Subscribe For Free Updates!

We'll not spam mate! We promise.

Monday, August 26, 2013

အင်တာနက်မှ ထာဝရပျောက်ကွယ်ချင်သူတွေအတွက်


အင်တာနက်ဟာ ကောင်းကျိုးတွေများသလို ဆိုးကျိုးတွေလဲရှိပါတယ်.။ အင်တာနက်ကို သုံးခြင်းအားဖြင့် ဗဟုသုတတွေရတယ်၊ လိုချင်တာတွေရှာနိုင်တယ်၊ ဈေးဝယ်နိုင်တယ်၊ ရည်းစားတွေသူငယ်ချင်းတွေရနိုင်တယ်၊ ကောင်းကျိုးတွေကတော့ ပြောမကုန်ပါဘူး.။ ဒါပေမယ့် Privacy ထိခိုက်တာတွေ၊ အင်တာနက်ကနေ ပိုက်ဆံလိမ်လည်ခံရတာတွေ၊ ရာဇဝတ်မှုကျူးလွန်ခံရတာတွေ အစရှိသဖြင့် ဆိုးကျိုးတွေကလဲ အများကြီးပါ.။ တကယ်လို့ သင့်အနေနဲ့ အင်တာနက်ကြောင့် စိတ်ညစ်စရာတွေ ရှိလာခဲ့လို့ အင်တာနက်ပေါ်က ထာဝရပျောက်ကွယ်သွားချင်တယ်ဆိုရင် ကိုယ့်ရဲ့ Identity ကိုဖျက်ဖို့ ခက်ခဲမှာအမှန်ပါပဲ.။ သင်သုံးခဲ့ဖူးတဲ့ ဆိုက်ဒ်တွေမှာ တစ်ခုချင်းဆီ လိုက်ပြီး ဖျက်ရမယ်၊ အကောင့်တွေရှင်းရမယ်၊ ကိုယ့်အချက်အလက်တွေအကုန်မကျန်အောင်လုပ်ရမယ့်အလုပ်ဟာ အတော်လေးခေါင်းစားမှာပါ.။ အဲဒီအတွက် Website တစ်ခုရှိနေပြီဖြစ်ပါတယ်.။ UK မှ Developer တစ်ယောက်ဖြစ်တဲ့ Robb Lewis ဟာ အဲဒီလို ကိုယ့်ကိုကိုယ် အင်တာနက်ကနေ Delete လုပ်ချင်တဲ့သူများအတွက် Website တစ်ခုတည်ထောင်ခဲ့ပါတယ်.။ ဆိုက်ဒ်ပေါင်းစုံကနေပြီး ကိုယ့်ကိုယ်ကိုယ် Delete လုပ်နိုင်မယ့် လင့်ခ်တွေကို စုစည်းပေးထားတာဖြစ်ပါတယ်.။ ဆိုက်ဒ်လိပ်စာကတော့..justdelete.me  ဖြစ်ပါတယ်.။
credit;hardwarezone

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment