Subscribe For Free Updates!

We'll not spam mate! We promise.

Monday, August 12, 2013

Samsung စမတ်လက်ပတ်နာရီ တီထွင်နေပြီဟုဆို

 စက်တင်ဘာလ (၄)ရက်နေ့တွင် ပြုလုပ်မည့် Samsung Unpacked Eventတွင် ယင်းနာရီကို မိတ်ဆက်လာမည်ဟု ခန့်မှန်း သတင်းများ ကျယ်ပြန့်နေ

နည်းပညာ ဝက်ဘ်ဆိုက်များထံ သတင်းပေါက်ကြားလာသည့် မူပိုင်ခွင့်လျှောက်လွှာ မှတ်တမ်း တစ်ခုအရ Samsung ကုမ္ပဏီသည် ကိုယ်ပိုင် စမတ်လက်ပတ်နာရီ (Smart Watch) တစ်ခုကို တီထွင်ဖန်တီးနေပြီဖြစ်ကြောင်း ဖော်ထုတ် သိရှိလာခဲ့သည်။ တောင်ကိုရီးယား နည်းပညာ လုပ်ငန်းစုကြီးသည် အဆိုပါ စမတ်နာရီအတွက် အလုံးစုံ တီထွင်ပြီးမြောက်ပြီး ဖြစ်သည်ဟု ယူဆနိုင်ပြီး ယင်းအတွက် မူပိုင်ခွင့်ပါ လျှောက်ထားခဲ့ခြင်းဟု သတင်းများက ဆိုသည်။ ထို့အပြင် လျှောက်လွှာမှတ်တမ်း စာရွက်ပါ ဖော်ပြချက်အရ ယင်းစမတ်နာရီကို Samsungက Samsung Gearဟု အမည်ပေးထားကြောင်းလည်း သိရှိရသည်။ အမေရိကန်သို့ တင်ပို့ရောင်းချရန်အတွက် အမေရိကန်တွင် လျှောက်ထားခဲ့သော မူပိုင်ခွင့် ဖြည့်စွက်လွှာမှာ ယခုလို ပေါက်ကြားခဲ့ခြင်းဟု ဆိုသည်။ Samsungသည် မိမိတို့ အနေဖြင့် စမတ်နာရီ ဈေးကွက်ထဲ ဝင်ရောက်လာမည်ဟု မည်သည့်အခါကမျှ အတည်မပြုခဲ့သေးချေ။

သို့သော်လည်း စက်တင်ဘာလ (၄)ရက်နေ့တွင် ပြုလုပ်မည့် Samsung Unpacked Eventတွင် ယင်းနာရီကို မိတ်ဆက်လာမည်ဟု ခန့်မှန်း သတင်းများ ကျယ်ပြန့်နေသည်။ နယ်သာလန်မှ Samsung ထုတ်ကုန်များကို နှစ်သက်သူများ စုဖွဲ့ထားသည့် Galaxy Clubက Samsung Gear၏ သတင်းကို စတင် ခြေရာခံလာနိုင်ခဲ့သည်။ ၎င်းတို့က လက်တွင်ပတ်နိုင်သည့် ကိရိယာငယ် တစ်ခုသဖွယ် ဖန်တီးမည့် Samsung Gearသည် အင်တာနက် ချိတ်ဆက်နိုင်မည်ဖြစ်ပြီး ဖုန်းခေါ်ဆိုမှုများ ပြုလုပ်နိုင်ဖွယ် ရှိနေကြောင်း သုံးသပ်ထားသည်။

Samsung Gear၏ အသေးစိတ် အချက်အလက်များကိုမူ ကြိုတင် မှန်းဆနိုင်ခြင်း မရှိသေးချေ။ သို့သော်လည်း Samsungထုတ်ကုန် စမတ်ဖုန်းများ၊ ကွန်ပျူတာများနှင့် ချိတ်ဆက်ရန်၊ ကိုယ်ရေး အချက်အလက်များအတွက် စီမံခန့်ခွဲရန်၊ ခြေရာခံရန်စသည့် လုပ်ငန်းများအတွက် အသုံးဝင်စေမည်ဟု ယူဆထားသည်။ မူလက အဆိုပါ စမတ်နာရီ၏ အမည်ကို Galaxy Gearဟု သတ်မှတ်မည်ဟု သတင်းသဲ့သဲ့ ထွက်ပေါ်ခဲ့သော်လည်း ယခုလျှောက်လွှာအရ Samsung Gaerဟုသာ အမည်ပေးမည်ဟု ဖော်ထုတ်နိုင်ခဲ့သည်။

ဂျပန်ကုမ္ပဏီ Sonyသည် ဇွန်လက SmartWatch 2 အမည်ရှိ စမတ်နာရီကို မိတ်ဆက်ခဲ့သော်လည်း ယင်းသည် ဖုန်းခေါ်ဆိုမှု မပြုလုပ်နိုင်ဘဲ မိမိ၏ဖုန်းကို အဝေးထိန်း ကိရိယာ တစ်ခုသဖွယ် ချိတ်ဆက် ခိုင်းစေရန် အတွက်သာ စွမ်းဆောင်နိုင်မည် ဖြစ်သည်။ SmartWatch 2သည် Android OS အသုံးပြုထားသည့် ဖုန်းအားလုံးကို ချိတ်ဆက်နိုင်ပြီး ဖုန်းအတွင်းမှ အချက်အလက်များကို Syncပြုလုပ် မှတ်သားပြီး နာရီScreenပေါ်တွင် Notification ပြသခြင်းကဲ့သို့ လုပ်ဆောင်မှုမျိုးဖြင့် ဝတ်ဆင်သူကို သတိပေး ထောက်ကူစေကြောင်း သိရှိရသည်။

Planet.com.mm

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment