Subscribe For Free Updates!

We'll not spam mate! We promise.

Monday, August 12, 2013

ပုံနှိပ်ထုတ်ဝေခြင်း ဥပဒေမူကြမ်းအပေါ် ပြန်ကြားရေးဝန်ကြီး အကောင်းမြင်

 Monday, August 12, 2013
ပြန်ကြားရေးဝန်ကြီးဌာနက လွှတ်တော်မှာ တင်သွင်းထားတဲ့ ပုံနှိပ်ထုတ်ဝေခြင်း ဥပဒေမူကြမ်းဟာ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) အတွက် အထောက်အကူပြုတဲ့ ဥပဒေဖြစ်လိမ့်မယ်လို့ ယူဆကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ကြည်က ဒီနေ့ ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ Park Royal ဟိုတယ်မှာကျင်းပတဲ့ စာနယ်ဇင်းကောင်စီ (ယာယီ) နဲ့ ဝန်ကြီး ဦးအောင်ကြည်တို့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီး ဦးအောင်ကြည်က အခုလိုပြောလိုက်တာဖြစ်ပါတယ်။

"အမှန်အတိုင်း ကျနော်တို့ရဲ့ လိုလားချက်ကို ဖြေရမယ်ဆိုလို့ရှိရင် ဒီဥပဒေဟာ စာနယ်ဇင်းကောင်စီအတွက် အထောက်အကူတဲ့ ဥပဒေလို့ ဖြေချင်ပါတယ်၊ ဒီဥပဒေသာ ပြဌာန်းပေးမယ်ဆိုလို့ရှိရင် စာနယ်ဇင်းကောင်စီကသွားချင်တဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ ထိန်းကျောင်းမှုကို များစွာအထောက်အကူပြုစေလိမ့်မယ်လို့ ယုံကြည်ပါတယ်"

အဲဒီသတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦးက အစိုးရပြန်ကြားရေး ဝန်ကြီးဌာနနဲ့ စာနယ်ဇင်းကောင်စီ (ယာယီ) တို့အကြား မီဒီယာလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး သဘောထား မတူညီမှုတွေကို မေးမြန်းရာမှာ ဝန်ကြီး ဦးအောင်ကြည်က ဖြေကြားခဲ့တာပါ။

ပြန်ကြားရေးဝန်ကြီးဌာနက လွှတ်တော်မှာတင်သွင်းထားတဲ့ ပုံနှိပ်ထုတ်ဝေခြင်း ဥပဒေမူကြမ်းကို စာနယ်ဇင်းကောင်စီ (ယာယီ)က ပြန်လည်သုံးသပ်ပေးဖို့ လောလောဆယ်မှာ တင်ပြထားသလို၊ စာနယ်ဇင်းကောင်စီ (ယာယီ) ကလည်း သူတို့ ရေးဆွဲထားတဲ့ မီဒီယာဥပဒေမူကြမ်းကို လွှတ်တော်မှာတင်သွင်းဖို့ ကြိုးပမ်းနေပါတယ်။

ဒီနေ့ သတင်းစာရှင်းလင်းပွဲမတိုင်ခင် နှစ်ဘက်တံခါးပိတ်ဆွေးနွေးခဲ့ကြပြီး သတင်းစာရှင်းလင်းပွဲလုပ်တဲ့အခါမှာ စာနယ်ဇင်းကောင်စီ (ယာယီ) ဘက်ကတော့ ရှင်းပြပြောဆိုခြင်း မရှိခဲ့ပါဘူး။

RFA Burmese

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment