Subscribe For Free Updates!

We'll not spam mate! We promise.

Monday, August 26, 2013

Ooredoo က တယ်လီနော် ကုမ္ပဏီထက် နှစ်လစော၍ ဆင်းမ်ကတ်များ စတင်ရောင်းချမည်ဟု သိရ


မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးတင်ဒါ အောင်မြင်ထားသည့် ကုမ္ပဏီနှစ်ခုဖြစ်သည့် Ooredoo ကုမ္ပဏီနှင့် တယ်လီနော် ကုမ္ပဏီတို့တွင် Ooredoo က လိုင်စင်ရရှိ အပြီး ၆ လ အတွင်း မြို့ကြီးများတွင် ဖုန်းဆင်းမ်ကတ်များ စတင် ရောင်းချမည်ဟု သိရပြီး တယ်လီနော်က လိုင်စင်ရအပြီး ၈ လ အတွင်း ဆင်းမ်ကတ်များ ရောင်းချနိုင်မည် ဆိုထားသဖြင့် Ooredoo ဆင်းမ်ကတ်များကို နှစ်လစော၍ စတင်သုံးစွဲ နိုင်မည်ဖြစ်သည်။ ”ကျွန်တော်တို့က ဆင်းမ်ကတ် စရောင်းတာနဲ့ 3G ဆင်းမ်ကတ်ကို စရောင်းမှာ ဖြစ်ပါတယ်။ မြို့ကြီးတွေမှာ စတင်ရောင်းချမှာဖြစ်ပြီး သိပ်မကြာခင် ကာလအတွင်းမှာ နယ်တွေမှာလည်း ဆင်းမ်ကတ်တွေ သုံးနိုင်အောင် လုပ်မှာဖြစ်ပါတယ်” ဟု အဆိုပါကုမ္ပဏီ မှ မီဒီယာတာဝန်ခံ ကိုစိုးသူရက ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် ဆက်သွယ်ရေး ဥပဒေ ရေးဆွဲနေဆဲဖြစ်ပြီး အဆိုပါဥပဒေ ထွက်ရှိပြီး မကြာခင်တွင် နိုင်ငံခြားကုမ္ပဏီ များအတွက် ဆက်သွယ်ရေး လိုင်စင်ကို ချထားပေးဖွယ်ရှိသည်ဟု သိရသည်။ တယ်လီနော် ကုမ္ပဏီက လက်ရှိအချိန် တွင် ၀န်ထမ်းခေါ်ယူမှုများကို စတင်ပြုလုပ် နေပြီဖြစ်သည်။ တယ်လီနော်က ၎င်းတို့၏ ဆင်းမ်ကတ်များ စတင်ရောင်းချချိန်တွင် ငွေကျပ် ၁၅၀၀ ထက်နည်းသော ငွေကြေးဖြင့် ရောင်းချသွားမည်ဖြစ်ပြီး အင်တာနက်လိုင်းပါ တစ်ပါတည်း ပါရှိမည်ဖြစ်ကာ တစ်မိနစ်လျှင် ဖုန်းခေါ်ဆိုခ ၂၅ ကျပ်နှုန်း သတ်မှတ်သွားမည်ဟု သိရသည်။ Ooredoo ကုမ္ပဏီက 3G ဖုန်းဆင်းမ်ကတ်များကို ငွေကျပ် ၁၅၀၀ ကျပ်ဖြင့် စတင်ရောင်းချ သွားမည်ဖြစ်ပြီး တစ်မိနစ်လျှင် ဖုန်းခေါ်ဆိုခ ၃၅ ကျပ်မှ ၄၀ ကျပ်အတွင်း သတ်မှတ်သွားမည်ဟု ဆိုသည်။
 Eleven Media Group

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment