြီး မြို့သူမြို့သားများသည် ထိုငွေစက္ကူများကို ပျော်ပျော်ရွှင်ရွင် လိုက်လံ ကောက်ယူခဲ့ကြသည်။ ထိုသို့ ငွေစက္ကူများ ကြဲချရန်အတွက် ယင်းမြို့လေးသို့ ပြင်ပမှ အလည် ရောက်ရှိလာခဲ့ပြီးနောက် ပြီးခဲ့သည့် တစ်နှစ်ခန့်က ဆုံးပါးသွားခဲ့သော လီယိုနက်မူလ်ဆိုသူက ၎င်းမသေဆုံးမီ မှာကြားချက်အရ ဘေးလ်ဘယ်ရီဆိုသူက ကြဲချပေးခဲ့ခြင်း ဖြစ်သည်။ ထိုငွေစက္ကူများ ကြဲချရန် မြို့ကောင်စီ အဖွဲ့ဝင် လူကြီးများကို ကြိုတင် အသိပေးခဲ့ပြီးနောက် မြို့ကောင်းကင်တွင် ငါးမိနစ်ကြာ လှည့်ပတ်ခဲ့ပြီးနောက် ယင်းသို့ ကြဲချခဲ့ခြင်း ဖြစ်သည်။ လီဝီစ်မြို့လုံခြုံရေး တာဝန်ရှိသူများက ငွေစက္ကူ လိုက်လံ ကောက်ယူသူများ အချင်းချင်း ခိုက်ရန် ဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် လိုက်လံ စောင့်ကြည့်မှုမျိုးများ ပြုလုပ်ပေးခဲ့သော်လည်း ၎င်းတို့သည် ခိုက်ရန် ဖြစ်ပွားခဲ့ခြင်း မရှိဘဲ ငွေစက္ကူများ ကောက်ယူရင်း လူနှစ်ဦး အနည်းငယ်သာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
credit;SMG

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment